သင့်ကလေးမှာ အမြင်အာရုံချွတ်ယွင်းမှူရှိမရှိ ဘယ်လိုသိနိုင်မလဲ
သင့်ကလေးရဲ့ အမြင်အာရုံရင့်သန်ပြီး ကမ္ဘာကြီးကို သေချာကြည့်တတ်ဖို့ အချိန်တစ်ခုလိုပါတယ်..။ ဒါကြောင့်မို့ ကလေးငယ်ရဲ့ ဘဝစစချင်းမွေးကင်းစအချိန်တွေမှာ သင်မျှော်လင့်ထားသလောက်ကြီး အမြင်အာရုံကောင်းဖို့တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး..။
ဥပမာ…. ကလေးအသက် ပထမသုံးလအထိလောက်မှာ သင့်ကလေးကိုချီထားချိန်မှာ သင့်ကလေးရဲ့မျက်လုံးအကြည့်တွေ သင့်မျက်နှာဆီကို မကြာခဏရောက်နေမှာမဟုတ်ပါဘူး…။ ဒါက ပုံမှန်အခြေအနေပါပဲ..။
ဒါပေမယ့် အောက်မှာဖော်ပြပေးသွားမယ့်အချက်တွေကတော့ သင့်ကလေးမှာ အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြနာရှိနေနိုင်တယ်ဆိုတာကို ပြသနိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်..။
- မျက်လုံးတစ်ဖက်ပဲ လှူပ်ရှားပြီး တစ်ဖက်မလှူပ်ရှားခြင်း
- အသက်တစ်လကျော်သည့်တိုင်အောင် အလင်းရောင်….. လက်ကိုင်ဖုန်း… နဲ့ တခြားစိတ်ဝင်စားစရာ လိုးလိုးလက်လက်ပစ္စည်းများကို စိတ်ဝင်စားမှူမရှိခြင်း
- ကလေးရဲ့ မျက်လုံးတစ်ဖက်က ဘယ်တော့မှမပွင့်ခြင်း
- ကလေးမျက်လုံးအတွင်းမှာ ပုံမှန်မဟုတ်တဲ့ အဖြူစက်ရှိနေခြင်း
- မျက်လုံးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးဖောင်းနေခြင်း
- မျက်ခွံတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး အောက်ကျနေခြင်း
- မျက်စိမကြာခဏ စွေကြည့်ခြင်း
- ကလေးငယ် အိပ်မပျော်ဘဲ နိုးနေတဲ့ အချိန်တွေမှာ မျက်လုံးကို မကြာခဏပွတ်နေခြင်း
- အလင်းရောင်ကို အလွန်အမင်းတုန့်ပြန်ခြင်း
- သားငယ်အိမ် တစ်ဖက်နှင့် တစ်ဖက် အကြီးအသေးမညီခြင်း
ဒါတွေအပြင် အသက်သုံးလ အရွယ်လောက်ဆိုရင်တော့ ဒီလို အချက်တွေရှိရင် အမြင်အာရုံချွတ်ယွင်းမှူရှိနေနိုင်ပါတယ်..။
- မျက်စိရှေ့မှာ လှူပ်ယမ်းနေတဲ့ အရုပ်နောက်ကို လိုက်မကြည့်ခြင်း
- တစ်စုံတစ်ခုကို ကြည့်တဲ့အခါ ခေါင်းစောင်းပြီးမှ ကြည့်ခြင်း
အထက်ပါအချက်တွေ သင့်ကလေးမှာရှိနေပြီထင်ရင်တော့ နီးစပ်ရာ မျက်စိဆရာဝန်နဲ့ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်…။ ဆရာဝန်က လိုအပ်သလို စမ်းသပ်စစ်ဆေးပေးပါလိမ့်မယ်….။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
https://www.babycenter.com/0_red-flags-signs-that-your-baby-may-have-a-vision-problem_1439840.bc
သင့္ကေလးမွာ အျမင္အာရံုခ်ြတ္ယြင္းမွူရွိမရွိ ဘယ္လိုသိနိုင္မလဲ
သင့္ကေလးရဲ႕ အျမင္အာရံုရင့္သန္ျပီး ကမၻာၾကီးကို ေသခ်ာၾကည့္တတ္ဖို႕ အခ်ိန္တစ္ခုလိုပါတယ္..။ ဒါေၾကာင့္မို႕ ကေလးငယ္ရဲ႕ ဘ၀စစခ်င္းေမြးကင္းစအခ်ိန္ေတြမွာ သင္ေမွ်ာ္လင့္ထားသေလာက္ၾကီး အျမင္အာရံုေကာင္းဖို႕ေတာ့ ျဖစ္နိုင္မွာမဟုတ္ပါဘူး..။
ဥပမာ…. ကေလးအသက္ ပထမသံုးလအထိေလာက္မွာ သင့္ကေလးကိုခ်ီထားခ်ိန္မွာ သင့္ကေလးရဲ႕မ်က္လံုးအၾကည့္ေတြ သင့္မ်က္နွာဆီကို မၾကာခဏေရာက္ေနမွာမဟုတ္ပါဘူး…။ ဒါက ပံုမွန္အေျခအေနပါပဲ..။
ဒါေပမယ့္ ေအာက္မွာေဖာ္ျပေပးသြားမယ့္အခ်က္ေတြကေတာ့ သင့္ကေလးမွာ အျမင္အာရံုနဲ႕ပတ္သက္တဲ႕ ျပနာရွိေနနိုင္တယ္ဆိုတာကို ျပသနိုင္တဲ႕ အခ်က္ေတြပဲျဖစ္ပါတယ္..။
- မ်က္လံုးတစ္ဖက္ပဲ လွူပ္ရွားျပီး တစ္ဖက္မလွူပ္ရွားျခင္း
- အသက္တစ္လေက်ာ္သည့္တိုင္ေအာင္ အလင္းေရာင္….. လက္ကိုင္ဖုန္း… နဲ႕ တျခားစိတ္၀င္စားစရာ လိုးလိုးလက္လက္ပစၥည္းမ်ားကို စိတ္၀င္စားမွူမရွိျခင္း
- ကေလးရဲ႕ မ်က္လံုးတစ္ဖက္က ဘယ္ေတာ့မွမပြင့္ျခင္း
- ကေလးမ်က္လံုးအတြင္းမွာ ပံုမွန္မဟုတ္တဲ႕ အျဖဴစက္ရွိေနျခင္း
- မ်က္လံုးတစ္ဖက္ ဒါမွမဟုတ္ နွစ္ဖက္စလံုးေဖာင္းေနျခင္း
- မ်က္ခြံတစ္ဖက္ ဒါမွမဟုတ္ နွစ္ဖက္စလံုး ေအာက္က်ေနျခင္း
- မ်က္စိမၾကာခဏ ေစြၾကည့္ျခင္း
- ကေလးငယ္ အိပ္မေပ်ာ္ဘဲ နိုးေနတဲ႕ အခ်ိန္ေတြမွာ မ်က္လံုးကို မၾကာခဏပြတ္ေနျခင္း
- အလင္းေ၇ာင္ကို အလြန္အမင္းတုန့္ျပန္ျခင္း
- သားငယ္အိမ္ တစ္ဖက္နွင့္ တစ္ဖက္ အၾကီးအေသးမညီျခင္း
ဒါေတြအျပင္ အသက္သံုးလ အရြယ္ေလာက္ဆိုရင္ေတာ့ ဒီလို အခ်က္ေတြရွိရင္ အျမင္အာရံုခ်ြတ္ယြင္းမွူရွိေနနိုင္ပါတယ္..။
- မ်က္စိေရွ႕မွာ လွူပ္ယမ္းေနတဲ႕ အရုပ္ေနာက္ကို လိုက္မၾကည့္ျခင္း
- တစ္စံုတစ္ခုကို ၾကည့္တဲ႕အခါ ေခါင္းေစာင္းျပီးမွ ၾကည့္ျခင္း
အထက္ပါအခ်က္ေတြ သင့္ကေလးမွာရွိေနျပီထင္ရင္ေတာ့ နီးစပ္ရာ မ်က္စိဆရာ၀န္နဲ႕ျပသျပီး အၾကံဥာဏ္ေတာင္းခံသင့္ပါတယ္…။ ဆ၇ာ၀န္က လိုအပ္သလို စမ္းသပ္စစ္ေဆးေပးပါလိမ့္မယ္….။
ေမတၱာျဖင့္
ေဒါက္တာ စိမ္းမိုးစက္
https://www.babycenter.com/0_red-flags-signs-that-your-baby-may-have-a-vision-problem_1439840.bc