ဆောင်းရာသီမှာ ရေအေးနဲ့ချိုးကြမလား? ရေနွေးနဲ့ချိုးကြမလား?
ဆောင်းဝင်နေပြီဆိုတော့…..ဒီအကြောင်းအရာလေးကို လူအတော်များများ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။သိတဲ့အတိုင်း ရန်ကုန်ဆောင်းက နေ့ခင်းဘက်တွေ ပူသလိုရှိပေမယ့်လို့….အလုပ်သွား အလုပ်ပြန် ရေချိုးချိန်ဖြစ်တဲ့ မနက်အစောပိုင်းနဲ့ ညနေ/ညပိုင်းတွေတော့ အချမ်းပိုလှပါတယ်။
ပထမဦးဆုံးပြောလိုတာကတော့ ဒီနေရာမှာ သုံးနှုန်းတဲ့
“ရေအေး” ဆိုတာ….ပုံမှန်ချိုးနေကြရေကိုဆိုလိုတာဖြစ်ပြီး……”ရေနွေး”ဆိုတာကတော့ …..ခပ်နွေးနွေးရေကိုသာဆိုလိုခြင်းဖြစ်ပါတယ်။(ရေအေးကို ရေခဲရေ၊ ရေနွေးကို အလွန်ပူတဲ့ရေနွေးလို့ အထင်မရောက်စေရန် ကြိုရှင်းပြထားခြင်းဖြစ်ပါတယ်။)
ရေနွေးအကြောင်း အရင်ပြောပါမယ်။
ရာသီဥတုအေးအေးနဲ့ ရေနွေးလေးနဲ့ရေချိုးရတာတော့ အလွန်လိုက်ဖက်မှုရှိလှပါတယ်။ရေနွေးဟာ ကြွက်သားတွေကို ပြေလျော့စေပြီး အညောင်းအညာပြေစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းစေပါတယ်။သို့သော် သတိပြုစရာအချက်က ရေနွေးက အသားခြောက်စေပါတယ်( ဆောင်းရာသီကိုယ်၌က အသားခြောက်စေတဲ့အတွက် ရေနွေးနဲ့ပါချိုးရင် အသားပိုခြောက်နိုင်တာမို့ ….ခြောက်သွေ့တယ့်အသားရည်ပိုင်ရှင်တွေ သတိထားစရာပါ။)ရေနွေးနဲ့ချိုးပြီးတဲ့အခါ အစိုဓာတ်ဖြည့်ခရင်မ် (Moisturiser) ဂရုတစိုက်လူးပေးဖို့တော့ လိုပါလိမ့်မယ်။
ခုတစ်ခါ ရေအေးအကြောင်းလေး ပြောပါမယ်။
ရေအေးနဲ့ချိုးခြင်းအားဖြင့် ခန္ဓာကိုယ်ကိုလန်းဆန်းတက်ကြွစေလို့ …မနက်ခင်းအလုပ်မသွားခင် ရေအေးလေးနဲ့ချိုးလိုက်မယ်ဆိုရင်ဖြင့် တစ်နေ့တာလုံး လန်းလန်းဆန်းဆန်းရှိနေမှာပါ။အသားအရည်နဲ့ဆံပင်ဆံသားအတွက်လည်း ရေအေးက ပိုမိုသင့်လျော်ပါတယ်။ရေအေးဟာလည်းပဲ ရေနွေးနည်းတူ အညောင်းအညာပြေစေပါတယ်။သတိပြုစရာကတော့ အိပ်ရာနိုးကာစမှာ ရေအေးနဲ့ ရုတ်တရက်ထိတွေ့လိုက်ရင် နှလုံးရောဂါအခံရှိသူတွေမှာ ရုတ်တရက်နှလုံးခုန်ရပ်တတ်ပါသတဲ့။ဒါကြောင့် ရေအေးနဲ့ချိုးမယ်ဆိုရင် ရေကို ခြေဖျားကစပြီး ခြေမျက်စေ့၊ဒူး၊ပေါင်၊ခါး၊ကိုယ် ….စသဖြင့် တစ်ဆင့်ချင်းဆီ ရေနည်းနည်းစီလောင်းပြီး ချိုးတာ ပိုမိုသင့်လျော်ပါလိမ့်မယ်။နောက်ပြီး ရာသီဥတုအေးရတဲ့ကြားထဲ….ရေအေးနဲ့အကြာကြီးစိမ်ချိုးနေလို့တော့ မသင့်တော်ဘူးပေါ့နော်။မြန်မြန်သွက်သွက်လေးချိုးတာပိုကောင်းပါတယ်။
ကဲ…….ရေအေးနဲ့ရေနွေးရဲ့ ကောင်းကျိုးနဲ့ သတိပြုစရာလေးတွေကို ပြောပြပြီးပြီဆိုတော့….မိမိရဲ့အခြေအနေ၊အကြိုက်ပေါ်မူတည်ပြီး ….ရွေးချယ်နိုင်သွားပြီပေါ့နော်။ဆောင်းတွင်းမှာ ရေချိုးတာကလည်း ပညာသားပါတယ်…..ဉာဏ်လေးလွှာသုံးဖို့ လိုပါတယ်။
သင်ရော? ရေအေးလား? ရေနွေးလား ?
Dr.Ginger
ေဆာင္းရာသီမွာ ေရေအးနဲ႔ခ်ိဳးၾကမလား? ေရေႏြးနဲ႔ခ်ိဳးၾကမလား?
ေဆာင္းဝင္ေနျပီဆိုေတာ့…..ဒီအေၾကာင္းအရာေလးကို လူအေတာ္မ်ားမ်ား စိတ္ဝင္စားၾကမယ္လို႔ထင္ပါတယ္။သိတဲ့အတိုင္း ရန္ကုန္ေဆာင္းက ေန႔ခင္းဘက္ေတြ ပူသလိုရွိေပမယ့္လို႔….အလုပ္သြား အလုပ္ျပန္ ေရခ်ိဳးခ်ိန္ျဖစ္တဲ့ မနက္အေစာပိုင္းနဲ႔ ညေန/ညပိုင္းေတြေတာ့ အခ်မ္းပိုလွပါတယ္။
ပထမဦးဆံုးေျပာလိုတာကေတာ့ ဒီေနရာမွာ သံုးႏႈန္းတဲ့
“ေရေအး” ဆိုတာ….ပံုမွန္ခ်ိဳးေနၾကေရကိုဆိုလိုတာျဖစ္ၿပီး……”ေရေႏြး”ဆိုတာကေတာ့ …..ခပ္ေႏြးေႏြးေရကိုသာဆိုလိုျခင္းျဖစ္ပါတယ္။(ေရေအးကို ေရခဲေရ၊ ေရေႏြးကို အလြန္ပူတဲ့ေရေႏြးလို႔ အထင္မေရာက္ေစရန္ ႀကိဳရွင္းျပထားျခင္းျဖစ္ပါတယ္။)
ေရေႏြးအေၾကာင္း အရင္ေျပာပါမယ္။
ရာသီဥတုေအးေအးနဲ႔ ေရေႏြးေလးနဲ႔ေရခ်ိဳးရတာေတာ့ အလြန္လိုက္ဖက္မႈရွိလွပါတယ္။ေရေႏြးဟာ ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး အေညာင္းအညာေျပေစတဲ့အျပင္ ခႏၶာကိုယ္ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။သို႔ေသာ္ သတိျပဳစရာအခ်က္က ေရေႏြးက အသားေျခာက္ေစပါတယ္( ေဆာင္းရာသီကိုယ္၌က အသားေျခာက္ေစတဲ့အတြက္ ေရေႏြးနဲ႔ပါခ်ိဳးရင္ အသားပိုေျခာက္ႏိုင္တာမို႔ ….ေျခာက္ေသြ႕တယ့္အသားရည္ပိုင္ရွင္ေတြ သတိထားစရာပါ။)ေရေႏြးနဲ႔ခ်ိဳးၿပီးတဲ့အခါ အစိုဓာတ္ျဖည့္ခရင္မ္ (Moisturiser) ဂရုတစိုက္လူးေပးဖို႔ေတာ့ လိုပါလိမ့္မယ္။
ခုတစ္ခါ ေရေအးအေၾကာင္းေလး ေျပာပါမယ္။
ေရေအးနဲ႔ခ်ိဳးျခင္းအားျဖင့္ ခႏၶာကိုယ္ကိုလန္းဆန္းတက္ႂကြေစလို႔ …မနက္ခင္းအလုပ္မသြားခင္ ေရေအးေလးနဲ႔ခ်ိဳးလိုက္မယ္ဆိုရင္ျဖင့္ တစ္ေန႔တာလံုး လန္းလန္းဆန္းဆန္းရွိေနမွာပါ။အသားအရည္နဲ႔ဆံပင္ဆံသားအတြက္လည္း ေရေအးက ပိုမိုသင့္ေလ်ာ္ပါတယ္။ေရေအးဟာလည္းပဲ ေရေႏြးနည္းတူ အေညာင္းအညာေျပေစပါတယ္။သတိျပဳစရာကေတာ့ အိပ္ရာႏိုးကာစမွာ ေရေအးနဲ႔ ရုတ္တရက္ထိေတြ႕လိုက္ရင္ ႏွလံုးေရာဂါအခံရွိသူေတြမွာ ရုတ္တရက္ႏွလံုးခုန္ရပ္တတ္ပါသတဲ့။ဒါေၾကာင့္ ေရေအးနဲ႔ခ်ိဳးမယ္ဆိုရင္ ေရကို ေျခဖ်ားကစၿပီး ေျခမ်က္ေစ့၊ဒူး၊ေပါင္၊ခါး၊ကိုယ္ ….စသျဖင့္ တစ္ဆင့္ခ်င္းဆီ ေရနည္းနည္းစီေလာင္းၿပီး ခ်ိဳးတာ ပိုမိုသင့္ေလ်ာ္ပါလိမ့္မယ္။ေနာက္ၿပီး ရာသီဥတုေအးရတဲ့ၾကားထဲ….ေရေအးနဲ႔အၾကာႀကီးစိမ္ခ်ိဳးေနလို႔ေတာ့ မသင့္ေတာ္ဘူးေပါ့ေနာ္။ျမန္ျမန္သြက္သြက္ေလးခ်ိဳးတာပိုေကာင္းပါတယ္။
ကဲ…….ေရေအးနဲ႔ေရေႏြးရဲ႕ ေကာင္းက်ိဳးနဲ႔ သတိျပဳစရာေလးေတြကို ေျပာျပၿပီးၿပီဆိုေတာ့….မိမိရဲ႕အေျခအေန၊အႀကိဳက္ေပၚမူတည္ၿပီး ….ေရြးခ်ယ္ႏိုင္သြားၿပီေပါ့ေနာ္။ေဆာင္းတြင္းမွာ ေရခ်ိဳးတာကလည္း ပညာသားပါတယ္…..ဥာဏ္ေလးလႊာသံုးဖို႔ လိုပါတယ္။
သင္ေရာ? ေရေအးလား? ေရေႏြးလား ?
Dr.Ginger