ဟော်မုန်းအစားထိုးကုထုံးများ
ဒီနိုင်ငံမှာ အရမ်းလူသိမများသေးပေမယ့် အခြားနိုင်ငံတွေမှာ အတော်အသုံးများလာကြတဲ့ကုထုံးဖြစ်ပါတယ်။
ခန္တာကိုယ်မှာအသက်ကြီးလာတာနွဲအမျှ လိုအပ်တဲ့ဟော်မုန်းပမာဏတွေ နည်းလာတတ်ပါတယ်။
အဲ့ထဲမှာ အသိသာ ဆုံးကတော့ အမျိုးသမီး အီစတိုဂျင် (oestrogen hormone) နည်းပါးလာပြီး သွေးဆုံးခြင်းပဲ ဖြစ်ပါတယ်။
ဟော်မုန်းအစားထိုးတယ်ဆိုတာဟာ နည်းသွားတဲ့ ဓာတ်ကို ပြန်လည်ဖြည့်ပေးတာ ဖြစ်ပါတယ်။ ဒီလိုဖြည့်တငိးပေးခြင်းအားဖြင့် သွေးဆုံးကိုင်တဲ့လက္ခဏာတွေဖြစ်တဲ့ ပူလိုက်အေးလိုက်ဖြစ်တာ၊ ညဘက်ချွေးစေးပြန်တာ စိတ်အတက်အကျမြန်တာ ညဘက်အိပ်မပျော်တာ မိန်းမကိုယ်ခြောက်သွေ့လွန်းတာ အရိုးပွ၊ အရိုးပါးတာ လိင်ဆက်ဆံလိုစိတ်မရှိတာ စတာတွေကို သက်သာစေပါတယ်။
ဒါပေမယ့် သွေးဆုံးတဲ့ လက္ခဏာတွေဟာ သဘာဝအားဖြငိ့ လည်း လအနည်းငယ်ကြာရင် သူ့ဘာသူ သက်သာသွားတတ်တာမို့ သွေးဆုံးကိုင်လက္ခဏာဆိုးဝါးစွာခံစားနေရသူတွေမှာသာ ပေးလေ့ရှိပါတယ်။
ဆရာဝန်တွေက လိုအပ်လို့ပေးမယ်ဆိုရင် ဆေးပမာဏ နည်းနည်းနဲ့ အရင်စပေးလေ့ရှိပါတယ်။
ဘယ်သူတွေသောက်သင့်ပါသလဲ?
ခုနကပြောသလို လိုအပ်သူတွေမှသာ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်သုံးသင့်ပါတယ်။
ဘယ်သူတွေ မသောက်သင့်ဘူးလဲ?
- သားအိမ်ကင်ဆာ၊ မမျိုးဥ အိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်ဖူးထားသူတွေ
- သွေး အလွန်တက် တက်ပြီး ဆေးမသောက်တဲ့ သူတွေ
- အသည်းရောဂါရှိသူတွေ
- သွေးကြောပိတ်သော ရောဂါရာဇဝင်ရှိသူတွေ အတွက် ဒီကုထုံးဟာ မသင့်တော်ပါဘူး။
အမျိုးအစား အများကြီးရှိပါတယ်။
အများအားဖြင့် ဟော်မုန်း ၂မျိုးပေါင်း Oestrogen + Progestogen ကို သုံးလေ့ရှိကြပါတယ်။
ဆေးပုံစံအနေနဲ့ သောကိဆေး၊ လိမ်းဆေး၊ အရေပြားကပ်ခွာ၊ တွေအနေနဲ့ ရရှိနိုင်ပါတယ်။
ခံစားရတတ်တဲ့ ဆိုးကျိုးတွေကတော့
- ရင်သား အလွန်နာကျင်ခြင်း
- ခေါင်းကိုက်ခြင်း
- အစာမကြေ၊ ပျို့အန်ခြင်း
- ဗိုက်အောင့်တတ်ခြင်း
- ရာသီသွေးဆင်းတတ်ခြင်း တို့ခံစားရလေ့ရှိပါတယ်။
တကယ်လို့ သွေးဆုံးကိုင်လက္ခဏာလည်းမခံစားခြင်ဘူး ၊ ဆေးလည်းမသုံးခြင်ဘူးဆိုရင်တော့
- လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
- အာဟာရမျှတအောင်စားသောက်ပေးပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- ကော်ဖီ မသောက်ပါနဲ့။
မယ်တင်( ဆေး ၁)
ေဟာ္မုန္းအစားထိုးကုထံုးမ်ား
ဒီႏိုင္ငံမွာ အရမ္းလူသိမမ်ားေသးေပမယ့္ အျခားႏိုင္ငံေတြမွာ အေတာ္အသံုးမ်ားလာၾကတဲ့ကုထံုးျဖစ္ပါတယ္။
ခနၱာကိုယ္မွာအသက္ႀကီးလာတာႏဲြအမၽွ လိုအပ္တဲ့ေဟာ္မုန္းပမာဏေတြ နည္းလာတတ္ပါတယ္။
အဲ့ထဲမွာ အသိသာ ဆံုးကေတာ့ အမ်ိဳးသမီး အီစတိုဂ်င္ (oestrogen hormone) နည္းပါးလာၿပီး ေသြးဆံုးျခင္းပဲ ျဖစ္ပါတယ္။
ေဟာ္မုန္းအစားထိုးတယ္ဆိုတာဟာ နည္းသြားတဲ့ ဓာတ္ကို ျပန္လည္ျဖည့္ေပးတာ ျဖစ္ပါတယ္။ ဒီလိုျဖည့္တငိးေပးျခင္းအားျဖင့္ ေသြးဆံုးကိုင္တဲ့လကၡဏာေတြျဖစ္တဲ့ ပူလိုက္ေအးလိုက္ျဖစ္တာ၊ ညဘက္ေခၽြးေစးျပန္တာ စိတ္အတက္အက်ျမန္တာ ညဘက္အိပ္မေပ်ာ္တာ မိန္းမကိုယ္ေျခာက္ေသြ႕လြန္းတာ အရိုးပြ၊ အရိုးပါးတာ လိင္ဆက္ဆံလိုစိတ္မရွိတာ စတာေတြကို သက္သာေစပါတယ္။
ဒါေပမယ့္ ေသြးဆံုးတဲ့ လကၡဏာေတြဟာ သဘာဝအားျဖငိ့ လည္း လအနည္းငယ္ၾကာရင္ သူ႔ဘာသူ သက္သာသြားတတ္တာမို႔ ေသြးဆံုးကိုင္လကၡဏာဆိုးဝါးစြာခံစားေနရသူေတြမွာသာ ေပးေလ့ရွိပါတယ္။
ဆရာဝန္ေတြက လုိအပ္လို႔ေပးမယ္ဆိုရင္ ေဆးပမာဏ နည္းနည္းနဲ႔ အရင္စေပးေလ့ရွိပါတယ္။
ဘယ္သူေတြေသာက္သင့္ပါသလဲ?
ခုနကေျပာသလို လိုအပ္သူေတြမွသာ ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ေသာက္သံုးသင့္ပါတယ္။
ဘယ္သူေတြ မေသာက္သင့္ဘူးလဲ?
- သားအိမ္ကင္ဆာ၊ မမ်ိဳးဥ အိမ္ကင္ဆာ၊ ရင္သားကင္ဆာ ျဖစ္ဖူးထားသူေတြ
- ေသြး အလြန္တက္ တက္ၿပီး ေဆးမေသာက္တဲ့ သူေတြ
- အသည္းေရာဂါရွိသူေတြ
- ေသြးေၾကာပိတ္ေသာ ေရာဂါရာဇဝင္ရွိသူေတြ အတြက္ ဒီကုထံုးဟာ မသင့္ေတာ္ပါဘူး။
အမ်ိဳးအစား အမ်ားႀကီးရွိပါတယ္။
အမ်ားအားျဖင့္ ေဟာ္မုန္း ၂မ်ိဳးေပါင္း Oestrogen + Progestogen ကို သံုးေလ့ရွိၾကပါတယ္။
ေဆးပံုစံအေနနဲ႔ ေသာကိေဆး၊ လိမ္းေဆး၊ အေရျပားကပ္ခြာ၊ ေတြအေနနဲ႔ ရရွိႏိုင္ပါတယ္။
ခံစားရတတ္တဲ့ ဆိုးက်ိဳးေတြကေတာ့
- ရင္သား အလြန္နာက်င္ျခင္း
- ေခါင္းကိုက္ျခင္း
- အစာမေၾက၊ ပ်ိဳ႕အန္ျခင္း
- ဗိုက္ေအာင့္တတ္ျခင္း
- ရာသီေသြးဆင္းတတ္ျခင္း တို႔ခံစားရေလ့ရွိပါတယ္။
တကယ္လို႔ ေသြးဆံုးကိုင္လကၡဏာလည္းမခံစားျခင္ဘူး ၊ ေဆးလည္းမသံုးျခင္ဘူးဆိုရင္ေတာ့
- ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါ။
- အာဟာရမၽွတေအာင္စားေသာက္ေပးပါ။
- ေဆးလိပ္မေသာက္ပါနဲ႔။
- ေကာ္ဖီ မေသာက္ပါနဲ႔။
မယ္တင္( ေဆး ၁)