အဆစ်နာတဲ့ လူနာတွေ မေးလေ့ရှိတဲ့ မေးခွန်း

ဆရာမ ဆေးမပေးဘူးလား၊ ဆေးမထိုးဘူးလား

ဒေါ်ယမင်း တစ်ယောက်တည်း အတွေးကတော့ နာတိုင်း ဆေးသောက်၊ ဆေးထိုးတာ မကြိုက်ဘူး လာပြတဲ့ လူနာအပေါ် မူတည်တယ်လေ လာပြတဲ့ လူနာက အရမ်းကိုက်ခဲ နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေးလေးထိုး၊ အစာအိမ်ဆေးလေးပေး။

တစ်ခါတစ်လေ ၅ရက်စာလောက် အကိုက်အခဲပျောက်ဆေး တိုက်ပြီး အစာအိမ်ဆေးလေး ပေးပါတယ် ၅ရက်နဲ့တော့ အစာအိမ်မှာ အနာဟောင်းလောင်းကြိး ဖြစ်သွားတာမှ မဟုတ်တာ တစ်ခုတော့ ရှိတာပေါ့ အစာအိမ်အနာ မဖြစ်ဖူးတဲ့သူ၊ အစာအိမ်ရောဂါ မရှိတဲ့သူတော့ ဖြစ်ရမယ်လေ အဲဒီတော့… အမြဲတမ်း တမြေ့မြေ့ နာနေသူတွေ အတွက်က အကောင်းဆုံးက အကိုက်အခဲပျောက်ဆေးပါတဲ့ လိမ်းဆေးလေးတွေပါပဲ။

ပြီးတော့ ရေနွေးအိတ်

ရေနွေးအိတ် ကပ်ပေးခြင်းဖြင့် နာနေတဲ့ အဆစ်တွေဆီ သွေးရောက်တာလည်း များစေတယ်၊ ဒါ့အပြင် အာရုံကြောတွေက အာရုံ ၂ခုကိုသယ်ရရင် မြန်တဲ့ကောင်က နှေးတဲ့ကောင်ကို ပိတ်ခဲ့တာပဲ ခုလည်း နာတာသိတဲ့ အာရုံကြောနဲ့ အပူသိတဲ့အာရုံကြောမှာ အပူသိသမားက မြန်တော့ ဦးနှောက်ကို သူအရင်တင်ပြလိုက်တယ် နာတာက သိခွင့်မရတော့ဘူး သက်သာသွားတာပေါ့ အကိုက်အခဲပျောက်လိမ်းဆေးလည်း ဒီအတိုင်းပါပဲ ဒါကြောင့် သူတို့လေးတွေနဲ့ သက်သာအောင်နေ လေး ငါးရက်လောက်မှာ သက်သာပြီဆိုတာနဲ့ သင့်တင့်တဲ့ လေ့ကျင့်ခန်းလေး လုပ်ပေး (နာလို့ မလှုပ်ကြတာနဲ့ ချိ ချိသွားကြလို့) ဒါဆို အတော် ဟုတ်သွားပါပြီ။

ကိုယ်တွေ့ပါ အဖိုးအဖွား ဦးလေးဒေါ်လေးတော်တော် များများကတော့ လာတိုင်း ဆေးမတောင်းကြတော့ပါဘူး။ သိသွားပြီလေ။ သိပ်ကို နာမှ ဆေးထိုးတယ်။ မနာတနာဆို ဆေးသောက်တယ်။ ခံနိုင်လောက်တဲ့ အခြေအနေဆို ဒူးစွပ်၊ လက် အိတ်လေးတွေနဲ့၊ ဆေးပူလေးတွေလိမ်း၊ အကိုက်အခဲပျောက်လိမ်းဆေးလေးလိမ်း၊ ရေနွေးအိတ်လေးကပ်၊ လေ့ကျင့်ခန်းလေး နည်းနည်းလုပ် သာသာယာယာပါပဲ။

ဒါကြောင့် နည်းနည်းနာတာနဲ့ ဆေးတွေ ဖိသောက်ချင်သူတွေကို သတိပေးချင်ပါတယ်

အဆစ် တစ်နေရာ၊ ၂နေရာပဲ နာတာ၊ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို မဟုတ်ဘူးဆိုရင် ရေနွေးအိတ်လေးတွေနဲ့ လိမ်းဆေးဘူးလေးတွေကို မမေ့ကြပါနဲ့လို့

ခပ်များများ အသုံးတော်ခံဖို့ ဖုန်တောထဲက စောင့်နေကြပါတယ်

ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာယမင်း(ဆေး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *