အပူဒဏ်နှင့်ချွေးထွက်များခြင်းကို ဒီလိုကာကွယ်ကြရအောင်

ယနေ့အချိန်တွင် ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း အပူဒဏ်ကို အနည်းနှင့် အများ ခံစားကြရပေသည်။ အများအားဖြင့် နေပူထဲတွင် အလုပ်လုပ်သောသူများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကို ပို၍ခံစားကြရသည်။

အပူဒဏ်ကြောင့် ဖြစ်သော ကျန်းမာရေးပြဿနာများကို မဖြစ်စေဖို့ အပူဒဏ်ကို ဤသို့ကာကွယ်ကြရအောင်။

အပူချိန်လွန်ကဲလာခြင်းသည် ချွေးထွက်များခြင်း နှင့် ခန္တာကိုယ်မှ ရေဓာတ်များဆုံးရူံးစေသဖြင့် ရေဓာတ်ခန်းခြောက်ခြင်းသည် အဓိကပြဿနာဖြစ်ပေသည်။

•နံနက် ၁၀ နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်း တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အပြင်သွားရန်လိုအပ်ပါက ထီး၊ ဦးထုပ် စသောအကာအကွယ်များ အသုံးပြုပါ။

•ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားများ ဝတ်ဆင်ပါ။ အရောင်ဖျော့သောအဝတ်အစားများ၊ ပွပွချောင်ချောင်ရှိသော အဝတ်များ၊ ချည်ထည်များသည် နွေရာသီတွင် အကောင်းဆုံးဖြစ်ပါသည်။

•နေရောင်အောက်တွင် ပြင်းထန်သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။

•ရေများများသောက်ပါ။

•နေပူထဲတွင် အလုပ်လုပ်နေသူနှင့် အားကစားသမားများအနေဖြင့် အလုပ်လုပ်နေစဉ်အတွင်း ၁၅ မိနစ်လျှင် ၁ ကြိမ်ခန့် ရေသောက်ပေးပါ။ ချွေးထွက်လွန်ကဲ ပါက ဓာတ်ဆားဖျော်သောက်ပါ။ သစ်သီးဖျော်ရည်များလည်းသောက်သုံးနိုင်ပါသည်။

•ဆီးအရောင်ကို လေ့လာပါ။ အကြည်ရောင် သို့ အဝါဖျော့ဖျော့သည် ပုံမှန်အရောင်ဖြစ်ပါသည်။ ဆီးသွားနည်းသွားပါက ရေပိုသောက်ပေးရန် လိုအပ်ပါသည်။

•အရိပ်ကောင်းကောင်းရှိသော နေရာတွင် အပူလျော့ချနိုင်ရန် အနားယူပေးပါ။

•အလုပ်ရှင်များအနေဖြင့် ပူပြင်းသောရာသီတွင် သောက်သုံးရေ၊ လုံလောက်သော အနားယူချိန်နှင့် အရိပ်ရှိသောနေရာများ ဖန်တီးပေးရန် လိုအပ်ပါသည်။

•ပူပြင်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမတ်တပ်ရပ်ရမည်ဆိုပါက အပူကြောင့် ဖောရောင်ခြင်းမဖြစ်အောင် ခြေထောက်ကို ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးပါ။ လိုအပ်ပါက ဆွဲသား ခြေအိတ်ဝတ်ဆင်ပါ။

•အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

•အရက်သောက်ခြင်းသည် ရေဓာတ်ခန်းခြောက်မှုကို အားပေးပါသည်။

•လူကြီးများ၏ ခန္ဓာကိုယ်သည် အပူဒဏ်နှင့် နေသားတကျဖြစ်ရန် ၈ ရက်မှ ၁၄ရက် ခန့်ကြာ၍ ကလေးများသည် ၁၀-၁၄ရက်ခန့်ကြာတတ်သည်။ ထို့ကြောင့် ပူပြင်းသောနေရာသို့ ခရီးသွားပါက နေသားမကျမီ ကာယလုပ်အားများကို လျော့ချရန် လိုအပ်ပါသည်။

ရီချို(ဆေး ၁)

အပူဒဏ္နွင့္ေခြ်းထြက္မ်ားျခင္းကို ဒီလိုကာကြယ္ၾကရေအာင္

ယေန႔အခ်ိန္တြင္ ကမၻာၾကီးပူေႏြးလာသည္နွင့္ အမွ် ကၽြန္ုပ္တို႔ျမန္မာနိုင္ငံတြင္လည္း အပူဒဏ္ကို အနည္းႏွင့္ အမ်ား ခံစားၾကရေပသည္။ အမ်ားအားျဖင့္ ေနပူထဲတြင္ အလုပ္လုပ္ေသာသူမ်ား၊ ကေလးမ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ားသည္ အပူဒဏ္ကို ပို၍ခံစားၾကရသည္။

အပူဒဏ္ေၾကာင့္ ျဖစ္ေသာ က်န္းမာေရးျပႆနာမ်ားကို မျဖစ္ေစဖို႔ အပူဒဏ္ကို ဤသို႔ကာကြယ္ၾကရေအာင္။

အပူခ်ိန္လြန္ကဲလာျခင္းသည္ ေခြ်းထြက္မ်ားျခင္း နွင့္ ခႏၱာကိုယ္မွ ေရဓာတ္မ်ားဆံုးရံူးေစသျဖင့္ ေရဓာတ္ခန္းေျခာက္ျခင္းသည္ အဓိကျပႆနာျဖစ္ေပသည္။

•နံနက္ ၁၀ နာရီမွ ညေန ၄နာရီ အတြင္း ေနေရာင္နွင့္ တိုက္ရိုက္ထိေတြ႔ျခင္း တတ္နိုင္သမွ်ေရွာင္ၾကဥ္ပါ။ အျပင္သြားရန္လိုအပ္ပါက ထီး၊ ဦးထုပ္ စေသာအကာအကြယ္မ်ား အသံုးျပဳပါ။

•ရာသီဥတုႏွင့္ ကိုက္ညီေသာ အဝတ္အစားမ်ား ဝတ္ဆင္ပါ။ အေရာင္ေဖ်ာ့ေသာအဝတ္အစားမ်ား၊ ပြပြေခ်ာင္ေခ်ာင္ရွိေသာ အဝတ္မ်ား၊ ခ်ည္ထည္မ်ားသည္ ေႏြရာသီတြင္ အေကာင္းဆံုးျဖစ္ပါသည္။

•ေနေရာင္ေအာက္တြင္ ျပင္းထန္ေသာေလ့က်င့္ခန္းမ်ား မျပဳလုပ္သင့္ပါ။

•ေရမ်ားမ်ားေသာက္ပါ။

•ေနပူထဲတြင္ အလုပ္လုပ္ေနသူနွင့္ အားကစားသမားမ်ားအေနျဖင့္ အလုပ္လုပ္ေနစဥ္အတြင္း ၁၅ မိနစ္လွ်င္ ၁ ၾကိမ္ခန္႔ ေရေသာက္ေပးပါ။ ေခၽြးထြက္လြန္ကဲ ပါက ဓာတ္ဆားေဖ်ာ္ေသာက္ပါ။ သစ္သီးေဖ်ာ္ရည္မ်ားလည္းေသာက္သံုးနိုင္ပါသည္။

•ဆီးအေရာင္ကို ေလ့လာပါ။ အၾကည္ေရာင္ သို႔ အဝါေဖ်ာ့ေဖ်ာ့သည္ ပံုမွန္အေရာင္ျဖစ္ပါသည္။ ဆီးသြားနည္းသြားပါက ေရပိုေသာက္ေပးရန္ လိုအပ္ပါသည္။

•အရိပ္ေကာင္းေကာင္းရွိေသာ ေနရာတြင္ အပူေလ်ာ့့ခ်နိုင္ရန္ အနားယူေပးပါ။

•အလုပ္ရွင္မ်ားအေနျဖင့္ ပူျပင္းေသာရာသီတြင္ ေသာက္သံုးေရ၊ လံုေလာက္ေသာ အနားယူခ်ိန္ႏွင့္ အရိပ္ရွိေသာေနရာမ်ား ဖန္တီးေပးရန္ လိုအပ္ပါသည္။

•ပူျပင္းေသာ ပတ္ဝန္းက်င္တြင္ အခ်ိန္ၾကာမတ္တပ္ရပ္ရမည္ဆိုပါက အပူေၾကာင့္ ေဖာေရာင္ျခင္းမျဖစ္ေအာင္ ေျခေထာက္ကို ေကြးလိုက္ဆန္႔လိုက္ ျပဳလုပ္ေပးပါ။ လိုအပ္ပါက ဆြဲသား ေျခအိတ္ဝတ္ဆင္ပါ။

•အရက္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။

•အရက္ေသာက္ျခင္းသည္ ေရဓာတ္ခန္းေျခာက္မႈကို အားေပးပါသည္။

•လူၾကီးမ်ား၏ ခႏၶာကိုယ္သည္ အပူဒဏ္နွင့္ ေနသားတက်ျဖစ္ရန္ ၈ ရက္မွ ၁၄ရက္ ခန္႔ၾကာ၍ ကေလးမ်ားသည္ ၁၀-၁၄ရက္ခန္႔ၾကာတတ္သည္။ ထို႔ေၾကာင့္ ပူျပင္းေသာေနရာသို႔ ခရီးသြားပါက ေနသားမက်မီ ကာယလုပ္အားမ်ားကို ေလ်ာ့ခ်ရန္ လိုအပ္ပါသည္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *