အာရုံကြောအားနည်းနေမှန်း ဘယ်လိုသိနိုင်မလဲ?
▪လူတစ်ယောက်ကို စက်တစ်လုံးလို မြင်ကြည့်မယ်ဆို အာရုံကြောတွေကိုလည်း လျှပ်စစ်ဝိုင်ယာကြိုးတွေ.. အင်တာနက်ဖိုင်ဘာကြိုးတွေလိုပဲလို့ တင်စားလို့ရပါတယ်။
▪လူတစ်ယောက်ရဲ့ အထိအတွေ့၊ အပူ၊နာကျင်မှု၊ တုန်ခါမှု စတဲ့ အာရုံခံမှု အာရုံသိမှုတွေကစလို့ နှလုံးခုန်နှုန်း..သွေးပေါင်ချိန်မှန်ကန်ဖို့.. တည်တည်ငြိမ်ငြိမ် လှုပ်ရှားသွားလာနိုင်ဖို့အထိကို ဒီအာရုံကြောတွေကနေတစ်ဆင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကြား အပြန်အလှန် သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ပေးရပါတယ်။
▪လူတစ်ယောက် ခြေလက်ထုံကျဉ်တာဖြစ်ရင် အာရုံကြောအားနည်းနေတာလို့ အလွယ်တကူပြောတတ်ကြပေမဲ့ တကယ်တော့ အာရုံကြောအားနည်းခြင်းရဲ့ လက္ခဏာတွေဟာ ထုံတာ ကျဉ်တာထက် အများကြီးပိုပါသေးတယ်။
▪ဦးနှောက်နဲ့ spinial cord ဆိုတဲ့ အာရုံကြောမကြီးကနေ သစ်ပင်အမြစ်တွေလို တစ်ကိုယ်လုံးကို ဖြာဆင်းသွားတဲ့ အာရုံကြောတွေကို အလုပ်အပေါ်မူတည်ပြီး (၃)မျိုးခွဲနိုင်ပါတယ်။
ဒီကွဲပြားမှုအပေါ်မူတည်ပြီး အာရုံကြောအားနည်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေလည်း အမျိုးမျိုးကွဲပြားသွားတာပေါ့။
(၁) Sensory Nerves တွေ အားနည်းလာရင် ဘာလက္ခဏာတွေပြမလဲ ??
ဒီအာရုံကြောတွေရဲ့ အဓိကတာဝန်က အာရုံခံမှု အာရုံသိမှုတွေအတွက်ဖြစ်ပါတယ်။ အထိအတွေ့၊ အပူ၊ အအေး၊ အရသာ၊ နာကျင်မှု၊ တုန်ခါမှု စတာတွေ အားလုံးကို သိရှိခံစားနိုင်စေဖို့ ဒီ Sensory Nerves တွေ မချို့ယွင်းဖို့ လိုပါတယ်။ ဒီအာရုံကြောတွေ အားနည်းတာက ပိုအဖြစ်များသလို လူသိများတဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။
အဓိက လက္ခဏာတွေကတော့
– ထုံ/ကျဉ် တာတွေ ဖြစ်လာမယ်။ ခြေဖျားလက်ဖျားတွေကနေ စထုံကျဉ်လာတတ်ပြီး တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းတွေကိုပါ ပြန့်လာတတ်တယ်။
-အပ်နဲ့ ထိုးသလို မီးစလေး ထိသလို စူးခနဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။ တဆစ်ဆစ်နဲ့ မခံနိုင်အောင် ကိုက်နေတာမျိုးဖြစ်တတ်ပါတယ်။
– ပုံမှန်ထက်ပိုပြီးနာကျင်တာမျိုးဖြစ်တတ်သလို နည်းနည်းထိပေမဲ့ များများသိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
– တည်တည်ငြိမ်ငြိမ် မလှုပ်ရှားနိုင်ဘဲ ယိုင်ထိုးနေတာမျိုး မကြာခဏ ပြုတ်ကျလွယ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
– ခြေထောက်တွေ ထုံပြီး နာကျင်မှုကို သိပ်မသိတာကြောင့် ခလုပ်တိုက်၊ ဆူးစူး စတဲ့ အနာသေးသေးလေးတွေကို သတိမထားမိဘဲ ဖြစ်နေတတ်တယ်။
အထူးသဖြင့် ဆီးချိုရောဂါကြောင့် အာရုံကြောတွေထိခိုက်တဲ့အခါ အနာမကျက်လို့ ခြေထောက်ဖြတ်ရတဲ့ အထိ အန္တရာယ်ကြီးတတ်ပါတယ်။
– နာကျင်မှုကို မခံစားရတဲ့ အတွက် နှလုံးသွေးကြောပိတ်တဲ့ အခြေအနေမျိုးမှာတောင် ရင်ဘတ်ထူူးထူးခြားခြား မအောင့်ဘဲ အသက်အန္တရာယ်ဖြစ်ရတာမျိုးတွေလည်း ရှိပါတယ်။
(၂) Motor Nerves တွေ အားနည်းလာရင် ဘာလက္ခဏာတွေပြမလဲ ??
ဒီအာရုံကြောတွေကတော့ ခန္ဓာကိုယ်ရဲ့ ကြွက်သားလှုပ်ရှားမှုတွေကို အဓိက ထိန်းချုပ်ရပါတယ်။ ဒီတော့ ဒီ motor nerves တွေ အားနည်းလာတဲ့အခါ ခြေလက် လေးလံတာတွေ.. သွားလာလှုပ်ရှားရ ခက်ခဲလာတာတွေ.. ချိနဲ့လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) Autonomic Nerves တွေ အားနည်းလာရင် ဘာလက္ခဏာတွေပြမလဲ ??
ဒီအာရုံကြောတွေကတော့ ခန္ဓာကိုယ်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အစာခြေစနစ်၊ ဆီးအိမ် စတာတွေကို ထိန်းညှိပေးတဲ့ အလုပ် လုပ်ရပါတယ်။ ဒီအာရုံကြောတွေထိခိုက်လာရင် ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေကို ပိုထိခိုက်မယ်လို့လည်း ဆိုနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့
– သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်တတ်ပြီး မကြာခဏ ခေါင်းမူး ခေါင်းမကြည်တာ ဖြစ်တတ်ပါတယ်။
– အပူဒဏ်မခံနိုင်တာ..ချွေးအရမ်းထွက်တာ ဖြစ်တတ်သလို ချွေးလုံးဝမထွက်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
– ဆီးဝမ်းမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပြီး အစာကြေဖို့မလွယ်တာ ဝမ်းချုပ်တာစတဲ့ ပြဿနာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ကိုယ့်ကိုယ်ကို အာရုံကြော အားနည်းနေပြီထင်ရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပြီး စောစောစီးစီး ကုသမှု ခံယူဖို့လိုသလို ဘာကြောင့် အာရုံကြောအားနည်းတယ်ဆိုတာကိုလည်း အဖြေရှာဖို့ လိုပါလိမ့်မယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(25.6.19)
?အာရံုေၾကာအားနည္းေနမွန္း ဘယ္လိုသိႏိုင္မလဲ?
▪လူတစ္ေယာက္ကို စက္တစ္လံုးလို ျမင္ၾကည့္မယ္ဆို အာရံုေၾကာေတြကိုလည္း လွ်ပ္စစ္ဝိုင္ယာႀကိဳးေတြ.. အင္တာနက္ဖိုင္ဘာႀကိဳးေတြလိုပဲလို႔ တင္စားလို႔ရပါတယ္။
▪လူတစ္ေယာက္ရဲ႕ အထိအေတြ႕၊ အပူ၊နာက်င္မႈ၊ တုန္ခါမႈ စတဲ့ အာရံုခံမႈ အာရံုသိမႈေတြကစလို႔ ႏွလံုးခုန္ႏႈန္း..ေသြးေပါင္ခ်ိန္မွန္ကန္ဖို႔.. တည္တည္ၿငိမ္ၿငိမ္ လႈပ္႐ွားသြားလာႏိုင္ဖို႔အထိကို ဒီအာရံုေၾကာေတြကေနတစ္ဆင့္ ဦးေႏွာက္နဲ႔ ကိုယ္ခႏၶာ အစိတ္အပိုင္းေတြၾကား အျပန္အလွန္ သတင္းေပးပို႔ ဆက္သြယ္ေဆာင္ရြက္ေပးရပါတယ္။
▪လူတစ္ေယာက္ ေျခလက္ထံုက်ဥ္တာျဖစ္ရင္ အာရံုေၾကာအားနည္းေနတာလို႔ အလြယ္တကူေျပာတတ္ၾကေပမဲ့ တကယ္ေတာ့ အာရံုေၾကာအားနည္းျခင္းရဲ႕ လကၡဏာေတြဟာ ထံုတာ က်ဥ္တာထက္ အမ်ားႀကီးပိုပါေသးတယ္။
▪ဦးေႏွာက္နဲ႔ spinial cord ဆိုတဲ့ အာရံုေၾကာမႀကီးကေန သစ္ပင္အျမစ္ေတြလို တစ္ကိုယ္လံုးကို ျဖာဆင္းသြားတဲ့ အာရံုေၾကာေတြကို အလုပ္အေပၚမူတည္ၿပီး (၃)မ်ိဳးခြဲႏိုင္ပါတယ္။
ဒီကြဲျပားမႈအေပၚမူတည္ၿပီး အာရံုေၾကာအားနည္းရင္ ျဖစ္တတ္တဲ့ လကၡဏာေတြလည္း အမ်ိဳးမ်ိဳးကြဲျပားသြားတာေပါ့။
(၁) Sensory Nerves ေတြ အားနည္းလာရင္ ဘာလကၡဏာေတြျပမလဲ ??
ဒီအာရံုေၾကာေတြရဲ႕ အဓိကတာဝန္က အာရံုခံမႈ အာရံုသိမႈေတြအတြက္ျဖစ္ပါတယ္။ အထိအေတြ႕၊ အပူ၊ အေအး၊ အရသာ၊ နာက်င္မႈ၊ တုန္ခါမႈ စတာေတြ အားလံုးကို သိ႐ွိခံစားႏိုင္ေစဖို႔ ဒီ Sensory Nerves ေတြ မခ်ိဳ႕ယြင္းဖို႔ လိုပါတယ္။ ဒီအာရံုေၾကာေတြ အားနည္းတာက ပိုအျဖစ္မ်ားသလို လူသိမ်ားတဲ့ လကၡဏာေတြလည္း ျဖစ္ပါတယ္။
အဓိက လကၡဏာေတြကေတာ့
– ထံု/က်ဥ္ တာေတြ ျဖစ္လာမယ္။ ေျခဖ်ားလက္ဖ်ားေတြကေန စထံုက်ဥ္လာတတ္ၿပီး တျဖည္းျဖည္းနဲ႔ ခႏၶာကိုယ္ အေပၚပိုင္းေတြကိုပါ ျပန္႔လာတတ္တယ္။
-အပ္နဲ႔ ထိုးသလို မီးစေလး ထိသလို စူးခနဲ ျဖစ္ျဖစ္သြားတတ္ပါတယ္။ တဆစ္ဆစ္နဲ႔ မခံႏိုင္ေအာင္ ကိုက္ေနတာမ်ိဳးျဖစ္တတ္ပါတယ္။
– ပံုမွန္ထက္ပိုၿပီးနာက်င္တာမ်ိဳးျဖစ္တတ္သလို နည္းနည္းထိေပမဲ့ မ်ားမ်ားသိေနတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
– တည္တည္ၿငိမ္ၿငိမ္ မလႈပ္႐ွားႏိုင္ဘဲ ယိုင္ထိုးေနတာမ်ိဳး မၾကာခဏ ျပဳတ္က်လြယ္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
– ေျခေထာက္ေတြ ထံုၿပီး နာက်င္မႈကို သိပ္မသိတာေၾကာင့္ ခလုပ္တိုက္၊ ဆူးစူး စတဲ့ အနာေသးေသးေလးေတြကို သတိမထားမိဘဲ ျဖစ္ေနတတ္တယ္။
အထူးသျဖင့္ ဆီးခ်ိဳေရာဂါေၾကာင့္ အာရံုေၾကာေတြထိခိုက္တဲ့အခါ အနာမက်က္လို႔ ေျခေထာက္ျဖတ္ရတဲ့ အထိ အႏၲရာယ္ႀကီးတတ္ပါတယ္။
– နာက်င္မႈကို မခံစားရတဲ့ အတြက္ ႏွလံုးေသြးေၾကာပိတ္တဲ့ အေျခအေနမ်ိဳးမွာေတာင္ ရင္ဘတ္ထူူးထူးျခားျခား မေအာင့္ဘဲ အသက္အႏၲရာယ္ျဖစ္ရတာမ်ိဳးေတြလည္း ႐ွိပါတယ္။
(၂) Motor Nerves ေတြ အားနည္းလာရင္ ဘာလကၡဏာေတြျပမလဲ ??
ဒီအာရံုေၾကာေတြကေတာ့ ခႏၶာကိုယ္ရဲ႕ ႂကြက္သားလႈပ္႐ွားမႈေတြကို အဓိက ထိန္းခ်ဳပ္ရပါတယ္။ ဒီေတာ့ ဒီ motor nerves ေတြ အားနည္းလာတဲ့အခါ ေျခလက္ ေလးလံတာေတြ.. သြားလာလႈပ္႐ွားရ ခက္ခဲလာတာေတြ.. ခ်ိနဲ႔လာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
(၃) Autonomic Nerves ေတြ အားနည္းလာရင္ ဘာလကၡဏာေတြျပမလဲ ??
ဒီအာရံုေၾကာေတြကေတာ့ ခႏၶာကိုယ္ရဲ႕ ႏွလံုးခုန္ႏႈန္း၊ ေသြးေပါင္ခ်ိန္၊ အစာေျခစနစ္၊ ဆီးအိမ္ စတာေတြကို ထိန္းညႇိေပးတဲ့ အလုပ္ လုပ္ရပါတယ္။ ဒီအာရံုေၾကာေတြထိခိုက္လာရင္ ခႏၶာကိုယ္အတြင္းပိုင္း ကလီစာေတြကို ပိုထိခိုက္မယ္လို႔လည္း ဆိုႏိုင္ပါတယ္။ အျဖစ္မ်ားတဲ့ လကၡဏာေတြကေတာ့
– ေသြးေပါင္ခ်ိန္ တက္လိုက္က်လိုက္ ျဖစ္တတ္ၿပီး မၾကာခဏ ေခါင္းမူး ေခါင္းမၾကည္တာ ျဖစ္တတ္ပါတယ္။
– အပူဒဏ္မခံႏိုင္တာ..ေခြၽးအရမ္းထြက္တာ ျဖစ္တတ္သလို ေခြၽးလံုးဝမထြက္တတ္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
– ဆီးဝမ္းမထိန္းႏိုင္တာမ်ိဳးေတြ ျဖစ္တတ္ၿပီး အစာေၾကဖို႔မလြယ္တာ ဝမ္းခ်ဳပ္တာစတဲ့ ျပႆနာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။
ကိုယ့္ကိုယ္ကို အာရံုေၾကာ အားနည္းေနၿပီထင္ရင္ေတာ့ ဆရာဝန္နဲ႔ ျပသ တိုင္ပင္ၿပီး ေစာေစာစီးစီး ကုသမႈ ခံယူဖို႔လိုသလို ဘာေၾကာင့္ အာရံုေၾကာအားနည္းတယ္ဆိုတာကိုလည္း အေျဖ႐ွာဖို႔ လိုပါလိမ့္မယ္။
က်န္းမာေပ်ာ္ရႊင္ၾကပါေစ..
Dr ၿဖိဳးေဝလင္း
(25.6.19)