မွေးရာပါနှလုံးရောဂါ လက္ခဏာများ

မွေးရာပါနှလုံးရောဂါဆိုတာ မိဘတိုင်းစိတ်ပူတတ်တဲ့ ကျန်းမာရေးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ရင်သွေးမှာရောဂါရှိနေမလားဆိုပြီး ပူပန်တတ်ကြပါတယ်။ မိဘတွေစိုးရိမ်ရလောက်အောင်ပဲ ရောဂါတွေကပြင်းထန်တတ်သလိုနာတာရှည်ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ တစ်ခုနဲ့တစ်ခု ပြသပုံခြင်း၊ ရောဂါရဲ့ပြင်းထန်ခြင်း စတာတွေမတူညီကြပါဘူး။ လုံးဝမသိသာတာရှိသလို အရမ်းပြင်းထန်တာလည်းရှိပါတယ်။ ဥပမာ နှလုံးအဆို့ရှင်အပေါက်ကျဉ်းတဲ့ ရောဂါဆိုရင် ဘယ်လောက်ကျဉ်းနေလည်းဆိုတာပေါ်မူတည်ပြီး ရောဂါပြသပုံမတူကြပါဘူး။

ရောဂါတွေရဲ့လက္ခဏာပြသချိန်ကလည်း ကွဲပြားတတ်ပါတယ်။ မွေးမွေးချင်းရောဂါရှိနေတာသိတတ်သလို အသက်ကြီးမှပြတတ်တာတွေလည်းရှိပါတယ်။ မွေးရာပါနှလုံးရောဂါတွေ အမျိူးမျိူးရှိပါတယ်။ နှလုံးအဆို့ရှင်ကျဉ်းတာ၊ ကျယ်တာ၊ နှလုံးရဲ့အခန်းတွေကိုကန့်ထားတဲ့ အကန့်တွေမလုံတာ၊ စသဖြင့်အစုံရှိပါတယ်။

ယေဘူယျအားဖြင့် မိမိကလေးမှာ မွေးရာပါနှလုံးရောဂါ ရှိလားဆိုတာကို သိရှိနိုင်တဲ့လက္ခဏာတွေရှိပါတယ်။ ကလေးရဲ့အသားရောင်က ပြာနှမ်းနှမ်းဖြစ်နေတာ၊ အသက်ရှူမဝတာ၊ မောနေတာ၊ အခြားကလေးတွေလိုမဟုတ်ပဲ ပိန်နေတာ၊ လူကောင်သေးနေတာတွေ ရှိနေတတ်ပါတယ်။ ခဏခဏဖျားနာတာ၊ ကောင်းကောင်းမဆော့နိုင်တာ၊ ကောင်းကောင်းမအိပ်နိုင်တာ၊ ဂျီကျတာ၊ အစာစားရင်းမောနေတာ စတာတွေနဲ့သိနိုင်ပါတယ်။

အသက်နည်းနည်းကြီးလာရင်တော့ ခြေလက်တွေဖောလာတာ၊ ဆီးကောင်းကောင်းမသွားတာ၊ ရင်တုန်တာ၊ နလှုံးခုန်မမှန်တာတွေနဲ့လည်း ရောဂါကလက္ခဏာပြနိုင်ပါတယ်။ ရောဂါရှိတာကိုသိသိချင်း လိုအပ်တဲ့ကုသမှုခံယူထားရင် အရှင်းပျောက်နိုင်တာတွေရှိသလို ဒီထက်ပိုဆိုးမလာအောင်၊ ရောဂါဆိုးရွားနှုန်းကိုတန့်နေအောင် လုပ်နိုင်တာတွေရှိပါတယ်။ ကုသမှုမယူထားရင်တော့ နှလုံးကကောင်းကောင်းအလုပ်နိုင်တော့ပဲ ကျန်းမာရေးကစိုးရိမ်စရာဖြစ်လာပါတယ်။

နှလုံးရောဂါရှိမရှိကိုအကြမ်းဖျင်းအားဖြင့် သိနိုင်သလိုတိတိကျကျသိနိုင်တာကတော့ echoရိုက်တာ၊ ဓာတ်မှန်ရိုက်တာ စတာတွေနဲ့ဖြစ်ပါတယ်။ echoရိုက်တာနဲ့ နှလုံးမှာပုံမှန်မဟုတ်တာတွေကို သိမြင်နိုင်ပြီး ဘယ်နေရာမှာချို့ယွင်းနေတယ်ဆိုတာ သိနိုင်တာကြောင့် ကုသမှုကိုထိရောက်စေပါတယ်။
မွေးရာပါနှလုံးရောဂါတွေဟာလည်း ကုသလို့ရနိုင်တဲ့ အမျိူအစားတွေရှိပါတယ်။ ဒါပေမယ့်ရောဂါရှိမရှိသိနိုင်ဖို့ကတော့ မိမိရင်သွေးကို ဂရုတစိုက်စောင့်ရှောက်ဖို့လိုပါတယ်။ နှလုံးရောဂါရဲ့လက္ခဏာတွေကိုသတိထားပြီး။ ရောဂါရှိမှန်းသိတာနဲ့ ကုသမှ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

Dr. ZZ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *