သင့်ကလေးမှာ အကြားအာရုံချွတ်ယွင်းမှူရှိနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
သင့်ကလေးရဲ့ အကြားစွမ်းရည်ဟာ သူ့သင်ယူနိုင်မှူအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်..။ ဆရာဝန်တွေ… ကျွမ်းကျင်သူတွေ စက်နဲ့ စမ်းသပ်ပေးခြင်း( hearing screening) ကနေ… သင့်ကလေးအကြားအာရုံပုံမှန်ဟုတ်မဟုတ် သိနိုင်သလို …. ကလေးကိုစောင့်ရှောက်သူ ဒါမှမဟုတ် ကလေးမိဘတွေကလည်း အကြားအာရုံ ပုံမှန်ရှိမရှိ ရိပ်မိသိစေနိုင်တဲ့ လက္ခဏာတွေရှိပါတယ်..။
ကလေးတစ်ယောက် အကြားအာရုံပုံမှန်မဟုတ်ဘူးဆိုတာ ပြသတဲ့ လက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားနိုင်သလို ဘယ်လောက်ထိ နားမကြားသလဲ ဆိုတဲ့ အခြေအနေအတိုင်းအတာတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်ကွာခြားနိုင်ပါတယ်…။
ဒါပေမယ့် အောကက်မှာဖော်ပြမယ့် လက္ခဏာတွေထဲက တစ်ခုခုရှိနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့လိုအပ်ပါလိမ့်မယ်..။
မွေးကင်းစမှ အသက်သုံးလအထိ
- ရုတ်တရက် ကျယ်လောင်တဲ့အသံကြားရင် လန့်မသွားခြင်း
- သီချင်းသံ..စကားပြောသံ စတဲ့အသံတွေကို တုန့်ပြန်မှူမရှိခြင်း
- နူးညံ့တိုးသောအသံတွေနဲ့ ချော့မြှူလို့မရခြင်း
- အသံကျယ်ကျယ်ကြားပေမယ့် မနိုးဘဲ ဆက်အိပ်နေခြင်း
- အသက်နှစ်လအရွယ်မှာ “အိုး” “ အဲ့” စတဲ့ အသံမထွက်ခြင်း
- အသက်နှစ်လအရွယ်မှာ ရင်းနှီးတဲ့အသံတွေ (ဥပမာ မိခင်အသံ) တွေနဲ့ ချော့မြှူရင် ငြိမ်မသွားခြင်း
အသက်လေးလကနေ ရှစ်လအထိ
- အသံလာရာကို ကလေးရဲ့ခေါင်းလှည့်မလာခြင်း ဒါမှမဟုတ် လှည့်မကြည့်ခြင်း
- ကလေးတိတ်တဆိတ်ငြိမါသက်နေတဲ့အချိန်မှာ ဆူညံသံ ဒါမှမဟုတ် အသံတစ်ခုခုပေးရင် မျက်နှာအပြောင်းအလဲမရှိခြင်း
- ဂျောက်ဂျက်.. ပိပိ… စတဲ့ ညှစ်ရင် လှူပ်ရင်အသံမြည်တဲ့ ကစားစရာများကို ကစားရတာပျော်ရွှင်စိတ်ဝင်စားပုံမရခြင်း
- အသက်ခြောက်လအရွယ်ရောက်သည့်တိုင် အသံစထွက်တာမရှိခြင်း
- ကလေးကိုစကားပြောတဲ့အခါ လှည့်မကြည့်ခြင်း
- တုန်ခါမှူပါတဲ့အသံမျိူး (ဥပမာ Ph သံ) လိုမျိူးကိုသာ အာရုံစိုက်ပြီး အသံသက်သက်ဆိုရင် အာရုံစိုက်မှူမရှိခြင်း
ကိုးလမှ တစ်နှစ်အထိ
- နာမည်ခေါ်ရင် တုန့်ပြန်မှူမရှိခြင်း
- ဘူးမှူတ်တဲ့အခါ အသံနေအသံထား အနိမ့်အမြင့်ပြောင်းလဲမှူမရှိခြင်း
- သီချင်းသံကို တုန့်ပြန်မှူ စိတ်ဝင်စားမှူမရှိခြင်း
- အသက်တစ်နှစ်အရွယ်တွင် မေမေ ဖေဖေ စသည့်နှစ်လုံးတွဲစကားများ မပြောခြင်း
- အသုံးများသောစကားလုံးများ.. ဥပမာ တာ့တာ .. ကို နားမလည်ခြင်း
စတာတွေရှိနိုင်ပါတယ်..။
ဒီလိုမျိူး ကြုံတွေ့ရပြီဆိုရင်တော့ သင့်ကလေးငယ်မှာ တကယ်ပဲအကြားအာရုံချွတ်ယွင်းမှူရှိမရှိကို သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး သေချာစစ်ဆေးသင့်ပြီ ဖြစ်ပါတယ်….။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
https://www.babycenter.com/0_warning-signs-of-a-hearing-problem-in-a-baby_6748.bc
သင့္ကေလးမွာ အၾကားအာရံုခ်ြတ္ယြင္းမွူရွိေနတယ္ဆိုတာ ဘယ္လိုသိနိုင္မလဲ
သင့္ကေလးရဲ႕ အၾကားစြမ္းရည္ဟာ သူ႕သင္ယူနိုင္မွူအတြက္ အေရးၾကီးတဲ႕ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္..။ ဆရာ၀န္ေတြ… က်ြမ္းက်င္သူေတြ စက္နဲ႕ စမ္းသပ္ေပးျခင္း( hearing screening) ကေန… သင့္ကေလးအၾကားအာရံုပံုမွန္ဟုတ္မဟုတ္ သိနိုင္သလို …. ကေလးကိုေစာင့္ေရွာက္သူ ဒါမွမဟုတ္ ကေလးမိဘေတြကလည္း အၾကားအာရံု ပံုမွန္ရွိမရွိ ရိပ္မိသိေစနိုင္တဲ႕ လကၡဏာေတြရွိပါတယ္..။
ကေလးတစ္ေယာက္ အၾကားအာရံုပံုမွန္မဟုတ္ဘူးဆိုတာ ျပသတဲ႕ လကၡဏာေတြက ကေလးတစ္ေယာက္နဲ႕ တစ္ေယာက္ မတူကြဲျပားနိုင္သလို ဘယ္ေလာက္ထိ နားမၾကားသလဲ ဆိုတဲ႕ အေျခအေနအတိုင္းအတာေတြကလည္း တစ္ေယာက္နဲ႕ တစ္ေယာက္ကြာျခားနိုင္ပါတယ္…။
ဒါေပမယ့္ ေအာကက္မွာေဖာ္ျပမယ့္ လကၡဏာေတြထဲက တစ္ခုခုရွိေနရင္ေတာ့ ဆရာ၀န္နဲ႕ တိုင္ပင္ျပသဖို႕လိုအပ္ပါလိမ့္မယ္..။
ေမြးကင္းစမွ အသက္သံုးလအထိ
- ရုတ္တရက္ က်ယ္ေလာင္တဲ႕အသံၾကားရင္ လန့္မသြားျခင္း
- သီခ်င္းသံ..စကားေျပာသံ စတဲ႕အသံေတြကို တုန္႕ျပန္မွူမရွိျခင္း
- နူးညံ႕တိုးေသာအသံေတြနဲ႕ ေခ်ာ့ျမွူလို႕မရျခင္း
- အသံက်ယ္က်ယ္ၾကားေပမယ့္ မနိုးဘဲ ဆက္အိပ္ေနျခင္း
- အသက္နွစ္လအရြယ္မွာ “အိုး” “ အဲ႕” စတဲ႕ အသံမထြက္ျခင္း
- အသက္နွစ္လအရြယ္မွာ ရင္းနွီးတဲ႕အသံေတြ (ဥပမာ မိခင္အသံ) ေတြနဲ႕ ေခ်ာ့ျမွဴရင္ ျငိမ္မသြားျခင္း
အသက္ေလးလကေန ရွစ္လအထိ
- အသံလာရာကို ကေလးရဲ႕ေခါင္းလွည့္မလာျခင္း ဒါမွမဟုတ္ လွည့္မၾကည့္ျခင္း
- ကေလးတိတ္တဆိတ္ျငိမါသက္ေနတဲ႕အခ်ိန္မွာ ဆူညံသံ ဒါမွမဟုတ္ အသံတစ္ခုခုေပးရင္ မ်က္နွာအေျပာင္းအလဲမရွိျခင္း
- ေဂ်ာက္ဂ်က္.. ပိပိ… စတဲ႕ ညွစ္ရင္ လွူပ္ရင္အသံျမည္တဲ႕ ကစားစရာမ်ားကို ကစားရတာေပ်ာ္ရႊင္စိတ္၀င္စားပံုမရျခင္း
- အသက္ေျခာက္လအရြယ္ေရာက္သည့္တိုင္ အသံစထြက္တာမရွိျခင္း
- ကေလးကိုစကားေျပာတဲ႕အခါ လွည့္မၾကည့္ျခင္း
- တုန္ခါမွူပါတဲ႕အသံမ်ိဴး (ဥပမာ Ph သံ) လိုမ်ိဴးကိုသာ အာရံုစိုက္ျပီး အသံသက္သက္ဆိုရင္ အာရံုစိုက္မွူမရွိျခင္း
ကိုးလမွ တစ္နွစ္အထိ
- နာမည္ေခၚရင္ တုန့္ျပန္မွူမရွိျခင္း
- ဘူးမွူတ္တဲ႕အခါ အသံေနအသံထား အနိမ့္အျမင့္ေျပာင္းလဲမွူမရွိျခင္း
- သီခ်င္းသံကို တုန့္ျပန္မွူ စိတ္၀င္စားမွူမရွိျခင္း
- အသက္တစ္နွစ္အရြယ္တြင္ ေမေမ ေဖေဖ စသည့္နွစ္လံုးတြဲစကားမ်ား မေျပာျခင္း
- အသံုးမ်ားေသာစကားလံုးမ်ား.. ဥပမာ တာ့တာ .. ကို နားမလည္ျခင္း
စတာေတြရွိနိုင္ပါတယ္..။
ဒီလိုမ်ိဴး ၾကံဳေတြ႕ရျပီဆိုရင္ေတာ့ သင့္ကေလးငယ္မွာ တကယ္ပဲအၾကားအာရံုခ်ြတ္ယြင္းမွူရွိမရွိကို သက္ဆိုင္ရာဆရာ၀န္နဲ႕ျပသျပီး ေသခ်ာစစ္ေဆးသင့္ျပီ ျဖစ္ပါတယ္….။
ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္
https://www.babycenter.com/0_warning-signs-of-a-hearing-problem-in-a-baby_6748.bc