လိင်တူနှစ်သက်ခြင်းဟာ ” သဘာဝ “လား

” ဖို နဲ့ မ” … ဆန့်ကျင်ဘက်လိင်တွေ ဖြစ်ကြတဲ့ ယောကျာ်းနဲ့ မိန်းမတို့ အပြန်အလှန် စိတ်ဝင်စားကြတာ သဘာဝပါ ဒါဆိုရင် ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားပဲ လိင်တူပေါ် စိတ်ခံစားမှုပိုတာ..ပိုမိုနှစ်သက်မှုရှိတာကော “သဘာဝ”လား…

၁၉ ရာစု အစောပိုင်းထိ လိင်တူစိတ်ဝင်စားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာ တစ်ခုလား (သို့) ရောဂါ အရင်းအမြစ်တစ်ခုလား ..စသည်ဖြင့် သုတေသနပြုလုပ်သူတွေကြားမှာ အငြင်းပွားဖွယ် စဉ်းစားဖွယ်တွေ ဖြစ်ခဲ့တာပါ… ၁၉ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာတော့ဖြင့် ဒီလိင်တူစိတ်ဝင်စားခြင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ ပိုမိုအသေးစိတ်လေ့လာခဲ့နိုင်ကြသလို တိကျတဲ့ အဖြေတွေကိုပါ ရရှိလာကြပါတယ်…

ဒီလိုနဲ့ နောက်ပိုင်း လေ့လာမှုတွေ၊ သုတေသန လုပ်ငန်းတွေအရ လိင်တူစိတ်ဝင်စားခြင်း၊အမူအကျင့်နဲ့ စိတ်ခံစားမှုတွေဟာ လူတစ်ယောက်ချင်းစီမှာရှိနိုင်တဲ့ လိင်စိတ်ကွဲပြားမှုပေါ် မူတည်နိုင်တယ်ဆိုတာပါပဲ… ဒါကြောင့် ဒီလို ယောကျ်ားချင်းဖြစ်စေ မိန်းမချင်းဖြစ်စေ စိတ်ဝင်စားတာဟာ စိတ်ကျန်းမာရေးချို့ယွင်းချက်လဲ မဟုတ်သလို လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ပုံမှန်ပဲ ဖြစ်ပါတယ်..

ခုနောက်ပိုင်းမှာ တစ်မ္ဘာလုံးအတိုင်းအတာနဲ့ လိင်တူစိတ်ဝင်စားခြင်းကို လက်ခံလာတာတွေ ရှိလာပါပြီ…သို့သော် ပြောခဲ့သလို ဘာသာရေး၊လူမှုရေးအရ လိင်တူ နှစ်သက်ခြင်းကို လက်မခံနိုင်သောသူများနဲ့ LGBT အဖွဲ့အစည်းများကြားမှာတော့ အငြင်းပွားစရာ ပြသနာတွေ ဖြစ်နေဆဲပါ…

တချို့သောယောကျာ်းချင်းလိင်တူစိတ်ဝင်စားသူတွေထဲမှာ မိမိ၏ ရာထူး ဂုဏ်ပုဒ်အရသော်၎င်း၊ ပတ်ဝန်းကျင်အခြေအနေအရသော်၎င်း မိမိဇနီး(သို့) ချစ်သူကိုကွယ်ဝှက်ထားတာ… ယခုခေတ်စကားအရ “cover ထားခြင်း “အစရှိတာတွေကြောင့် လူမှုရေးပြသနာတွေ ကြုံတွေ့ရသလို… မိန်းမချင်းနှစ်သက်သူတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပြုလိုက်ရသော်လည်း မိမိမှာ လိင်တူစိတ်ဝင်စားနေသည့်အခါ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ကြရပါတယ်…

ဒ့ါပြင်… မိမိမှာ လိင်တူစိတ်ဝင်စားသူ ဖြစ်နေတဲ့ အခါမှာ

  • အများသူငှာ ကဲ့ရဲ့ရှုတ်ချမှာ ကြောက်ခြင်း
  • အပေါင်းအသင်းမရှိတော့မှာ စိုးရိမ်ခြင်း
  • အလုပ်အကိုင် အဆင်မပြေမှာ စိုးရိမ်ခြင်း
  • ဖုံးကွယ်ထားရတာ ကြာလှသည်နှင့်အမျှ သောကများလာခြင်း
  • မိမိ၏ လိင်မှုကိစ္စနှင့် ပတ်သတ်၍ ပွင့်ပွင့်လင်းလင်း မပြောဆိုရဲခြင်းတို့ ဖြစ်လာတတ်ပါတယ်

…ဒါကြောင့် မိမိစိတ်ကို ပြေလည်စေနိုင်သောနည်းလမ်းများကို ရှာဖွေသင့်ပါတယ်…စိတ်အားငယ်ခြင်း စိတ်ဓာတ်ကျခြင်း ဖြစ်နေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်သင့်ပါတယ်..

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားသည် ဖြစ်စေ… လိင်တူ စိတ်ဝင်စားသည်ဖြစ်စေ… လုံခြုံစိတ်ချရမှုက အဓိကပါ… သို့မဟုတ်ပါက အိတ်ချ်အိုင်ဗီ၊ အသည်းရောင်အသားဝါ B ၊ လိင်အင်္ဂါ ကြွက်နို့စသည်ဖြင့် လိင်မှတဆင့် ရောဂါများ ကူးစက်နိုင်ပါတယ်…စစ်တမ်းကောက်ချက်များအရ…လိင်တူဆက်ဆံသူတွေမှာ လိင်မှတဆင့်ကူးစက်သော ရောဂါများ ဖြစ်နိုင်ချေ ပိုများပါတယ်..

  • ဒါကြောင့် အကာအကွယ် ကွန်ဒုံး သုံးပါ… lubricant တစ်ခုခု သုံးပါ…
  • ဓမ္မတာနှင့် အလွန်အမင်း ဆန့်ကျင်သော ကိစ္စရပ်များကို ရှောင်ကြဉ်ပါ…
  • sex toys များကို အသုံးပြုပါကလည်း သန့်ရှင်းအောင်ထားပါ…
  • လိင်အင်္ဂါနှင့်တစ်ဝိုက် ခိုက်မိထားခြင်း၊ပေါက်ပြဲနေခြင်း ရှိနေစဉ် မဆက်ဆံလျှင် အကောင်းဆုံးပါ…
  • ကျန်းမာရေး စစ်ဆေးမှု(medical check up)ပုံမှန်ပြုလုပ်သင့်ပါတယ်..

အစွန်းနှစ်ဖက်ကို လက်ကိုင်မထားကြပဲ သင့်တင့်မျှတတဲ့လမ်းကြောင်းပေါ်မှာ လျှောက်လမ်းနိုင်ပါစေလို့ တောင်းဆုပြုလျက်…

ပိုင်နီမောင်

လိင္​တူႏွစ္​သက္ျခင္​းဟာ " သဘာဝ "လား

" ဖို နဲ႔ မ" ... ဆန္​႔က်င္​ဘက္​လိင္​​​ေတြ ျဖစ္​ၾကတဲ့ ​ေယာက်ာ္​းနဲ႔ မိန္​းမတို႔ အျပန္​အလွန္​ စိတ္​ဝင္​စားၾကတာ သဘာဝပါ ဒါဆိုရင္​ ဆန္​႔က​်င္​ဘက္လိင္​ကို စိတ္​မဝင္​စားပဲ လိင္​တ​ူ​ေပၚ စိတ္​ခံစားမႈပိုတာ..ပိုမိုႏွစ္​သက္​မႈ႐ွိတာေကာ "သဘာဝ"လား...

၁၉ ရာစု အ​ေစာပိုင္​းထိ လိင္​တူစိတ္​ဝင္​စားျခင္​းဟာ စိတ္​ပိုင္​းဆိုင္​ရာ ျပသနာ တစ္​ခုလား (သို႔) ​ေရာဂါ အရင္​းအျမစ္​တစ္​ခုလား ..စသည္​ျဖင္​့ သ​ု​ေတသနျပဳလုပ္​သူ​ေတြၾကားမွာ အျငင္​းပြားဖြယ္​ စဥ္​းစားဖြယ္​​ေတြ ျဖစ္​ခဲ့တာပါ... ၁၉ရာစု​ေႏွာင္​းပိုင္​းနဲ႔ ၂၀ ရာစုအ​ေစာပိုင္​းမွာ​ေတာ့ျဖင္​့ ဒီလိင္​တူစိတ္​ဝင္​စားျခင္​းနဲ႔ ဆိုင္​တဲ့ အ​ေၾကာင္​းအရာ​ေတြ ပိုမိုအ​ေသးစိတ္​​ေလ့လာခဲ့ႏိုင္​ၾကသလို တိက်တဲ့ အ​ေျဖ​ေတြကိုပါ ​ရ႐ွိလာၾကပါတယ္​...

ဒီလိုနဲ႔ ​ေနာက္​ပိုင္​း ​ေလ့လာမႈ​ေတြ၊ သု​ေတသန လုပ္​ငန္​း​ေတြအရ လိင္​တူစိတ္​ဝင္​စားျခင္​း၊အမူအက်င္​့နဲ႔ စိတ္​ခံစားမႈ​ေတြဟာ လူတစ္​​ေယာက္​ခ်င္​းစီမွာ႐ွိႏိုင္​တဲ့ လိင္​စိတ္​ကဲြျပားမႈ​ေပၚ မူတည္​ႏိုင္​တယ္​ဆိုတာပါပဲ... ဒါ​ေၾကာင္​့ ဒီလုိ ​ေယာက်္​ားခ်င္​းျဖစ္​​ေစ မိန္​းမခ်င္​းျဖစ္​​ေစ စိတ္​ဝင္​စားတာဟာ စိတ္​က်န္​းမာ​ေရးခ်ိဳ႕ယြင္​းခ်က္​လဲ မဟုတ္​သလို လူမႈဆက္​ဆံ​ေရးနယ္​ပယ္​မွာလည္​း ပံုမွန္​ပဲ ျဖစ္​ပါတယ္​..

ခု​ေနာက္​ပိုင္​းမွာ တစ္​မၻာလံုးအတိုင္​းအတာနဲ႔ လိင္​တူစိတ္​ဝင္​စားျခင္​းကို လက္​ခံလာတာ​ေတြ ႐ွိလာပါၿပီ...သို႔​ေသာ္​ ​ေျပာခဲ့သလို ဘာသာ​ေရး၊လူမႈ​ေရးအရ လိင္​တူ ႏွစ္​သက္​ျခင္​းကို လက္​မခံႏိုင္​​ေသာသူမ်ားနဲ႔ LGBT အဖဲြ႔အစည္​းမ်ားၾကားမွာ​ေတာ့ အျငင္​းပြားစရာ ျပသနာ​ေတြ ျဖစ္​​ေနဆဲပါ...

တခ်ိဳ႕​ေသာ​ေယာက်ာ္​း​ခ်င္​းလိင္​တူစိတ္​ဝင္​စားသူ​ေတြထဲမွာ မိမိ၏ ရာထူး ဂုဏ္​ပုဒ္​အရ​ေသာ္​၄င္​း၊ ပတ္​ဝန္​းက်င္​အ​ေျခအ​ေနအရ​ေသာ္​၄င္​း မိမိဇနီး(သို႔) ခ်စ္​သူကိုကြယ္​ဝွက္​ထားတာ... ယခု​ေခတ္​စကားအရ "cover ထားျခင္​း "အစ႐ွိတာ​ေတြ​ေၾကာင္​့ လူမႈ​ေရးျပသနာ​ေတြ ၾကံဳ​ေတြ႔ရသလို... မိန္​းမခ်င္​းႏွစ္​သက္​သူ​ေတြမွာ အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ အိမ္​​ေထာင္​ျပဳလိုက္​ရ​ေသာ္​လည္​း မိမိမွာ လိင္​တူစိတ္​ဝင္​စား​ေနသည္​့အခါ အိမ္​​ေထာင္​​ေရး အဆင္​မ​ေျပ ျဖစ္​ၾကရပါတယ္​...

ဒ့ါျပင္​... မိမိမွာ လိင္​တူစိတ္​ဝင္​စားသူ ျဖစ္​​ေနတဲ့ အခါမွာ

  • အမ်ားသူငွာ ကဲ့ရဲ႕႐ႈတ္​ခ်မွာ ​ေၾကာက္​ျခင္​း
  • အ​ေပါင္​းအသင္​းမ႐ွိ​ေတာ့မွာ စိုးရိမ္​ျခင္​း
  • အလုပ္​အကိုင္​ အဆင္​မ​ေျပမွာ စိုးရိမ္​ျခင္​း
  • ဖံုးကြယ္​ထားရတာ ၾကာလွသည္​ႏွင္​့အမွ် ​ေသာကမ်ားလာျခင္​း
  • မိမိ၏ လိင္​မႈကိစၥႏွင္​့ ပတ္​သတ္​၍ ပြင္​့ပြင္​့လင္​းလင္​း မ​ေျပာဆိုရဲျခင္​းတို႔ ျဖစ္​လာတတ္​ပါတယ္

...ဒါ​ေၾကာင္​့ မိမိစိတ္​ကို ​ေျပလည္​​ေစႏိုင္​​ေသာနည္​းလမ္​းမ်ားကို ႐ွာ​ေဖြသင္​့ပါတယ္​...စိတ္​အားငယ္​ျခင္​း စိတ္​ဓာတ္​က်ျခင္​း ျဖစ္​​ေနပါက ဆရာဝန္​ႏွင္​့ ​ေဆြး​ေႏြးတိုင္​ပင္​ျခင္​းမ်ား ျပဳလုပ္​သင္​့ပါတယ္​..

ဆန္​႔က်င္​ဘက္​လိင္​ကို စိတ္​ဝင္​စားသည္​ ျဖစ္​​ေစ... လိင္​တူ စိတ္​ဝင္​စားသည္​ျဖစ္​​ေစ... လံုျခံဳစိတ္​ခ်ရမႈက အဓိကပါ... သို႔မဟုတ္​ပါက အိိတ္​ခ်္​အိုင္​​ဗီ၊ အသည္​း​ေရာင္​အသားဝါ B ၊ လိင္​အဂၤါ ႂကြက္​ႏို႔စသည္​ျဖင္​့ လိင္​မွတဆင္​့ ​ေရာဂါမ်ား ကူးစက္​ႏိုင္​ပါတယ္​...စစ္​တမ္​း​ေကာက္​ခ်က္​​မ်ားအရ...လိင္​တူဆက္​ဆံသူ​ေတြမွာ လိင္​မွတဆင္​့ကူးစက္​​ေသာ ​ေရာဂါမ်ား ျဖစ္​ႏိုင္​​ေခ် ပိုမ​်ားပါတယ္​..

  • ဒါ​ေၾကာင္​့ အကာအကြယ္​ ကြန္​ဒံုး သံုးပါ... lubricant တစ္​ခုခု သံုးပါ...
  • ဓမၼတာႏွင္​့ အလြန္​အမင္​း ဆန္​႔က​်င္​​ေသာ ကိစၥရပ္​မ်ားကို ​ေ႐ွာင္​ၾကဥ္​ပါ...
  • sex toys မ်ားကုိ အသံုးျပဳပါကလည္​း သန္​႔႐ွင္​း​ေအာင္​ထားပါ...
  • လိင္​အဂၤါႏွင္​့တစ္​ဝိုက္​ ခိုက္​မိထားျခင္​း၊​ေပါက္​ျပဲ​ေနျခင္​း ႐ွိ​ေနစဥ္​ မဆက္​ဆံလွ်င္​ အ​ေကာင္​းဆံုးပါ...
  • က်န္​းမာ​ေရး စစ္​​ေဆးမႈ(medical check up)ပံုမွန္​ျပဳလုပ္​သင္​့ပါတယ္​..

အစြန္​းႏွစ္​ဖက္​ကို လက္​ကိုင္​မထားၾကပဲ သင္​့တင္​့မွ်တတဲ့လမ္​း​ေၾကာင္​း​ေပၚမွာ ​ေလွ်ာက္​လမ္​းႏိုင္​ပါ​ေစလို႔ ​ေတာင္​းဆုျပဳလ်က္​...

ပိုင္​နီ​ေမာင္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *