How did the third wave of Covid start?

Covid တတိယလှိုင်းဘယ်လိုစလာနိုင်လဲ

ကျွန်တော်တို့တွေ covid19နဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ အပါအဝင် ဒီဝေဒနာကို တွန်းလှန်ဖို့ကာကွယ်ဖို့နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေကြပါတယ် ဒီဝေဒနာစတင်ဖြစ်ပွားချိန်ကစပြီး လူအစုလိုက်အပြုံလိုက်ဖြစ်လာမှုကိုတားဆီးနိုင်ဖို့ကိုလည်း contact personရှာဖွေရတာတွေ ရောဂါဖြစ်ပွားသူရဲ့ ဇစ်မြစ်ကိုလိုက်ကြည့်ရတာမျိုးတွေနဲ့ လုပ်ဆောင်ခဲ့ရပါတယ် အစုလိုက်အပြုံလိုက်ကူးစက်လိုက်ပြန်ငြိမ်လိုက် ပြန်ကူးစက်လိုက်နဲ့ အခုဆိုမြန်မာပြည်မှာလည်း တတိယလှိုင်း အန္တရာယ်ကို သတိထားစောင့်ကြည့်နေရတာဖြစ်ပါတယ် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာတော့ ဖြစ်ပွားသူ ၁၅သန်းကျော်ခဲ့ပြီဖြစ်ပြီး သေဆုံးသူတွေလည်း ၂သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ပွားလာတာဟာ တတိယလှိုင်း ပြန်လည်ရိုက်ခတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ အိန္ဒိယမှာကာကွယ်ဆေးတွေကိုထိုးနှံဖို့ ကြိုးစားလုပ်ဆောင်နေပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇပြောင်းလဲမှု အနေနဲ့ ကူးစက်မှုက ရဝရာခိုင်နှုန်းအထိမိုမိုမြန်ဆန်လာတဲ့ UK Varant (B.1.1.7) တွေ့ရှိလာတာကြောင့်အပြင် ကာကွယ်ဆေးများရဲ့ စွမ်းဆောင်နိုင်ရည်ကလည်းလျော့ကျလာတာတွေရှိလို့နေပါတယ်။

ကာကွယ်ဆေးထိန်းသိမ်းပုံအဆင့်ဆင့်မကောင်းမွန်တာတွေကြောင့် ထိရောက်မှုအားနည်းတာ ဓာတ်လျော့သွားတာမျိုးတွေပေါ်လာပါတယ။် အကြောင်းအမျိုးမျိုးကြောင့်လူစုလူဝေးတွေများလာတာ၊ ရောဂါဖြစ်ပွားတဲ့နိုင်ငံကနေပြန်လည်ဝင်ရောက်လာတာ၊ ဒီဝေဒနာကို ပေါ့ပေါ့ဆဆသဘောထားလာပြီး လိုက်နာဆောင်ရွက်မှုအားနည်းလာတာ ကာကွယ်ဆေးထိုးသူတွေရဲ့ ကာကွယ်ရေးနည်းလမ်း တွေကြပ်မတ်မှုတွေအားလျော့လာတာက ဒီဝေဒနာအတွက်တတိယလှိုင်းကို ထပ်မံပေါ်ပေါက်စေတာ ဖြစ်ပါတယ။် အခုချိန်ထိပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမရှိသေးတာကြောင့် တလှိုင်းပြီးတလှိုင်းက လူတွေကြားထဲကိုပျံ့နှံ့နေဦးမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ လူသားတွေရဲ့ကိုယ်ခံစွမ်းအားကို တိုက်ခိုက်နိုင်တဲ့ဒီဝေဒနာကြောင့်ကမ္ဘာမှာသေဆုံးသူဦးရေကလည်းနေ့စဉ်တိုးလို့လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာပထမလှိုင်းကာလက ၂၀၂၀ မတ်လကုန်ကစတင်ခဲ့တာပါ။ ပြည်ပပြန်လာသူတွေကနေ ပါလာတာဖြစ်ပြီးတဆတဆများလာပေမယ့်လည်းထိန်းချုပ်နိုင်ခဲ့တဲ့အခြေအနေမှာရှိခဲ့ပါတယ်။ ဒုတိယလှိုင်း ပေါ်လာ ချိန်ကတော့ ၂၀၂၀ စက်တင်ဘာလလောက်မှာဖြစ်ပါတယ် ပြည်တွင်းခရီးသွားတွေဆီက ကူးစက်တာတွေ ပြည်ပကတရားမဝင်ပြန်လည်ဝင်ရောက်လာသူတွေဆီကနေပါလာတာမျိုးနဲ့ အစုလိုက်ထပ်မံဖြစ်ပေါ်ခဲ့ပါတယ။် အခုဆိုရင်တော့ ဒုတိယလှိုင်းလည်းပြန်ငြိမ်သွားပေမယ့်လည်း အိမ်နီးချင်းနိုင်ငံတွေမှာတတိယလှိုင်းဒဏ်ကိုခံနေရတဲ့အပြင် မျိုးရိုးဗီဖပြောင်းလဲလာတဲ့မိုးစိတ်သစ်ကြောင့် ထပ်မံဖြစ်ပေါ်လာဦးမလားဆိုတာက စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ lock down ချတာတွေ stay at home အမိန့်ထုတ်ပြန်တာတွေအပြင် အခမ်းအနားပွဲလမ်းသဘင်တွေကို ပိတ်ပင်တာတွေနဲ့ပြန်လည်ပြီးလုပ်ဆောင်နေရပြီဖြစ်ပါတယ်။ နိုင်ငံတကာမှာ တတိယလှိုင်း ပြန်လည်ဝင်ရောက်ခဲ့တာကလည်း အဲ့ဒီလို တွေ့ဆုံပွဲတွေကနေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာလည်းမဖြစ်ခင်ကဆင်ခြင်ကြတာ အကောင်းဆုံးလို့ဆိုချင်ပါတယ်။

အခုဆိုစားသောက်ဆိုင်တွေပြန်ဖွင့်လာတာနဲ့အတူ စည်းကမ်းထိန်းသိမ်းမှုကိုပါတိုးမြှင့်ထားကြဖို့လိုပါတယ်။

မလိုအပ်ဘဲလူမစုဖို့လိုပါတယ် ရင်းနှီးသူတွေနဲ့သွားလာတာမှာလည်း covidစည်းကမ်း သတ်မှတ်ချက်တွေကိုလိုက်နာပြီးသွားကြဖို့လိုပါတယ် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံနိုင်ခဲ့ရင်တောင် ပြောင်းလဲနေတဲ့မျိုးရိုးဗီဇရဲ့ပြင်းထန်မှုကို မသိနိုင်သေးတာမို့ ဘာမှစိတ်ချလို့ရတဲ့အခြေအနေတစ်ခုလို့ မဆိုနိုင်ပါဘူး။  ဒါကြောင့် အဓိကကတစ်ဦးချင်းစည်းကမ်းရှိဖို့ ပုံမှန်လိုက်နာသင့်တဲ့ Maskတပ်ဖို့ လက်ဆေးဖို့စတဲ့အခြေခံအချက်လေးတွေကို ပစ်ပယ်မထားကြဖို့အထူးပဲတိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာနိုင်းဆေး(၁)

Related posts
အထွေထွေရောဂါများအရေပြားရောဂါများ

သဲဝဲစားခြင်း ဆိုတာ

1 Mins read
သဲဝဲစားခြင်း ကို ခြေထောက်ပွေးစွဲခြင်းလို့လည်းခေါ်ပါတယ်။ ‌ခြေခုံ၊ခြေချောင်းကြားတွေမှာအများဆုံးဖြစ်တတ်တဲ့ အရေပြားမှိုစွဲခြင်းရောဂါတစ်မျိုးပါ။ သဲဝဲစားခြင်းဟာ ကူးစက်တတ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ပူနွေးပြီးစိုထိုင်းဆမြင့်တဲ့ အများသုံးရေကူးကန်၊ ရေချိုးခန်း နှင့် လော်ကာခန်းများမှာ ခြေဗလာသွားမိရင်တောင်ကူးစက်တတ်ပါတယ်။ သဲဝဲစားနေကြောင်းသိနိုင်တဲ့အချက်တွေကတော့… (၁)ခြေချောင်းလေးများကြား ယားခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း နှင့် ပူစပ်ပူလောင်ဖြစ်ခြင်း (၂)ခြေ‌ဖဝါး၊ ခြေချောင်းလေးများကြား…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အသဲကွဲခြင်း ရဲ့ ကျန်းမာရေးဆိုးကျိုးများ

1 Mins read
အသဲကွဲခြင်း ကြုံရတဲ့အခါ ကမ္ဘာကြီးအဆုံးသတ်သွားသလို ခံစားချက်မျိုး ခံစားရတယ်ဆိုတာကို အသဲကွဲဖူးသူတိုင်း သိကြ ပါတယ်။ အသဲကွဲလို့ ခံစားရတဲ့ နာကျင်မှုဟာ ဖော်မပြနိုင်လောက်အောင် မချိမဆံ့ခံရတဲ့ဝေဒနာဖြစ်ပြီး ဘယ်အရာ ကိုမှ အာရုံစူးစိုက်လို့မရနိုင်တော့လောက်တဲ့ထိကို ခံစားရတတ်ကြပါတယ်။ လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းများကို တွေ့ကြုံခံစားရခြင်းဟာ ခန္ဓာကိုယ်ကိုပါ…
စိတ်ကျန်းမာရေးဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများ

သူငယ်ပြန်ခြင်း (သို့) အယ်လ်ဇိုင်းမားရောဂါ ( Alzymer's Diseases )

1 Mins read
အရပ်အခေါ်အရ သူငယ်ပြန်ခြင်း ရောဂါလို့လူသိများတဲ့ အယ်လ်ဇိုင်းမားရောဂါဆိုတာ… ပြင်းထန်တဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ သူငယ်ပြန်ခြင်း ကိုဖြစ်စေတဲ့ ရောဂါအမျိုးအစားတွေထဲက အဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အတွေးအခေါ်၊အမူအကျင့်နှင့် အသိအမြင်ဆိုင်ရာလုပ်ဆောင်ချက်များကိုယို့ယွင်းခြင်းကိုဖြစ်စေတဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းများကို အတိအကျရှာဖွေတွေ့ရှိမှုမရှိသေးသော်လည်း ၊ မျိုးရိုးဗီဇ ၊…