ပျားရည်စမ်းခရီးအတွက် ပြင်ဆင်ပြီးကြပြီလား?
မင်္ဂလာဆောင်မယ့် မောင်နှံတွေအတွက် ပျားရည်စမ်းခရီးဆိုတာ မပါမဖြစ်ပေါ့နော်။
တစ်သက်မှာ တစ်ခါ နှစ်ယောက်တည်းချစ်စ ခင်စမှာ အတူတူသွားရတဲ့ ခရီးမို့ ကြည်နူးစရာအမှတ်တရတွေ ပြည့်နေဖို့ကလည်း အရေးကြီးလှတာပေါ့။
ပြန်တွေးလိုက်တိုင်း စိတ်ချမ်းသာစရာတွေနဲ့ ပြည့်နေဖို့ဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့လိုသလို၊ နေရာရွေးချယ်မှု မှန်ကန်ဖို့လည်း အဓိကပဲနော်။
ဒီလိုပွင့်လင်းတဲ့ နွေရာသီမှာလက်ထပ်မဲ့ ဇနီးမောင်နှံတွေ၊ ခရီးဝေး၊ ခရီးကြမ်းမသွားချင်တဲ့လူတွေ၊ ပျားရည်စမ်းခရီးအတွက် ခွင့်ရက်ရှည်မရတဲ့မောင်နှံတွေ၊ အတွက်ဆို ” အချစ်နဲ့အတူ ကမ်းခြေသွားပါ” လို့ အကြံပေးခြင်ပါတယ်။
ကမ်းခြေသွားရင် တကယ်ကြီး ပျော်ရမှလား? ဆက်သာဖတ်ကြည့်လိုက်ပါလို့။
၁) မိမိနဲ့ ချစ်ချစ်ဟာ ခရီးပန်းခြင်း မခံစားရနိုင်တော့ပါဘူး။
သိကြတဲ့အတိုင်း မြန်မာမှ နာမည်ကြီးတဲ့ ချောင်းသာ၊ ငွေဆောင်၊ ငပလီ စတဲ့ကမ်းခြေတွေဟာ သွားရေးလွယ်ကူ အဆင်ပြေပြီး အချိန်တိုအတွင်း သွားနိုင်တဲ့နေရာတွေ မို့ သွားချိန်ပြန်ချိန်၊ ခရီးပန်းမှာကို ခေါင်းထဲမေ့ထားလို့ရတာပေါ့နော်။
၂) တစ်သက်တာ အလှဆုံးဓာတ်ပုံတွေ ရိုက်လို့ရပါတယ်။
စုံတွဲ နှစ်ယောက်ရိုက်ဖို့ ဖုန်းလေးပါမယ်၊ Tripod လေး ပါမယ်ဆိုရင်တောင် Romantic ဖြစ်တဲ့ ပင်လယ်ကြီး နောက်ခံထား၊ ကျောက်ဆောင်လေးတွေ ၊ လှိုင်းလုံးလေးတွေနဲ့ Couple Goal တွေ တစ်ပျော်ကြီးရိုက်နိုင်ပါတယ်။
Photographer မလို Lighting မလို သဘာဝ နေရောင်က မိမိနဲ့ ချစ်ချစ်ကို အလှဆုံးဖြစ်စေမှာ သေချာပါတယ်။
( ဓာတ်ပုံရိုက်ဖို့ Pose တွေ အများကြီးသာ ကြိုစဉ်းစားထားလိုက်ပါ။)
၃) မိမိချစ်သူဟာ အစားတစ်လိုင်းဖြစ်ပါက သင်အမှတ်ပြည့်ရနိုင်ပါတယ်။
Beach သွားပြီ ဆိုတာနဲ့ ပင်လယ်စာ( Sea food) တွေကို လိုသလောက်၊ ကြိုက်သလောက် လတ်လတ်ဆက်ဆက် ရနိုင်တာမို့ စားရမယ့် စာရင်းလေးသာ ကြိုလုပ်ထား။
ပျားရည်စမ်း မောင်နှံတို့ ကမ်းခြေဘက်လှည့် ဖယောင်းတိုင်လေးထွန်း( Candle light Dinner) လေးနဲ့ လေတစ်ဖြူးဖြူးမှာ ပင်လယ်စာလေးစား။ ဒီထက် ကောင်းတာတောင် ဒီလောက်ကောင်းမယ်မထင်ဘူးနော့။
* ဒီနေရာမှာ မှာချင်တာက မိမိရော ချစ်သူပါ ပင်လယ်စာ ဓာတ်တည့်မတည့် ကြိုသိထားရင် ပိုကောင်းပါမယ်။ ဓာတ်မတည့်မှာ စိတ်ပူသူတွေလည်း ( Burmeton) ကြိုဆောင်သွားပါ။ ပင်လယ်စာ စားပြီး ဝမ်းလျှောတမျိုး ဖြစ်လာရင်ဆောင်ထားဖို့ ဓာတ်ဆားရည် လေးပါဆောင်သွားပါ။*
၄) မနက်စောစော ကမ်းခြေတစ်လျှောက် လမ်းလျှောက်နိုင်ပါတယ်။
ပျားရည်စမ်းခရီးရဲ့ အရသာဟာ သင့်ချစ်သူနဲ့အတူ နိုးထရခြင်းပါ။ ဒါကိုမှထပ်ပြီး နေရောင်ထွက်စမှာ ကမ်းခြေတစ်လျှောက် ခရုခွံလေးကောက်ပြီး လမ်းလျှောက်ရမယ်ဆိုရင် ပျားရည်စမ်းခရီးမှာ ဘာမှတောင်ထပ်မလိုလောက်တော့ပါဘူးနော်
* လမ်းလျှောက် ဖိနပ် သို့ slipper လေး ကြိုဆောင်သွားပါ။*
၅) ချစ်သူနဲ့အတူဆော့ကစားလိုက်ပါ။
ကမ်းခြေတော်တော်များများမှာ Water sport( ရေထဲဆော့ရသော ကစားနည်း) များရှိလေ့ရှိပါတယ်။ တစ်ယောက်ထဲဆို အသည်းငယ်ခဲ့ သမျှ ချစ်သူနဲ့ အတူပျော်ရွှင်စွာ ဆော့ကြည့်ပါ။
Speed boat, Banana boat, စီးမလား? ရေထဲက ငါးလေးတွေ တူတူကြည့်မလား?
နောက်ဆုံးရေကြောက်တယ်ဆိုရင်တောင် ကမ်းခြေမှာ စွန်လေးလွှတ်၊ မြင်းလေးစီးလို့ရပါသေးတယ်နော်။
* ရေဆော့လို့ အသားမမဲချင် နေမလောင်ချင်ရင် နေရောင်ကာ sun screen ဆောင်ပြီး နှစ်နာရီတခါ ပြန်လိမ်းပေးပါ။ ရေကူးဝတ်စုံ၊ အပေါ်ထပ်( Swim wear cover) ၊ နေကာမျက်မှန်၊ တို့ယူသွားဖို့လည်း မမေ့ပါနဲ့နော်*
ကဲ ဒါဆို နောက်တစ်ခါ ပြန်မေးကြည့်မယ် ” ပျားရည်စမ်းခရီး ပြင်ဆင်တော့မှာလားလို့”
မယ်တင်( ဆေး ၁)
ပ်ားရည္စမ္းခရီးအတြက္ ျပင္ဆင္ၿပီးၾကၿပီလား?
မဂၤလာေဆာင္မယ့္ ေမာင္ႏွံေတြအတြက္ ပ်ားရည္စမ္းခရီးဆိုတာ မပါမျဖစ္ေပါ့ေနာ္။
တစ္သက္မွာ တစ္ခါ ႏွစ္ေယာက္တည္းခ်စ္စ ခင္စမွာ အတူတူသြားရတဲ့ ခရီးမို႔ ၾကည္ႏူးစရာအမွတ္တရေတြ ျပည့္ေနဖို႔ကလည္း အေရးႀကီးလွတာေပါ့။
ျပန္ေတြးလိုက္တိုင္း စိတ္ခ်မ္းသာစရာေတြနဲ႔ ျပည့္ေနဖို႔ဆိုတာ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုသလို၊ ေနရာေရြးခ်ယ္မႈ မွန္ကန္ဖို႔လည္း အဓိကပဲေနာ္။
ဒီလိုပြင့္လင္းတဲ့ ေႏြရာသီမွာလက္ထပ္မဲ့ ဇနီးေမာင္ႏွံေတြ၊ ခရီးေဝး၊ ခရီးၾကမ္းမသြားခ်င္တဲ့လူေတြ၊ ပ်ားရည္စမ္းခရီးအတြက္ ခြင့္ရက္ရွည္မရတဲ့ေမာင္ႏွံေတြ၊ အတြက္ဆို ” အခ်စ္နဲ႔အတူ ကမ္းေျခသြားပါ” လို႔ အၾကံေပးျခင္ပါတယ္။
ကမ္းေျခသြားရင္ တကယ္ႀကီး ေပ်ာ္ရမွလား? ဆက္သာဖတ္ၾကည့္လိုက္ပါလို႔။
၁) မိမိနဲ႔ ခ်စ္ခ်စ္ဟာ ခရီးပန္းျခင္း မခံစားရႏိုင္ေတာ့ပါဘူး။
သိၾကတဲ့အတိုင္း ျမန္မာမွ နာမည္ႀကီးတဲ့ ေခ်ာင္းသာ၊ ေငြေဆာင္၊ ငပလီ စတဲ့ကမ္းေျခေတြဟာ သြားေရးလြယ္ကူ အဆင္ေျပၿပီး အခ်ိန္တိုအတြင္း သြားႏိုင္တဲ့ေနရာေတြ မို႔ သြားခ်ိန္ျပန္ခ်ိန္၊ ခရီးပန္းမွာကို ေခါင္းထဲေမ့ထားလို႔ရတာေပါ့ေနာ္။
၂) တစ္သက္တာ အလွဆံုးဓာတ္ပံုေတြ ရိုက္လို႔ရပါတယ္။
စံုတြဲ ႏွစ္ေယာက္ရိုက္ဖို႔ ဖုန္းေလးပါမယ္၊ Tripod ေလး ပါမယ္ဆိုရင္ေတာင္ Romantic ျဖစ္တဲ့ ပင္လယ္ႀကီး ေနာက္ခံထား၊ ေက်ာက္ေဆာင္ေလးေတြ ၊ လႈိင္းလံုးေလးေတြနဲ႔ Couple Goal ေတြ တစ္ေပ်ာ္ႀကီးရိုက္ႏိုင္ပါတယ္။
Photographer မလို Lighting မလို သဘာဝ ေနေရာင္က မိမိနဲ႔ ခ်စ္ခ်စ္ကို အလွဆံုးျဖစ္ေစမွာ ေသခ်ာပါတယ္။
( ဓာတ္ပံုရိုက္ဖို႔ Pose ေတြ အမ်ားႀကီးသာ ႀကိဳစဥ္းစားထားလိုက္ပါ။)
၃) မိမိခ်စ္သူဟာ အစားတစ္လိုင္းျဖစ္ပါက သင္အမွတ္ျပည့္ရႏိုင္ပါတယ္။
Beach သြားၿပီ ဆိုတာနဲ႔ ပင္လယ္စာ( Sea food) ေတြကို လိုသေလာက္၊ ႀကိဳက္သေလာက္ လတ္လတ္ဆက္ဆက္ ရႏိုင္တာမို႔ စားရမယ့္ စာရင္းေလးသာ ႀကိဳလုပ္ထား။
ပ်ားရည္စမ္း ေမာင္ႏွံတို႔ ကမ္းေျခဘက္လွည့္ ဖေယာင္းတိုင္ေလးထြန္း( Candle light Dinner) ေလးနဲ႔ ေလတစ္ျဖဴးျဖဴးမွာ ပင္လယ္စာေလးစား။ ဒီထက္ ေကာင္းတာေတာင္ ဒီေလာက္ေကာင္းမယ္မထင္ဘူးေနာ့။
* ဒီေနရာမွာ မွာခ်င္တာက မိမိေရာ ခ်စ္သူပါ ပင္လယ္စာ ဓာတ္တည့္မတည့္ ႀကိဳသိထားရင္ ပိုေကာင္းပါမယ္။ ဓာတ္မတည့္မွာ စိတ္ပူသူေတြလည္း ( Burmeton) ႀကိဳေဆာင္သြားပါ။ ပင္လယ္စာ စားၿပီး ဝမ္းေလၽွာတမ်ိဳး ျဖစ္လာရင္ေဆာင္ထားဖို႔ ဓာတ္ဆားရည္ ေလးပါေဆာင္သြားပါ။*
၄) မနက္ေစာေစာ ကမ္းေျခတစ္ေလၽွာက္ လမ္းေလၽွာက္ႏိုင္ပါတယ္။
ပ်ားရည္စမ္းခရီးရဲ႕ အရသာဟာ သင့္ခ်စ္သူနဲ႔အတူ ႏိုးထရျခင္းပါ။ ဒါကိုမွထပ္ၿပီး ေနေရာင္ထြက္စမွာ ကမ္းေျခတစ္ေလၽွာက္ ခရုခြံေလးေကာက္ၿပီး လမ္းေလၽွာက္ရမယ္ဆိုရင္ ပ်ားရည္စမ္းခရီးမွာ ဘာမွေတာင္ထပ္မလိုေလာက္ေတာ့ပါဘူးေနာ္
* လမ္းေလၽွာက္ ဖိနပ္ သို႔ slipper ေလး ႀကိဳေဆာင္သြားပါ။*
၅) ခ်စ္သူနဲ႔အတူေဆာ့ကစားလိုက္ပါ။
ကမ္းေျခေတာ္ေတာ္မ်ားမ်ားမွာ Water sport( ေရထဲေဆာ့ရေသာ ကစားနည္း) မ်ားရွိေလ့ရွိပါတယ္။ တစ္ေယာက္ထဲဆို အသည္းငယ္ခဲ့ သမၽွ ခ်စ္သူနဲ႔ အတူေပ်ာ္ရႊင္စြာ ေဆာ့ၾကည့္ပါ။
Speed boat, Banana boat, စီးမလား? ေရထဲက ငါးေလးေတြ တူတူၾကည့္မလား?
ေနာက္ဆံုးေရေၾကာက္တယ္ဆိုရင္ေတာင္ ကမ္းေျခမွာ စြန္ေလးလႊတ္၊ ျမင္းေလးစီးလို႔ရပါေသးတယ္ေနာ္။
* ေရေဆာ့လို႔ အသားမမဲခ်င္ ေနမေလာင္ခ်င္ရင္ ေနေရာင္ကာ sun screen ေဆာင္ၿပီး ႏွစ္နာရီတခါ ျပန္လိမ္းေပးပါ။ ေရကူးဝတ္စံု၊ အေပၚထပ္( Swim wear cover) ၊ ေနကာမ်က္မွန္၊ တို႔ယူသြားဖို႔လည္း မေမ့ပါနဲ႔ေနာ္*
ကဲ ဒါဆို ေနာက္တစ္ခါ ျပန္ေမးၾကည့္မယ္ ” ပ်ားရည္စမ္းခရီး ျပင္ဆင္ေတာ့မွာလားလို႔”
မယ္တင္( ေဆး ၁)