လိင်တူစိတ်ဝင်စားခြင်း

လိင်တူစိတ်ဝင်စားခြင်းဆိုတာဟာ ယောကျာ်းလေးနှင့်အခြားယောကျ်ားလေးအချင်းချင်း၊ မိန်းကလေးနှင့်အခြားမိန်းကလေးအချင်းချင်း ၁၅၀၀ ဆိုတဲ့မေတ္တာနဲ့ ချစ်ကြိုက်ကြ၊ စိတ်ဝင်စားကြတာကိုဖော်ညွှန်းတာဖြစ်ပါတယ်။ ယောကျ်ားလေးချင်း ချစ်ကြိုက်သူများကို Gay (ဂေး) လို့ခေါ်ဝေါ်သုံးစွဲပြီး မိန်းကလေးချင်းချစ်ကြိုက်သူများကို Lesbian (လက်စဘီယန်) လို့ခေါ်ပါတယ်။ ယခုအခါမှာ ပွင့်လင်းမှုရှိလာကြတဲ့ခေတ်ဖြစ်တာကြောင့် လိင်တူစိတ်ဝင်စားခြင်းရှိသူအများအပြား ပွင့်ပွင့်လင်းလင်း မိမိကိုယ်ကို ထုတ်ဖော်လက်ခံလာကြတာကိုလဲတွေ့ရပါတယ်။

လိင်တူစိတ်ဝင်စားမှုဘယ်ကစ

သမိုင်းအထောက်အထားများအရ အစောဆုံးလိင်တူစိတ်ဝင်စားသူစုံတွဲမှတ်တမ်းကို ဘီစီ ၂၄၀၀ (BC 2400) မှာ အီဂျစ်ပြည်ရဲ့တော်ဝန်မင်းမျိုးမင်းနွယ်တို့ကို ခစားတဲ့ အမျိုးသားကျေးကျွန်နှစ်ဦးဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရှိရပါတယ်။ ထို့နောက်မှာတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ လိင်တူစုံမက်သူများရှိကြောင်းကို ခေတ်အဆက်ဆက် မှတ်တမ်းများမှာလည်း တွေ့ရပါတယ်။ ၂၀ ရာစုနှစ်အထိ လိင်တူစုံမက်ခြင်းကို နိုင်ငံအတော်များများမှာ ရာဇဝတ်မှုပုဒ်မအထိ စွဲချက်တင်ကြကြောင်း တွေ့ရှိရပေမယ့် ၂၁ ရာစုရောက်တဲ့အခါမှာတော့ လိင်တူလိင်ကွဲမခွဲခြား လူသားချင်းစာနာကာ အရှိအတိုင်းကိုလက်ခံထားကြဖို့ တောင်းဆိုမှုတွေပြုလုပ်လာကြပြီး လိင်တူချင်းလက်ထပ်မှုကိုပါ တရားဝင်ခွင့်ပြုလာကြပြီဖြစ်ပါတယ်။

လိင်တူစုံမက်ခြင်းနှင့် ကျန်းမာရေး

လိင်တူစိတ်ဝင်စားသည်ဖြစ်စေ၊ လိင်ကွဲစိတ်ဝင်စားသည်ဖြစ်စေ ကာမစက်ယှက်မှုကိုတော့ မလွန်ဆန်နိုင်ကြစမြဲပဲဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်အရ စိတ်ချရသော လိင်ဆက်ဆံမှုရှိခြင်း (Safer sex)ဆိုတာဟာ အရေးအကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ လိင်တူစုံမက်သူများဟာ လူဦးရေအချိုးချကာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းအလွန်နည်းသေးတာမို့ လိင်တူချစ်သူများဟာ သည်လူနည်းစုထဲကပဲ လက်တွဲဖော်များ တစ်ဦးပြီးတစ်ဦး သို့မဟုတ် တစ်ပြိုင်နက်လက်တွဲဖော်အများအပြားတွဲကြခြင်းကိုတွေ့ရပါတယ်။ ဒီအခါမှာ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများမှာ လိင်တူဆက်ဆံသူများအကြား သာမန်နှုန်းထက် ပိုမိုပျံ့ပွားနေနိုင်တာကြောင့် စိတ်ချရသောလိင်ဆက်ဆံမှုကို(safer sex)ဖြစ်ဖို့ အလွန်ဂရုစိုက်ရပါမယ်။ ဒါ့အပြင် ဓမ္မတာမဟုတ်သော လိင်ဆံခြင်းဖြစ်တဲ့အတွက် လိင်အင်္ဂါနှင့် စအိုရှိပိုးများကြောင့် ဆီးပိုးဝင်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ဖြစ်စေနိုင်တာကိုသတိပြုရပါမယ်။

ဘယ်လိုကာကွယ်ကြမလဲ

ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံမှုရှိစေရန်အတွက်

အမျိုးသမီးလိင်တူချစ်သူများဟာ :

  • ရာသီသွေးပေါ်ချိန်ဖြစ်ပါက ရောဂါပိုးရှိသူရဲ့သွေးမှတစ်ဆင့် မိမိရဲ့လက်တွဲဖော်ဆီသို့ ကူးစက်နိုင်တာကြောင့် ထိုအချိန်မှာ ကာမစက်ယှက်ခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။
  • လိင်စိတ်ထောက်ကူပစ္စည်းများ (sex toys) ကိုအသုံးပြုပါက သန့်ရှင်းစွာ ဆေးကြောပြီးအသုံးပြုဖို့လိုအပ်ပါတယ်။
  • လိင်အင်္ဂါမှာ ပွန်းပဲ့ပေါက်ပြဲသောနေရာများရှိပါက လိင်ဆက်ဆံမှုကိုရှောင်ကျဉ်သင့်ပါတယ်။
  • ဓမ္မတာမမှန်သော ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံး(အမျိုးသမီးသုံး)ကို အသုံးပြုသင့်ပါတယ်။

အမျိုးသားလိင်တူဆက်ဆံသူများအတွက်တော့ :

  • လက်တွဲဖော်အချင်းချင်းရဲ့ လိင်အင်္ဂါမှထွက်သော အရည်များဖြင့်ထိတွေ့သွားမှုကို သတိထားဂရုပြုသင့်ပါတယ်။
  • လိင်အင်္ဂါမှာ ပွန်းပဲ့ပေါက်ပြဲသောနေရာများရှိပါက လိင်ဆက်ဆံမှုကိုရှောင်ကျဉ်သင့်ပါတယ်။
  • ဓမ္မတာမမှန်သော ဆက်ဆံမှုတိုင်း(ပါးစပ်ဖြင့်/စအိုဖြင့်)အတွက် ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။
  • မိမိရဲ့လက်တွဲဖော်မှာ သွေးထွက်ခြင်း/ အနာတရဖြစ်ခြင်းမရှိစေရန် ဂရုစိုက်ရပါမယ်။

အခုလို ပွင့်လင်းမှုရှိလာကြပြီး ပြည်သူတွေအကြားမှာ လက်ခံလာရတဲ့/လက်ခံလာကြတဲ့အခါ ကျန်းမာရေးအသိပညာပေးခြင်းကဏ္ဌကို ချန်လှပ်ထားမယ်ဆိုရင် လိင်တူဆက်ဆံသူများအကြား ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်ကာ အသက်အန္တရာယ်ထိခိုက်ကြမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒီဆောင်းပါးကို ပညာပေးကဏ္ဌအစိတ်အပိုင်းတစ်ခုအနေနဲ့တင်ဆက်လိုက်ရပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

လိင္တူစိတ္ဝင္စားျခင္း

လိင္တူစိတ္ဝင္စားျခင္းဆိုတာဟာ ေယာက်ာ္းေလးႏွင့္အျခားေယာက်္ားေလးအခ်င္းခ်င္း၊ မိန္းကေလးႏွင့္အျခားမိန္းကေလးအခ်င္းခ်င္း ၁၅၀၀ ဆိုတဲ့ေမတၱာနဲ႔ ခ်စ္ႀကိဳက္ၾက၊ စိတ္ဝင္စားၾကတာကိုေဖာ္ၫႊန္းတာျဖစ္ပါတယ္။ ေယာက်္ားေလးခ်င္း ခ်စ္ႀကိဳက္သူမ်ားကို Gay (ေဂး) လို႔ေခၚေဝၚသံုးစြဲၿပီး မိန္းကေလးခ်င္းခ်စ္ႀကိဳက္သူမ်ားကို Lesbian (လက္စဘီယန္) လို႔ေခၚပါတယ္။ ယခုအခါမွာ ပြင့္လင္းမႈ႐ွိလာၾကတဲ့ေခတ္ျဖစ္တာေၾကာင့္ လိင္တူစိတ္ဝင္စားျခင္း႐ွိသူအမ်ားအျပား ပြင့္ပြင့္လင္းလင္း မိမိကိုယ္ကို ထုတ္ေဖာ္လက္ခံလာၾကတာကိုလဲေတြ႔ရပါတယ္။

လိင္တူစိတ္ဝင္စားမႈဘယ္ကစ

သမိုင္းအေထာက္အထားမ်ားအရ အေစာဆံုးလိင္တူစိတ္ဝင္စားသူစံုတြဲမွတ္တမ္းကို ဘီစီ ၂၄၀၀ (BC 2400) မွာ အီဂ်စ္ျပည္ရဲ႕ေတာ္ဝန္မင္းမ်ိဳးမင္းႏြယ္တို႔ကို ခစားတဲ့ အမ်ိဳးသားေက်းကြၽန္ႏွစ္ဦးျဖစ္တယ္လို႔ ေဖာ္ျပထားတာေတြ႕႐ွိရပါတယ္။ ထို႔ေနာက္မွာေတာ့ ကမၻာ့ေနရာအႏွံ႔အျပားမွာ လိင္တူစံုမက္သူမ်ား႐ွိေၾကာင္းကို ေခတ္အဆက္ဆက္ မွတ္တမ္းမ်ားမွာလည္း ေတြ႔ရပါတယ္။ ၂၀ ရာစုႏွစ္အထိ လိင္တူစံုမက္ျခင္းကို နိုင္ငံအေတာ္မ်ားမ်ားမွာ ရာဇဝတ္မႈပုဒ္မအထိ စြဲခ်က္တင္ၾကေၾကာင္း ေတြ႔႐ွိရေပမယ့္ ၂၁ ရာစုေရာက္တဲ့အခါမွာေတာ့ လိင္တူလိင္ကြဲမခြဲျခား လူသားခ်င္းစာနာကာ အ႐ွိအတိုင္းကိုလက္ခံထားၾကဖို႔ ေတာင္းဆိုမႈေတြျပဳလုပ္လာၾကၿပီး လိင္တူခ်င္းလက္ထပ္မႈကိုပါ တရားဝင္ခြင့္ျပဳလာၾကၿပီျဖစ္ပါတယ္။

လိင္တူစံုမက္ျခင္းႏွင့္ က်န္းမာေရး

လိင္တူစိတ္ဝင္စားသည္ျဖစ္ေစ၊ လိင္ကြဲစိတ္ဝင္စားသည္ျဖစ္ေစ ကာမစက္ယွက္မႈကိုေတာ့ မလြန္ဆန္ႏိုင္ၾကစျမဲပဲျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရး႐ွဳေထာင့္အရ စိတ္ခ်ရေသာ လိင္ဆက္ဆံမႈ႐ွိျခင္း (Safer sex)ဆိုတာဟာ အေရးအႀကီးတဲ့အခ်က္တစ္ခုပဲျဖစ္ပါတယ္။ လိင္တူစံုမက္သူမ်ားဟာ လူဦးေရအခ်ိဳးခ်ကာ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ရာခိုင္ႏႈန္းအလြန္နည္းေသးတာမို႔ လိင္တူခ်စ္သူမ်ားဟာ သည္လူနည္းစုထဲကပဲ လက္တြဲေဖာ္မ်ား တစ္ဦးၿပီးတစ္ဦး သို႔မဟုတ္ တစ္ၿပိဳင္နက္လက္တြဲေဖာ္အမ်ားအျပားတြဲၾကျခင္းကိုေတြ႔ရပါတယ္။ ဒီအခါမွာ လိင္မွတစ္ဆင့္ကူးစက္ေသာ ေရာဂါမ်ားမွာ လိင္တူဆက္ဆံသူမ်ားအၾကား သာမန္ႏႈန္းထက္ ပိုမိုပ်ံ့ပြားေနႏိုင္တာေၾကာင့္ စိတ္ခ်ရေသာလိင္ဆက္ဆံမႈကို(safer sex)ျဖစ္ဖို႔ အလြန္ဂ႐ုစိုက္ရပါမယ္။ ဒါ့အျပင္ ဓမၼတာမဟုတ္ေသာ လိင္ဆံျခင္းျဖစ္တဲ့အတြက္ လိင္အဂၤါႏွင့္ စအို႐ွိပိုးမ်ားေၾကာင့္ ဆီးပိုးဝင္ျခင္း၊ ဆီးစပ္ကိုက္ျခင္းတို႔ျဖစ္ေစႏိုင္တာကိုသတိျပဳရပါမယ္။

ဘယ္လိုကာကြယ္ၾကမလဲ

ေဘးကင္းစိတ္ခ်ရေသာ လိင္ဆက္ဆံမႈ႐ွိေစရန္အတြက္

အမ်ိဳးသမီးလိင္တူခ်စ္သူမ်ားဟာ :

  • ရာသီေသြးေပၚခ်ိန္ျဖစ္ပါက ေရာဂါပိုး႐ွိသူရဲ႕ေသြးမွတစ္ဆင့္ မိမိရဲ႕လက္တြဲေဖာ္ဆီသို႔ ကူးစက္ႏိုင္တာေၾကာင့္ ထိုအခ်ိန္မွာ ကာမစက္ယွက္ျခင္းကိုေ႐ွာင္က်ဥ္သင့္ပါတယ္။
  • လိင္စိတ္ေထာက္ကူပစၥည္းမ်ား (sex toys) ကိုအသံုးျပဳပါက သန္႔႐ွင္းစြာ ေဆးေၾကာၿပီးအသံုးျပဳဖို႔လိုအပ္ပါတယ္။
  • လိင္အဂၤါမွာ ပြန္းပဲ့ေပါက္ျပဲေသာေနရာမ်ား႐ွိပါက လိင္ဆက္ဆံမႈကိုေ႐ွာင္က်ဥ္သင့္ပါတယ္။
  • ဓမၼတာမမွန္ေသာ ဆက္ဆံမႈတိုင္းအတြက္ ကြန္ဒံုး(အမ်ိဳးသမီးသံုး)ကို အသံုးျပဳသင့္ပါတယ္။

အမ်ိဳးသားလိင္တူဆက္ဆံသူမ်ားအတြက္ေတာ့ :

  • လက္တြဲေဖာ္အခ်င္းခ်င္းရဲ႕ လိင္အဂၤါမွထြက္ေသာ အရည္မ်ားျဖင့္ထိေတြ႕သြားမႈကို သတိထားဂ႐ုျပဳသင့္ပါတယ္။
  • လိင္အဂၤါမွာ ပြန္းပဲ့ေပါက္ျပဲေသာေနရာမ်ား႐ွိပါက လိင္ဆက္ဆံမႈကိုေ႐ွာင္က်ဥ္သင့္ပါတယ္။
  • ဓမၼတာမမွန္ေသာ ဆက္ဆံမႈတိုင္း(ပါးစပ္ျဖင့္/စအိုျဖင့္)အတြက္ ကြန္ဒံုးကို အသံုးျပဳသင့္ပါတယ္။
  • မိမိရဲ႕လက္တြဲေဖာ္မွာ ေသြးထြက္ျခင္း/ အနာတရျဖစ္ျခင္းမ႐ွိေစရန္ ဂ႐ုစိုက္ရပါမယ္။

အခုလို ပြင့္လင္းမႈ႐ွိလာၾကၿပီး ျပည္သူေတြအၾကားမွာ လက္ခံလာရတဲ့/လက္ခံလာၾကတဲ့အခါ က်န္းမာေရးအသိပညာေပးျခင္းကဏၭကို ခ်န္လွပ္ထားမယ္ဆိုရင္ လိင္တူဆက္ဆံသူမ်ားအၾကား ေရာဂါပ်ံ့ပြားမႈႏႈန္းျမင့္တက္ကာ အသက္အႏၲရာယ္ထိခိုက္ၾကမွာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ဒီေဆာင္းပါးကို ပညာေပးကဏၭအစိတ္အပိုင္းတစ္ခုအေနနဲ႔တင္ဆက္လိုက္ရပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *