“အအေး လား ? အပူ လား ?”
“သင်ဟာ တစ်ခုခုနဲ့ ထိခိုက်မိလို့ ဒဏ်ရာ ရလာရင် သက်သာအောင် ရေခဲအိတ် အုပ်မှာလား (သို့) ရေနွေးအိတ် ကပ်မှာလား”
ဒါဆိုရင်တော့ ဒီလို အကြံပြုပါရစေ ☺
“ရေခဲအိတ်(အအေး)ကို သုံးသင့်(သို့) မသုံးသင့်သော ထိခိုက်ဒဏ်ရာများ”
– အသားစများ ထိခိုက်ခြင်း၊ ပြတ်ရှခြင်း(ဥပမာ – ဓားရှခြင်း)တို့မှာ ဒဏ်ရာကို အယောင်သက်သာစေရန် ရေခဲအုပ်နိုင်ပါတယ်
– အဆစ်ယောင်ခြင်း၊ကြွက်သားများဖူးယောင်ခြင်း၊အပူလောင်ခြင်း အစရှိတာတွေမှာလည်း ရေခဲအုပ်ပေးနိုင်ပါသည်
– အကယ်၍ သင်ဟာ ချမ်းတုန်ဖျားနေပါက(သို့) အအေးမိဖျားနေလျှင် အနွေးဓာတ်ရရှိစေရန် ရေခဲအိတ်မအုပ်သင့်ပါ ..
– ရေခဲအုပ်ရာတွင် တစ်ခါလျှင် မိနစ် ၂၀ ခန့် အုပ်နိုင်ပြီး တနေ့လျှင် အကြိမ်များစွာ အသုံးပြုနိုင်ပါသည်။တစ်ခါ အသုံးပြုပီးပါက မိနစ် ၂၀ ခန့် ခြား၍ နောက်တစ်ကြိမ်အသုံးပြုသင့်ပါသည်။
“ရေနွေးအိတ်(အပူ)ကို သုံးသင့်(သို့) မသုံးသင့်သော ထိခိုက်ဒဏ်ရာများ”
-အာရုံကြောနဲ့ ကြွက်သားများကို ပျော့ပြောင်းစေရန် အပူကိုအသုံးပြုနိုင်ပါသည်
– ကြွက်သားများတောင့်တင်းခြင်း၊အကြောဆွဲခြင်း အစရှိတာတွေမှာဒဏ်ရာရသောနေရာပေါ်တွင် အပူကို အသုံးပြုနိုင်ပါသည်
– သင့်၏ ခန္ဓာကိုယ်ပူချိန်ကို လျော့ချချင်ပါက(သို့) ချွေးထွက်နေပါက အပူကို အသုံးမပြုသင့်ပါ
– အပူကိုလဲ သင်ခံစားရသော ဒဏ်ရာ မပျောက်သေးပါက မကြာခဏ အသုံးပြုခြင်းအားဖြင့် ဝေဒနာ သက်သာစေနိုင်ပါသည် ။
ပိုင်နီမောင်
“အေအး လား ? အပူ လား ?”
ပိုင်နီမောင်