ကလေးနှင့် ပျားရည်

ပျားရည်ဟာ အလွန်ကောင်းမွန်တဲ့ သဘာ၀ အစားအစာဖြစ်တာကြောင့် ကျန်းမာရေး အတွက်သင့်တော်တယ်ဆိုတာ သိကြပါတယ်။ သဘာဝက ရတဲ့ အချိုဓာတ်အပြင် တခြား အာဟာရဓာတ်တွေပါ ပါဝင်နေတာကြောင့် လူကြီးလူငယ်မရွေး သုံးစွဲကြပါတယ်။ ပျားရည်ကို ဒီတိုင်းစားကြတဲ့ အပြင်၊ ဒိန်ချဉ်နဲ့ရောသောက်တာ၊ မုန့်တွေလုပ်တဲ့ နေရာမှာ၊ ဆေးဖော်တဲ့ နေရာမှာတွေပါ အမျိုးမျိုးသုံးစွဲကြပါတယ်။ စွယ်စုံသုံးလို့ရတဲ့ ပျားရည်ကို သဘာ၀ အတိုင်းရော၊ မွေးမြူရေးပျားတွေကနေပါ ရရှိနိုင်ပါတယ်။ ပျားရည်ရဲ့အချိုဟာ Monosaccharides fructose နဲ့ Glucose က ရရှိပါတယ်။ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၄၆ ပါဝင်ပါတယ်။

ပျားရည်ဟာ ဆေးဖက်ဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သဘာ၀ ပိုးသတ်ဆေး အာနိသင်ရှိပါတယ်။ အနာကျက်စေပါတယ်။ အစာကျေစေပါတယ်။ လည်ချောင်းနာ သက်သာစေပါတယ်။ ဆေးလိုရော အစာလိုရော အသုံးဝင်ပါတယ်။ ပန်းပင်တွေကရတဲ့ Polyphenols လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေဟာ Antioxidants အာနိသင်ရှိပါတယ်။ ဆဲလ် တွေ ပျက်စီးမှုကို ကာကွယိပေးပါတယ်။ ကင်ဆာနဲ့နှလုံးရောဂါ ကိုတောင် ကာကွယ်နိုင်တယ်လို့ပြောကြပါတယ်။ ပျားရည် သုံးစွဲမှု များတာကြောင့် သဘာ၀ ပျားရည်ကို လုံလုံလောက်လောက် မရနိုင်ပါဘူး။ မွေးမြူရေး ပျားတွေကနေ ထုတ်လုပ်ကြပြီး ပြန်လည်ကျိုချက် ကြတဲ့ အချိန်မှာ ဓာတု အချိုတွေ ကို ထည့်လာကြပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့မသင့်တော်ပါဘူး။

ကလေးငယ်တွေ အတွက်ဆိုရင်တော့ ပျားရည်ကို ကလေး အသက် ၁ နှစ်ပြည့်မှ စကျွေးသင့်ပါတယ်။ ပျားရည်ကနေ တဆင့် Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်တာလေး ဖြစ်တတ်ပါတယ်။ ၆ လအောက် ကလေးငယ်တွေမှာ ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ၁ နှစ်အထိ ကလေးကို ပျားရည် မတိုက်သင့်ပါဘူး လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ပျားရည်ကို လောပြီး မကျွေးသင့်ပါဘူး။ တောပျားရည်တွေမှာဆို ပန်းဝတ်မှုန်တွေပါတာကြောင့် တချို့ဓာတ်မတည့် ရောဂါရှိတဲ့ ကလေးတွေဆို Allergy ဖြစ်တတ်ပါတယ်။ ဒါကြောင့် ၁ နှစ်အောက် ကလေးတွေကို ပျားရည် ခွံ့တာမျိုး၊ ပျားရည်ပါတဲ့ မုန့်တွေ ကျွေးတာမျိုး မလုပ်သင့်သေးပါဘူး။

ပျားရည်မှာ ဗီတာမင် B အုပ်စုနဲ့C လည်း ပါဝင်တာကြောင့် ကလေးငယ်တွေ အတွက် အလွန်ကောင်းမွန်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ချောင်းဆိုးတာနဲ့လည်ချောင်းနာတာ ကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကလေးငယ်တွေ အနာဖြစ်တာ ကွဲတာရှတာရှိရင်လည်း လိမ်းပေးလို့ရပါတယ်။ ဒါတွေအားလုံးဟာ ၁ နှစ်အထက် ကလေးငယ်တွေ အတွက်ပဲသင့်တော်တယ်ဆိုတာ စကားခံပါရစေ။ ကလေးတွေကို စကျွေးတဲ့အခါ ဇွန်းသေးသေးနဲ့ စခွံ့ကြည့်ပါ။ မတည့်တဲ့ လက္ခဏာ တစ်ခုခု မပြရင် ကလေးစားမယ့် အစားအစာတွေထဲ ရောကျွေးလို့ရပါပြီ။ Oatmeal နဲ့ရောကျွေးတာ ဖြစ်ဖြစ်၊ ပေါင်မုန့်မီးကင်ပေါ် ဆမ်းကျွေးတာ ဖြစ်ဖြစ် မနက်စာကျွေးတဲ့ အချိန် ကျွေးလို့ရပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ထဲကို သကြားထည့်မယ့် အစား ပျားရည်ထည့်တာ ပိုကောင်းပါတယ်။ Smoothie ကို Homemade လုပ်မယ်ဆိုလည်း သကြားအစားထိုး ပျားရည်သုံးပါ။ Pancake တို့အသီးတို့နဲ့ဆမ်းကျွေးတာမျိုးလည်း ကလေးတွေက ကြိုက်တတ်ပါတယ်။

ကလေးတွေရဲ့သဘောကို က Sweet Tooth အချိုကြိုက်ကြတာမို့ ဘေးအန္တာရာယ်ကင်းပြီး စိတ်ချရတဲ့ ပျားရည်ကို သုံးပေးတာ သင့်တော်ပါတယ်။ အချိုကြိုက်တဲ့ ကလေးတွေကို သဘာ၀ အချိုတွေပဲ ကြိုက်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ အချိုရည်တွေ သကြားများတဲ့ ဖျော်ရည်တွေ သားရေစာတွေ အစား သဘာ၀ အစားအစာ ကသာ ပိုကောင်းတာမို့ကလေးရှိတဲ့ မိဘတိုင်း ဆင်ခြင်နိုင်ကြဖို့မေတ္တာဖြင့် မျှဝေလိုက်ပါတယ်။

Dr. Jasmine

ကေလးနွင့္ ပ်ားရည္

ပ်ားရည္ဟာ အလြန္ေကာင္းမြန္တဲ့ သဘာ၀ အစားအစာျဖစ္တာေၾကာင့္ က်န္းမာေရး အတြက္သင့္ေတာ္တယ္ဆိုတာ သိၾကပါတယ္။ သဘာ၀က ရတဲ့ အခ်ိဳဓာတ္အျပင္ တျခား အာဟာရဓာတ္ေတြပါ ပါ၀င္ေနတာေၾကာင့္ လူၾကီးလူငယ္မေရြး သံုးစြဲၾကပါတယ္။ ပ်ားရည္ကို ဒီတိုင္းစားၾကတဲ့ အျပင္၊ ဒိန္ခ်ဥ္နဲ ့ေရာေသာက္တာ၊ မုန္ ့ေတြလုပ္တဲ့ ေနရာမွာ၊ ေဆးေဖာ္တဲ့ ေနရာမွာေတြပါ အမ်ိဳးမ်ိဳးသံုးစြဲၾကပါတယ္။ စြယ္စံုသံုးလို ့ရတဲ့ ပ်ားရည္ကို သဘာ၀ အတိုင္းေရာ၊ ေမြးျမဴေရးပ်ားေတြကေနပါ ရရွိနုိင္ပါတယ္။ ပ်ားရည္ရဲ ့အခ်ိဳဟာ Monosaccharides fructose နဲ ့ Glucose က ရရွိပါတယ္။ ပ်ားရည္ ထမင္းစားဇြန္း ၁ ဇြန္းမွာ ကယ္လိုရီ ၄၆ ပါ၀င္ပါတယ္္။

ပ်ားရည္ဟာ ေဆးဖက္၀င္ပါတယ္။ ဓာတ္တိုးဆန္ ့က်င္ပစၥည္းေတြ ပါ၀င္ပါတယ္။ သဘာ၀ ပိုးသတ္ေဆး အာနိသင္ရွိပါတယ္။ အနာက်က္ေစပါတယ္။ အစာေက်ေစပါတယ္။ လည္ေခ်ာင္းနာ သက္သာေစပါတယ္။ ေဆးလိုေရာ အစာလိုေရာ အသံုး၀င္ပါတယ္။ ပန္းပင္ေတြကရတဲ့ Polyphenols လို ့ေခၚတဲ့ ဓာတ္ေပါင္းေတြဟာ Antioxidants အာနိသင္ရွိပါတယ္။ ဆဲလ္ ေတြ ပ်က္စီးမွဳကို ကာကြယိေပးပါတယ္။ ကင္ဆာနဲ ့နွလံုးေရာဂါ ကိုေတာင္ ကာကြယ္နိုင္တယ္လို ့ေျပာၾကပါတယ္။ ပ်ားရည္ သံုးစြဲမွု မ်ားတာေၾကာင့္ သဘာ၀ ပ်ားရည္ကို လံုလံုေလာက္ေလာက္ မရနိုင္ပါဘူး။ ေမြးျမဴေရး ပ်ားေတြကေန ထုတ္လုပ္ၾကျပီး ျပန္လည္က်ိဳခ်က္ ၾကတဲ့ အခ်ိန္မွာ ဓာတု အခ်ိဳေတြ ကို ထည့္လာၾကပါတယ္။ ဒါေတြက က်န္းမာေရးနဲ ့မသင့္ေတာ္ပါဘူး။

ကေလးငယ္ေတြ အတြက္ဆိုရင္ေတာ့ ပ်ားရည္ကို ကေလး အသက္ ၁ နွစ္ျပည့္မွ စေကၽြးသင့္ပါတယ္။ ပ်ားရည္ကေန တဆင့္ Botulism လို ့ေခၚတဲ့ အစာအဆိပ္သင့္တာေလး ျဖစ္တတ္ပါတယ္။ ၆ လေအာက္ ကေလးငယ္ေတြမွာ ပိုဆိုးနိုင္ပါတယ္။ ဒါေၾကာင့္ ၁ နွစ္အထိ ကေလးကို ပ်ားရည္ မတိုက္သင့္ပါဘူး လို ့ ပညာရွင္ေတြက အၾကံျပဳထားပါတယ္။ ပ်ားရည္ကို ေလာျပီး မေကၽြးသင့္ပါဘူး။ ေတာပ်ားရည္ေတြမွာဆို ပန္း၀တ္မွုန္ေတြပါတာေၾကာင့္ တခ်ိဳ ့ဓာတ္မတည့္ ေရာဂါရွိတဲ့ ကေလးေတြဆို Allergy ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ၁ နွစ္ေအာက္ ကေလးေတြကို ပ်ားရည္ ခြံ ့တာမ်ိဳး၊ ပ်ားရည္ပါတဲ့ မုန္ ့ေတြ ေကၽြးတာမ်ိဳး မလုပ္သင့္ေသးပါဘူး။

ပ်ားရည္မွာ ဗီတာမင္ B အုပ္စုနဲ ့C လည္း ပါ၀င္တာေၾကာင့္ ကေလးငယ္ေတြ အတြက္ အလြန္ေကာင္္းမြန္ပါတယ္။ ကေလးေတြမွာ အျဖစ္မ်ားတဲ့ ေခ်ာင္းဆုိးတာနဲ ့လည္ေခ်ာင္းနာတာ ကိုလည္း သက္သာေစနိုင္တဲ့ အာနိသင္ရွိပါတယ္။ ကေလးငယ္ေတြ အနာျဖစ္တာ ကြဲတာရွတာရွိရင္လည္း လိမ္းေပးလို ့ရပါတယ္။ ဒါေတြအားလံုးဟာ ၁ နွစ္အထက္ ကေလးငယ္ေတြ အတြက္ပဲသင့္ေတာ္တယ္ဆိုတာ စကားခံပါရေစ။ ကေလးေတြကို စေကၽြးတဲ့အခါ ဇြန္းေသးေသးနဲ ့ စခြံ ့ၾကည့္ပါ။ မတည့္တဲ့ လကၡဏာ တစ္ခုခု မျပရင္ ကေလးစားမယ့္ အစားအစာေတြထဲ ေရာေကၽြးလို ့ရပါျပီ။ Oatmeal နဲ ့ေရာေကၽြးတာ ျဖစ္ျဖစ္၊ ေပါင္မုန္ ့မီးကင္ေပၚ ဆမ္းေကၽြးတာ ျဖစ္ျဖစ္ မနက္စာေကၽြးတဲ့ အခ်ိန္ ေကၽြးလို ့ရပါတယ္။ ဒါ့အျပင္ ဒိန္ခ်ဥ္ထဲကို သၾကားထည့္မယ့္ အစား ပ်ားရည္ထည့္တာ ပိုေကာင္းပါတယ္။ Smoothie ကို Homemade လုပ္မယ္ဆိုလည္း သၾကားအစားထိုး ပ်ားရည္သံုးပါ။ Pancake တို ့အသီးတို ့နဲ ့ဆမ္းေကၽြးတာမ်ိဳးလည္း ကေလးေတြက ၾကိဳက္တတ္ပါတယ္။

ကေလးေတြရဲ ့သေဘာကို က Sweet Tooth အခ်ိဳၾကိဳက္ၾကတာမို ့ ေဘးအႏၱာရာယ္ကင္းျပီး စိတ္ခ်ရတဲ့ ပ်ားရည္ကို သံုးေပးတာ သင့္ေတာ္ပါတယ္။ အခ်ိဳၾကိဳက္တဲ့ ကေလးေတြကို သဘာ၀ အခ်ိဳေတြပဲ ၾကိဳက္တတ္ေအာင္ ေလ့က်င့္ေပးသင့္ပါတယ္။ အခ်ိဳရည္ေတြ သၾကားမ်ားတဲ့ ေဖ်ာ္ရည္ေတြ သားေရစာေတြ အစား သဘာ၀ အစားအစာ ကသာ ပိုေကာင္းတာမို ့ကေလးရွိတဲ့ မိဘတိုင္း ဆင္ျခင္နိုင္ၾကဖို ့ေမတၱာျဖင့္ မ်ွေ၀လိုက္ပါတယ္။

Dr. Jasmine

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…