How can you prevent the seams from opening?
အခြားရောဂါများအထွေထွေရောဂါများ

How can you prevent the seams from opening?

1 Mins read

ချုပ်ရိုးတွေ မပွင့်အောင် ဘယ်လိုစနစ်တကျ ဂရုစိုက်မလဲ

            အခုနောက်ပိုင်းမှာ ချုပ်ရိုးကွဲတာတွေ အရမ်းများလာကြတယ်၊ ကလေးမွေးပြီး ချုပ်ရိုးကွဲတယ်၊ အနာမကျက်ဘူး၊ အူအတက်ပေါက်ပြီး ချုပ်ရိုးကွဲတယ် အများကြီးပဲ။ ဒါဘာကြောင့်လဲ၊ ချုပ်တာခြင်းအတူတူ တခြားလူကျတော့ အဆင်ပြေပြီး ကိုယ်ကျမှ ဘာလို့ ကွဲရတာလဲ။ အကြောင်းပြချက်တွေကတော့ သင်ရဲ့ ဗိုက်မှာ အဆီပိုတွေများလွန်းနေခြင်း၊ အဝလွန်သူတစ်ယောက်ဖြစ်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ပရိုတင်းဓာတ်မပြည့်ဝခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိုအပ်သည်ထက် ပိုမိုလှုပ်ရှားမိခြင်း၊ အလေးမခြင်း၊ အနာကို သန့်ရှင်းစွာမထားခြင်း စတာတွေကြောင့် ချုပ်ရိုးကွဲတတ်ပါတယ်။ ချုပ်ရိုးကွဲရင် လူနာကိုယ်တိုင်လဲ အရမ်းထိတ်လန့်သွားနိုင်ပြီး ဆရာဝန်အနေနဲ့လဲ လုပ်ကိုင်ရပိုခက်ပါတယ်။ နောက်ပြီး သက်သာသွားရင်တောင် ချုပ်ရိုးကြီးက မလှမပနဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ချုပ်ရိုးတွေ မပွင့်အောင် စနစ်တကျ ဂရုစိုက်နည်းတွေကို သင်ပေးပါမယ်။

ဥပမာ သင်ဟာ ဗိုက်ခွဲပြီး ကလေးမွေးဖွားပြီး ဆေးရုံကနေ အိမ်ပြန်ရောက်ပြီဆိုပါစို့။

(၁) ဘယ်အချိန်မှာ အနာဆေးထည့်ရမလဲ။

            ဆေးရုံမဆင်းခင်ကတည်းက ဆရာဝန်က ဘယ်နေ့ကျရင် အနာဆေးထည့်ပါ (dressing change) လုပ်ပါဆိုပြီး ပြောပါလိမ့်မယ်။ သာမန်အားဖြင့်တော့ ခွဲစိတ်စဉ် ဆရာဝန်တွေကပ်ပေးလိုက်တာက ရက်အတန် ကြာတော့ ခံပါတယ်။ အနာကို ပိုးမဝင်အောင် ဖုံးအုပ်ထားခြင်းက အနာကို အမြန်ကျက်စေပါတယ်။ အကယ်၍သင်ရဲ့အနာဟာ ခြေထောက်လိုမျိုးမှာ ဖြစ်နေပြီး ပတ်တီးစည်းထားရတယ် ဆိုရင်တော့ ပတ်တီးကို နေ့စဉ်လဲလှယ်သင့်ပါတယ်။

(၂) အနာကို ဘယ်လိုဆေးထည့်ရမလဲ။

            အနာရဲ့ ပတ်ဝန်းကျင်ကို ဦးစွာ ပိုးသတ်ထားသော ပတ်တီးစ (သို့) အဝတ်စနဲ့ ဦးစွာ သုတ်ပါ။ ပြီးရင် ဆပ်ပြာရည် (သို့) ပိုးသတ်ဆားရည်ထဲကို ယင်းပတ်တီးစ စိမ်ပြီး အနာပတ်ဝန်းကျင်ကို နူးညံ့စွာ သုတ်သင်ပါ။ လက်သန့်ဆေးရည်များ၊ ပိုးသတ်ဆေးရည်များ၊ အရည်ပျံ၊ ပိုအောက်ဆိုဒ် စာတာတွေနဲ့ အရေပြားပေါ် မသုံးသင့်ပါဘူး။ ဒါတွေဟာ သင့်ရဲ့ အနာပတ်ဝန်းကျင်မှာရှိတဲ့ အရေပြားကို ပျက်စီးစေနိုင်ပြီး အနာကျက်တာကို နှေးစေနိုင်ပါတယ်။

Quels sont les effets sildenafil citrate 100mg secondaires du kamagra 100mg.

Quels sont les nouveaux www.cialispascherfr24.com cialis fabrique en france traitements ED disponibles.

Quels sont les principaux prix du levitra en pharmacie avantages de pure vigorx.

            အနာကိုဆေးတော့မယ်ဆိုရင်တော့ အရင်ဆုံး လက်ကို သန့်စင်အောင်ဆေးပါ။ ထိုနောက် သင်ဆေးထိုးအပ်ထဲမှာ အခုန ပိုးသတ်ဆားရည် (သို့) ဆပ်ပြာအနည်းငယ် ရောထားသော အရည်ကို ဦးစွာ စုပ်ထားပြီး အပ်ခေါင်းဖြုတ်ကာ အနာကို ဆေးလို့ရပါတယ်။ အဲ့လို ဆေးထိုးအပ်နဲ့ ဆေးခြင်းက ပြည်တည်နိုင်တဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီးရင်တော့ ပိုးသတ်ထားသော ပတ်တီးစ (သို့) အဝတ်နဲ့ ခြောက်သွေ့အောင်လုပ်ရပါမယ်။ ပြီးရင်တော့ ဖုံးအုပ်ထားပါ။

(၂) အနာကိုခြောက်သွေ့အောင် ထားဖို့လိုပါသလား။

            သေချာတာတစ်ခုကတော့ ဘယ်လိုအနာပဲဖြစ်ဖြစ် ခွဲစိတ်ပြီး ၂၄ နာရီကြာအောင် လုံးဝင်ရေ မထိရပါဘူး။ ကျန်တာကတော့ ခွဲစိတ်တဲ့အနာပေါ်မူတည်ပြီး ဆရာဝန်က ဘယ်နေ့မှာမှ ရေချိုးဖို့ ပြောပါလိမ့်မယ်။ အဲ့ဒါကိုလဲ အတိအကျလိုက်နာဖို့ လိုပါမယ်။ အနာကို ရေစိုခြင်းက ဒီအနာကို ပွလာစေနိုင်ပြီး ချုပ်ရိုးပြုတ်ထွက်ဖို့ အားပေးပါလိမ့်မယ်။ အနာကို မထိအောင် ရေပတ်တော့ တိုက်လို့ရပါတယ်။ ရေချိုးလို့ရပြီဆိုရင်လဲ အနာပေါ်ကို သန့်ချင်ဇောနဲ့ ဆပ်ပြာတွေနဲ့ ဖိမတိုက်ရပါဘူး။ အနာပေါ်ကို ရေထိမှုသက်သာအောင် သန့်ရှင်းတဲ့ towel လေးနဲ့ ဖုံးထားသင့်ပါတယ်။

(၃) လှုပ်ရှားမှု ပြုလုပ်လို့ရပါသလား။

            သင့်တော်တဲ့ လှုပ်ရှားမှုကို ဆရာဝန်ကို အတိအကျမေးမြန်းပြီး လုပ်လို့ရပါတယ်။ လှုပ်ရှားနိုင်မှုက အနာအကြီးအသေး တစ်ခုနဲ့ တစ်ခု တော့ မတူကြပါဘူး။ သေချာတာတစ်ခုကတော့ ကုန်းတာ၊ ကွတာ၊ အလေးမတာကိုတော့ ခွဲစိတ်ပြီး ၂ လအတွင်း မလုပ်သင့်ပါဘူး။ ဒါဟာ ချုပ်ရိုးကို ဆွဲဖြဲနေသလို ဖြစ်နိုင်ပါတယ်။ သင်ဟာ အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဘယ်လိုခွဲစိတ်မှုပဲဖြစ်ဖြစ် အနည်းဆုံး ခြောက်လ အတွင်း သင့်အလုပ်ကို သင်ပြန်မလုပ်သင့်ပါဘူး။

(၄) အနာကျက်မြန်အောင် ဘာတွေ စားသုံးရမလဲ။

(၁) ပရိုတင်းဓာတ် – ပဲအမျိုးမျိုး၊ အစေ့အဆံများ၊ ကြက်သား နှင့် အသားအမျိုးမျိုး၊ နွားနို့၊ ဥအမျိုးမျိုး

(၂) ဗီတာမင်စီ      –  အချဉ်ဓာတ်ပါသော အသီးအနှံများ၊ သံပုရာသီး၊ ရှောက်သီး၊ ပန်းစိမ်း၊ စတော်ဘယ်ရီ၊

(၃) ဗီတာမင်အေ   – အဝါရောင်ရှိသောအသီးအနှံများ၊ သဘောင်္သီး၊သရက်သီး၊ သခွားမွှေး စသည် တို့ကို စားသုံးခြင်းဖြင့် အနာကျက်တာကို မြန်စေပါတယ်။

(၅) ချုပ်ရိုးမကွဲအောင် ဘာတွေကို ရှောင်ကြဉ်ထိန်းသိမ်းရမလဲ။

            ဆေးလိပ်၊ အရက် စသော ကိုယ်ခံအားကို ကျဆင်းစေနိုင်တဲ့ အပြုအမူများ (ဆေးလိပ်သောက်လျှင် သိသိသာသာ အနာကျက်နှေးပါသည်)၊ စတီးရွိုက်သောက်ဆေးများကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ အခံရှိသူများအနေနဲ့ အချိုဓာတ်ကို သေချာထိန်းမှသာ အနာကျက်မြန်မှာဖြစ်ပါတယ်။ အနာကို နေရောင်ထိခြင်းက အမာရွတ်ကို မည်းသွားစေနိုင်ပြီး ပိုကြည့်ရဆိုးနိုင်တာကြောင့် ခွဲစိတ်ပြီး ၆ လအတွင်း နေရောင် မထိတာက အမာရွတ်ကို ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်စေနိုင်ပါတယ်။

(၆) ဘယ်အချိန်မှာ ဆရာဝန်ကို အကြောင်းကြားမလဲ။

(၁) အနာက ပိုဆိုးလာလျှင်၊ နီမြန်းရောင်ရမ်းလာလျှင်

(၂) သွေးများစိမ့်ထွက်နေခြင်း၊ ပြည့်များထွက်နေခြင်း တွေ့ရလျှင်

(၃) အနံ့ဆိုးလာလျှင်၊ အနာနှင့်ပတ်ဝန်းကျင်တွင် ညိုမည်းစွဲလာပြီး ပြဲလာလျှင်

(၄) ကိုယ်အပူချိန် 100F ကျော်သွားပြီး ၄ နာရီကျော်ကြာ ပြန်မကျလျှင် ဆရာဝန်ဆီ အမြန်ဆုံး သွားပြသင့်ပါတယ်။

Dr.Zaw Htet Aung

( I am your doctor)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…