Dr Honey ၏ ဆူရှီလုပ်နည်း

ဆူရှီဆိုတာ ဂျပန်အစားအစာတစ်မျိုး ဖြစ်တယ်ဆိုတာ လူတိုင်း သိကြပေမယ့် စာရေးသူရဲ့ favorite အစားအစာတစ်ခုဖြစ်တယ်ဆိုတာတော့ လူတိုင်း သိမယ် မထင်ပါဘူး။ ???

ဆူရှီကို ကြိုက်လွန်းတော့ အိမ်မှာ ခဏ ခဏ လုပ်စားဖြစ်တယ်။ အာဟာရဆရာဝန်တစ်ယောက်အနေနဲ့ အာဟာရရှုထောင့်က ကြည့်ရင်လည်း ဆူရှီကို အာဟာရ မှန်ကန်မျှတစွာ ပါဝင်တဲ့ အစားအစာတစ်ခုလို့ မြင်မိတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ စာရေးသူရဲ့ homemade sushi (more nutritious version) ပြုလုပ်နည်းလေးနဲ့ ဆူရှီနဲ့ ပတ်သက်ပြီး အာဟာရဆိုင်ရာ ကောင်းကျိုးတွေ၊ သတိပြုလိုက်နာစရာလေးတွေကို ပြောပြပေးချင်ပါတယ်။

“Dr Honey’s Homemade Sushi (more nutritious version)”

ဆူရှီမှာ main ingredient က ထမင်းပါ။ Vinegared rice လို့ ခေါ်ပါတယ်။ ထမင်းကို vinegar အနည်းငယ်၊ ဆား၊ သကြားအနည်းငယ်နဲ့ နယ်ပြီး အသား၊ အရွက်တွေနဲ့ ရေညှိထဲ ထည့်လိပ်တာပါ။ ဒီနေရာမှာ စာရေးသူက ပေါ်ဆန်းမွှေးတို့၊ ရှမ်းဆန်တို့ကို မသုံးဘဲ ဆန်လုံးညိုကို သုံးပါတယ်။ ဆန်လုံးညိုရဲ့ ကောင်းကျိုးတွေကတော့ သန့်စင်ထားတဲ့ဆန်တွေထက် အာဟာရတန်ဖိုး မြင့်မားတယ်၊ glycemic index လို့ ခေါ်တဲ့ အစားအစာတစ်ခုရဲ့ သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေမှု အတိုင်းအတာက နည်းလို့ ဆီးချိုသမားတွေအတွက် ပိုအဆင်ပြေစေတယ်၊ နောက်ပြီး insoluble fiber လို့ ခေါ်တဲ့ သွေးထဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်တွေ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေပါတယ်။

ဒါကြောင့် ဆန်လုံးညိုလေးကိုချက်၊ ပူပူနွေးနွေးလေးကို vinegar နည်းနည်း၊ ဆားနည်းနည်း (တကယ့်ကို အရသာပါရုံ နည်းနည်း) နဲ့ နှမ်းအနည်းငယ်ထည့်ပြီး နယ်ပါတယ်။

ပြီးရင် အသားအတွက်က တူနာသုံးတယ်၊ ဆီနည်းနည်း၊ ဆားနည်းနည်းနဲ့ ကြော်ထားတဲ့ ကြက်ဥကြော်သုံးတယ်၊ ပုစွန်သုံးတယ်၊ ဆယ်မွန်ငါးသုံးပါတယ်။ လတ်ဆတ်တဲ့ သဘာဝအသားငါးတွေကိုပဲ အသုံးပြုပြီး ကြက်/ဝက်သားချောင်း၊ ကြက်/ဝက်အူချောင်း၊ ဂဏန်းချောင်း စတာတွေကို မသုံးပါဘူး။ အဲ့လို preserved food တွေက သဘာဝအသားတွေထပ် အဆီဓါတ်ပိုများပြီး၊ ကြာရှည်ခံနိုင်ဖို့အတွက် ဆားတွေအများကြီး၊ သကြားတွေအများကြီး ထည့်ထားရပါတယ်။ တချို့ဆိုရင် အူမကြီးကင်ဆာကို ဖြစ်စေတဲ့ ယမ်းစိမ်းတွေတောင် ပါပါသေးတယ်။

အသီးအရွက်ကတော့ နှစ်သက်ရာ အကုန်ထည့်ပါတယ်။ ပြီးရင် ဝါးလိပ်လေးပေါ် ရေညှိလေးတင်၊ ထမင်းလေးထည့်၊ အစာပလာလေးတွေစီပြီးလိပ်၊ ပေါင်းအိုးထဲ ထည့်ပြီး ခဏ အပူပေးပြီးတဲ့နောက် အရွယ်တော် အတုံးလေးတွေ တုန်းပြီး ဘာမရိုးနစ့်၊ ဘာပဲငံပြာရည်မှ မပါဘဲ စားပါတယ်။ မရိုးနိစ့်မစားတာကတော့ မလိုအပ်တဲ့ ကယ်လိုရီ အပိုတွေ တက်မှာစိုးလို့ပါ။ ပဲငံပြာရည်မစားတာကတော့ နဂိုထဲက မကြိုက်တာရယ်၊ ဆိုဒီယမ်ပမာဏကို လျှော့ချချင်တာရယ်ကြောင့်ပါ။

အရသာရှိပြီး အာဟာရတန်ဖိုး မျှတကောင်းမွန်တာကြောင့် ဆိုင်မှာလည်း ခဏခဏ သွားစားဖြစ်သလို၊ လုပ်ရတာလွယ်တဲ့အတွက် အိမ်မှာလည်း အပေါ်ကပြောသလို အာဟာရပိုရှိအောင်၊ ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် modify လုပ်ပြီး စားဖြစ်ပါတယ်။

My Doctor ရဲ့ ပရိသတ်တွေထဲက ဆူရှီကြိုက်တဲ့သူတွေကို Dr Honey ရဲ့ modified version လေးကို ပြောပြရင်း အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetic (UK)

Dr Honey ၏ ဆူရွီလုပ္နည္း

ဆူရွီဆိုတာ ဂ်ပန္အစားအစာတစ္မ်ိဳး ျဖစ္တယ္ဆိုတာ လူတိုင္း သိၾကေပမယ့္ စာေရးသူရဲ႕ favorite အစားအစာတစ္ခုျဖစ္တယ္ဆိုတာေတာ့ လူတိုင္း သိမယ္ မထင္ပါဘူး။ ???

ဆူရွီကို ႀကိဳက္လြန္းေတာ့ အိမ္မွာ ခဏ ခဏ လုပ္စားျဖစ္တယ္။ အာဟာရဆရာဝန္တစ္ေယာက္အေနနဲ႔ အာဟာရရႈေထာင့္က ၾကည့္ရင္လည္း ဆူရွီကို အာဟာရ မွန္ကန္မွ်တစြာ ပါဝင္တဲ့ အစားအစာတစ္ခုလို႔ ျမင္မိတယ္။

ဒါေၾကာင့္ ဒီတစ္ပတ္မွာ စာေရးသူရဲ႕ homemade sushi (more nutritious version) ျပဳလုပ္နည္းေလးနဲ႔ ဆူရွီနဲ႔ ပတ္သက္ၿပီး အာဟာရဆိုင္ရာ ေကာင္းက်ိဳးေတြ၊ သတိျပဳလိုက္နာစရာေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

“Dr Honey’s Homemade Sushi (more nutritious version)”

ဆူရွီမွာ main ingredient က ထမင္းပါ။ Vinegared rice လို႔ ေခၚပါတယ္။ ထမင္းကို vinegar အနည္းငယ္၊ ဆား၊ သၾကားအနည္းငယ္နဲ႔ နယ္ၿပီး အသား၊ အရြက္ေတြနဲ႔ ေရညွိထဲ ထည့္လိပ္တာပါ။ ဒီေနရာမွာ စာေရးသူက ေပၚဆန္းေမႊးတို႔၊ ရွမ္းဆန္တို႔ကို မသံုးဘဲ ဆန္လံုးညိဳကို သံုးပါတယ္။ ဆန္လံုးညိဳရဲ႕ ေကာင္းက်ိဳးေတြကေတာ့ သန္႔စင္ထားတဲ့ဆန္ေတြထက္ အာဟာရတန္ဖိုး ျမင့္မားတယ္၊ glycemic index လို႔ ေခၚတဲ့ အစားအစာတစ္ခုရဲ႕ ေသြးတြင္းသၾကားဓါတ္ကို ျမင့္တက္ေစမႈ အတိုင္းအတာက နည္းလို႔ ဆီးခ်ိဳသမားေတြအတြက္ ပိုအဆင္ေျပေစတယ္၊ ေနာက္ၿပီး insoluble fiber လို႔ ေခၚတဲ့ ေသြးထဲမွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ေတြ ပါဝင္တာေၾကာင့္ ေသြးတြင္းကိုလက္စထေရာကို က်ေစပါတယ္။

ဒါေၾကာင့္ ဆန္လံုးညိဳေလးကိုခ်က္၊ ပူပူေႏြးေႏြးေလးကို vinegar နည္းနည္း၊ ဆားနည္းနည္း (တကယ့္ကို အရသာပါရံု နည္းနည္း) နဲ႔ ႏွမ္းအနည္းငယ္ထည့္ၿပီး နယ္ပါတယ္။

ၿပီးရင္ အသားအတြက္က တူနာသံုးတယ္၊ ဆီနည္းနည္း၊ ဆားနည္းနည္းနဲ႔ ေၾကာ္ထားတဲ့ ၾကက္ဥေၾကာ္သံုးတယ္၊ ပုစြန္သံုးတယ္၊ ဆယ္မြန္ငါးသံုးပါတယ္။ လတ္ဆတ္တဲ့ သဘာဝအသားငါးေတြကိုပဲ အသံုးျပဳၿပီး ၾကက္/ဝက္သားေခ်ာင္း၊ ၾကက္/ဝက္အူေခ်ာင္း၊ ဂဏန္းေခ်ာင္း စတာေတြကို မသံုးပါဘူး။ အဲ့လို preserved food ေတြက သဘာဝအသားေတြထပ္ အဆီဓါတ္ပိုမ်ားၿပီး၊ ၾကာရွည္ခံႏိုင္ဖို႔အတြက္ ဆားေတြအမ်ားႀကီး၊ သၾကားေတြအမ်ားႀကီး ထည့္ထားရပါတယ္။ တခ်ိဳ႕ဆိုရင္ အူမႀကီးကင္ဆာကို ျဖစ္ေစတဲ့ ယမ္းစိမ္းေတြေတာင္ ပါပါေသးတယ္။

အသီးအရြက္ကေတာ့ ႏွစ္သက္ရာ အကုန္ထည့္ပါတယ္။ ၿပီးရင္ ဝါးလိပ္ေလးေပၚ ေရညႇိေလးတင္၊ ထမင္းေလးထည့္၊ အစာပလာေလးေတြစီၿပီးလိပ္၊ ေပါင္းအိုးထဲ ထည့္ၿပီး ခဏ အပူေပးၿပီးတဲ့ေနာက္ အရြယ္ေတာ္ အတံုးေလးေတြ တုန္းၿပီး ဘာမ႐ိုးနစ့္၊ ဘာပဲငံျပာရည္မွ မပါဘဲ စားပါတယ္။ မ႐ိုးနိစ့္မစားတာကေတာ့ မလိုအပ္တဲ့ ကယ္လိုရီ အပိုေတြ တက္မွာစိုးလို႔ပါ။ ပဲငံျပာရည္မစားတာကေတာ့ နဂိုထဲက မႀကိဳက္တာရယ္၊ ဆိုဒီယမ္ပမာဏကို ေလွ်ာ့ခ်ခ်င္တာရယ္ေၾကာင့္ပါ။

အရသာရွိၿပီး အာဟာရတန္ဖိုး မွ်တေကာင္းမြန္တာေၾကာင့္ ဆိုင္မွာလည္း ခဏခဏ သြားစားျဖစ္သလို၊ လုပ္ရတာလြယ္တဲ့အတြက္ အိမ္မွာလည္း အေပၚကေျပာသလို အာဟာရပိုရွိေအာင္၊ က်န္းမာေရးနဲ႔ ပိုညီၫြတ္ေအာင္ modify လုပ္ၿပီး စားျဖစ္ပါတယ္။

My Doctor ရဲ႕ ပရိသတ္ေတြထဲက ဆူရွီႀကိဳက္တဲ့သူေတြကို Dr Honey ရဲ႕ modified version ေလးကို ေျပာျပရင္း အားလံုး သက္ရွည္က်န္းမာ စိတ္ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ရွင္။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetic (UK)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *