လူငယ်တို့ အတွက် ဗီတာမင်စီ

ငယ်ရွယ်သူတိုင်းဟာ ဖွံ့ဖြိုးမှုအတွက် ကျန်းမာဖို့အတွက် ကိုယ်ခံအား မြင့်မားဖို့ အတွက် နေ့စဉ် ဗီတာမင်နှင့် သတ္ထုဓါတ်များစွာလိုအပ်ပါတယ် အဲလို အရေးကြီးသော ဗီတာမင်တွေကို နေ့စဉ် အစားအစာများမှရသော်လည်း အခြေအနေ တချို့မှာ ဗီတာမင်အားဆေး တွေ ဖြည့်တင်းပေးဖို့ က လည်း လိုအပ်နေလျက်ရှိပါတယ် အဲလို ဗီတာမင်တွေထဲက ဒီလိုတုပ်ကွေးရာသီမှာ အရေးကြီးသော ဗီတာမင်စီရဲ့ လူငယ်လူရွယ်များအပေါ်အရေးပါပုံကို ဖော်ပြလိုက်ပါတယ်။

(၁)သင့် ကိုယ်ထဲ က အမာခံ စစ်တပ်

ခုနောက်ပိုင်း ကင်ဆာတွေဟာ ငယ်ငဟ်ရွယ်ရွယ်နဲ့လည်း ဖြစ်လာတာတွေ့နေရပါတယ် အဓိကက free radical ဆိုတဲ့ မော်လိကျူးတွေကြောင့် ဖြစ်နေတာပါ အဲကောင်ကြောင့် oxidative stress ဆိုတာ ဖြစ်ပေါ်ပြီး ကင်ဆာဖြစ်စေတာပါ။ ဒါကြောင့် အရက်လည်းမသောက်ပဲ ဘီပိုး စီပိုး လည်း မရှိပဲ အသည်းကင်ဆာဖြစ်တာတွေ ကြားသိနေရတာပါ။ ဗီတာမင်စီဟာ free radical တွေရဲ့ရန် ကိုကာကွယ်ပေးနိုင်တဲ့ အမာခံစစ်တပ်တစ်ခုပါ ဗီတာမင်စီက သင့်သွေးထဲ ကfree radical တွေကို ၃၀ရာနှုန်းထိလျော့ချနိုင်ပါတယ် ဒါကြောင့် ငယ်စဉ်ကတည်းက ဗီတာမင်စီမချို့တဲ့အေါင် စားသောက်မှီဝဲသင့်ပါတယ်။

(၂) မိန်းမပျိုလေးများနှင့် ဗီတာမင် စီ

မိန်းကလေး တွေအတွက် သံဓါတ်ဟာအရမ်းအရေးပါလှပါတယ် မိန်းကလေးတော်များက အသားစားတာနည်းခြင်း လစဉ်ရာသီလာခြင်းစတာတွေကြောင့် သွေးအားနည်းရောဂါခံစားနေရပါတယ်။ ဗီတာမင်စီဟာ သံဓါတ်ကို အူက ပိုစုပ်အောင်လုပ်နိုင်စွမ်းရှိတာမို့ သံဓါတ်ချို့တဲ့ သွေးအားနည်းကို သက်သာစေပါတယ် ဗီတာမင်စီ ၁၀၀မီလီဂရမ်သောက်တိုင်း အူက သံဓါတ်ကို ၆၇ရာခိုင်နှုန်းပိုစုပ်နိုင်စေပါတယ် လို့ လေ့လာမှုတွေအရ တွေ့ရှိထားပါတယ် ဒါကြောင့် ဗီတာမင်စီ ဟာ ပျိုမေတို့အတွက် အရေးပါလှပါတယ်။

(၃) ကိုယ်ခံအား စနစ်အတွက် လေ့ကျင့်ရေး ထောက်ပံ့ရေးခေါင်းဆောင်

ဗီတာမင်စီကိုသောက်သင့်တဲ့ အကြောင်းပြချက် တစ်ခုကတော့ ကိုယ်ခံအား မြင့်စေဖို့ပါ။ သူဟာ ကိုယ်ခံအားစနစ်ရဲ့ ကို ဘက်ပေါင်းစုံကနေ ထောက်ပံ့ပေးပါတယ် ဥပမာ ဖြင့် ဆိုရသော် ကိုယ်ခံအားစစ်တပ်ကို နောက်ကွယ်ကနေ အစာရေစာ ထောက်ပံ့တာ လေ့ကျင့်ပေးတာတွေ လုပ်ပေးတဲ့ အတွက် သန်စွမ်းလာတဲ့ ကိုယ်ခံအားကို ရလာစေ သလိုပါ နောက်ကွယ်က ဗီတာမင်စီအါးပေးကူညီမှုရထားတဲ့ ကိုယ်ခံအားလောက် ရောဂါတိုက်ထုတ်နိုင်စွမ်းရှိတာ တခြားရှိမည်မထင်ပါ။ ဒါကြောင့် အခုရာသီလို လုပ်ငန်းခွင်မှာ ကားပေါ်မှာ တုပ်ကွေး ပေါင်းစုံ နဲ့ ထိတွေ့ရုံးတတ်နေသူ လူငဟ်တို့အတွက် အားထားရာ တစ်ခုဟုဆိုပါက မှားမယ်မထင်ပါ။

(၄) ဗီတာမင်စီက ပေးသော အလှတရား

အရေပြားမှာ ကာကွယ်ရေးစနစ်ဆိုတာရှိပါတယ် ကျွန်တော်တို့ရဲ့ မင်းသားကြီး ဗီတာမင်စီဟာ အရေပြားအလွှာတွေကို ကျန်းမာ သန်စွမ်းစေတဲ့ စွမ်းအင်ရှိပါတယ် လေ့လာမှုတွေအရ အနာပိုကျက်နိုင်စွမ်းရှိတာကိုလည်း တွေ့ရှိထားပါတယ်။ ဒါကြောင့် ဝက်ခြံကြောင့် အမာရွတ်ဖြစ်မှာကြောက်သူတွေနဲ့ ထိခိုက်ခွဲစိတ် ဒဏ်ရာတွေကိုအနာကျက်မြန် အမာရွတ်မထင်မှု လျော့ချပေးသော ဗီတာမင်စီကို မှီဝဲသုံးဆောင်သင့်ပါတယ်။ ဗီတာမင် စီဆိုတာ ကျွန်တော်တို့ ကိုယ်ခံအားဟအတွက် နှလုံးအတွက် သွေးကြောတွေ ကျန်းမာရေးအတွက် အရေပြားအတွက် တအား အားကိုးရတဲ့ ဗီတာမင်ပါ နေ့စဉ်ကျန်းမာဖို့ အတွက် သဘာဝဆေးတစ်ပါးပါ အားလုံးက ချဉ်သော အသီးများက ပါဟာ ဗီတာမင်စီကြွယ်ဝတယ်လို့ သိကြပေမယ့် တချို့အသီးတွေမှာဆို ပိုလို့တောင်ပါတာမို့ နေစဉ် ဗီတာမင်ကြွယ်ဝသော ဆေး အသီးအနှံတို့စားပေးခြင်းဖြင့်

ကျန်းမာပျော်ရွှင်သော ဘဝလေးများပိုင်ဆိုင်ကြပါစေ။

ဒေါက်တာ လင်း မိသားစုကျန်းမာ













Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…