ဆီးစစ်တံလေးအကြောင်း သင်ဘယ်လောက်သိလဲ?

ဆီးစစ်တံလေးကို ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရာမှာသုံးမှန်း ယောင်းယောင်းတို့အားလုံးသိကြပါတယ်။

တိကျမှန်ကန်တဲ့ ယောင်းယောင်းတို့ သေချာထပ်သိထားသင့်တယ့် ဆီးစစ်တံလေးရဲ့အကြောင်းလေးတစ်ချို့ ပြောပြပေးမယ်နော်။

မှန်ကန်တဲ့အဖြေရရှိဖို့ ဆီးစစ်တံလေးကို ဘယ်လိုစနစ်တကျသုံးရ မယ်ဆိုတာလေး အရင်ဆုံးပြောပြပါရစေ။

အရင်ဆုံး ဆီးသွားပြီး ဆီးကိုခြောက်သွေ့သန့်စင်တဲ့ခွက်လေး တစ်ခုနဲ့ခံထားပါ။

ပြီးရင် ဆီးစစ်တံရဲ့အပေါ်ဖက်အစွန်းကိုကိုင်ပြီး ကျန်တစ်ဖက်အစွန်းကို ဆီးထဲသို့နှစ်ရမည့် အမှတ်အသားပြထားတဲ့နေရာအထိနှစ်ပါ။

သုံးစက္ကန့်ုကြာလျှင်ဆီးထဲကပြန်ထုတ်ပြီး တစ်နေရာမှာတင်ထားပါ။ ငါးမိနစ်ကြာလျှင်အဖြေဖတ်ပါ။

မနက်စစ်ရမှာလား?နေ့လည်စစ်ရမှာလား?ည စစ်ရမှာလား?
ဘယ်အချိန်မဆိုစစ်လို့ရပါတယ်။

ဘယ်လိုအချိန်မျိုးမှာစစ်ရမလဲ?

ရာသီလာရမယ့်ရက်ကျော်လို့ ရာသီမပေါ်ဘူးဆိုရင် ဆီးစစ်ကြည့်ပါ။ ၂ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိနေပြီလို့ ယူဆနိုင်ပါတယ်။ဒါဆိုရင်တော့ ယောင်းယောင်းတို့အနေနဲ့ ကိုယ်ဝန်အပ်ဖို့လိုလာပြီမို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ အမြန်ကိုယ်ဝန်သွားအပ်လိုက်ပါတော့။ ၁ကြောင်းပဲပေါ်ရင်ရော….၁ကြောင်းပဲပေါ်ရင်တော့ ကိုယ်ဝန်မရှိဘူးလို့ဆိုလိုပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျသွားပါနဲ့ဦး….နောက်ထပ် တစ်ပတ်လောက်စောင့်ကြည့်လိုက်ပါဦး။နောက်တစ်ပတ်ကြာတဲ့ထိ ရာသီမပေါ်သေးဘူးဆိုရင် ဆီးစစ်တံလေးနဲ့ထပ်စစ်ကြည့်လိုက်ပါ။ ထပ်စစ်လ့ို… ၂ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိနေပါပြီ။ ထပ်စစ်လို့…. ၁ကြောင်းပဲပေါ်တယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနိုင်ချေအ တော်နည်းသွားပါပြီ။ဒါဆို ကိုယ်ဝန်ရှိနေတာလည်း မဟုတ်ဘဲ ရာသီလည်းမလာသေးဘူးဆိုရင ရာသီမလာတယ် ဘာကြောင့်လဲဆိုတာသိဖို့လိုလာပါပြီ။နီးစပ်ရာဆေးရုံး ဆေးခနိးကို အမြန်ဆုံးသွရောက်ပြသပြီး ရာသီမလာရတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး လိုအပ်ရင် ကုသမှုခံယူသင့်ပါတယ် ယောင်းယောင်းတို့ရေ

၂ကြောင်းတော့ပေါ်တယ်၊ဒါပေမယ့် တစ်ကြောင်းက အရောင်လေးကမှိန်နေတယ်။

၂ကြောင်းပေါ်တယ်ဆိုရင်ကို အရောင်မှိန်နေရင်တောင်မှ ကိုယ်ဝန်ရှိနေတယ်လို့ပြောလို့်ရပါတယ်။

ဆီးစစ်တံလေးရဲ့အဖြေက ဘယ်နခါစစ်စစ် တစ်ကြောင်းပဲပေါ်တယ်၊ ဒါပေမယ့် ရာသီလည်းမလာသေးဘူး၊မိမိကိုယ်ကိုယ်လည်း ကိုယ်ဝန်ရှိနေတယ်လို့ ခံစားနေရရင်ရော? အဲ့လိုဆိုရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းမှာ ဆရာဝန်နဲ့သွားရောက်ပြသစစ်ဆေးတာ ယောင်းယောင်းတို့ပိုသေချာပါတယ်။

ဘာကြောင့်လဲဆိုတော့ အချို့သော ဆေးတွေ(ဥပမာ – စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ဆီးဆေး၊အတက်ကျဆေး၊မျိုးမအောင်လျှင်သုံးသောဆေး စသည်) သောက်နေတယ်ဆိုရင် ဆီးစစ်တံလေးရဲ့အဖြေမှားနိုင်လို့ပါ။

ဆီးစစ်တံမှာ သက်တမ်းကုန်ဆုံးရက်ရှိလား?

ရှိပါတယ်။သက်တမ်းကုန်ဆုံးရက်ကျော်လွန်နေတဲ့ ဆီးစစ်တံက မှန်ကန်တဲ့အဖြေပေးနိုင်မှာမဟုတ်လို့ ဆီးစစ်တံဝယ်ရင် သက်တမ်းကုန်ဆုံးရက်လေး သေချာကြည့်ပြီးမှဝယ်ပါလို့ မှာလိုက်ပါရစေ ယောင်းယောင်းတို့ရေ…..

မေ (ဆေး ၂)

ဆီးစစ္တံေလးအေၾကာင္း သင္ဘယ္ေလာက္သိလဲ?

ဆီးစစ္တံေလးကို ကိုယ္ဝန္႐ွိ၊မ႐ွိ စစ္ေဆးရာမွာသံုးမွန္း ေယာင္းေယာင္းတို့အားလံုးသိၾကပါတယ္။

တိက်မွန္ကန္တဲ႔ ေယာင္းေယာင္းတို႔ ေသခ်ာထပ္သိထားသင့္တယ့္ ဆီးစစ္တံေလးရဲ႕အေၾကာင္းေလးတစ္ခ်ိဳ႕ ေျပာျပေပးမယ္ေနာ္။

မွန္ကန္တဲ့အေျဖရ႐ွိဖို႔ ဆီးစစ္တံေလးကို ဘယ္လိုစနစ္တက်သံုးရ မယ္ဆိုတာေလး အရင္ဆံုးေျပာျပပါရေစ။

အရင္ဆံုး ဆီးသြားၿပီး ဆီးကိုေျခာက္ေသြ႔သန္႔စင္တဲ့ခြက္ေလး တစ္ခုနဲ႔ခံထားပါ။

ၿပီးရင္ ဆီးစစ္တံရဲ႕အေပၚဖက္အစြန္းကိုကိုင္ၿပီး က်န္တစ္ဖက္အစြန္းကို ဆီးထဲသို႔ႏွစ္ရမည့္ အမွတ္အသားျပထားတဲ့ေနရာအထိႏွစ္ပါ။

သံုးစကၠန္႔ုၾကာလ်ွင္ဆီးထဲကျပန္ထုတ္ၿပီး တစ္ေနရာမွာတင္ထားပါ။ ငါးမိနစ္ၾကာလ်ွင္အေျဖဖတ္ပါ။

မနက္စစ္ရမွာလား?ေန႔လည္စစ္ရမွာလား?ည စစ္ရမွာလား?
ဘယ္အခ်ိန္မဆိုစစ္လို႔ရပါတယ္။

ဘယ္လိုအခ်ိန္မ်ိဳးမွာစစ္ရမလဲ?

ရာသီလာရမယ့္ရက္ေက်ာ္လို႔ ရာသီမေပၚဘူးဆိုရင္ ဆီးစစ္ၾကည့္ပါ။ ၂ေၾကာင္းေပၚရင္ ကိုယ္ဝန္႐ွိေနၿပီလို႔ ယူဆႏိုင္ပါတယ္။ဒါဆိုရင္ေတာ့ ေယာင္းေယာင္းတို႔အေနနဲ႔ ကိုယ္ဝန္အပ္ဖို႔လိုလာၿပီမို႔ နီးစပ္ရာ ေဆးရံု ေဆးခန္းမွာ အျမန္ကိုယ္ဝန္သြားအပ္လိုက္ပါေတာ့။ ၁ေၾကာင္းပဲေပၚရင္ေရာ….၁ေၾကာင္းပဲေပၚရင္ေတာ့ ကိုယ္ဝန္မရွိဘူးလို့ဆိုလိုပါတယ္။ ဒါေပမယ့္ စိတ္ဓာတ္မက်သြားပါနဲ႔ဦး….ေနာက္ထပ္ တစ္ပတ္ေလာက္ေစာင့္ၾကည့္လိုက္ပါဦး။ေနာက္တစ္ပတ္ၾကာတဲ့ထိ ရာသီမေပၚေသးဘူးဆိုရင္ ဆီးစစ္တံေလးနဲ႔ထပ္စစ္ၾကည့္လိုက္ပါ။ ထပ္စစ္လ႔ို္… ၂ေၾကာင္းေပၚရင္ ကိုယ္ဝန္႐ွိေနပါၿပီ။ ထပ္စစ္လို႔…. ၁ေၾကာင္းပဲေပၚတယ္ဆိုရင္ေတာ့ ကိုယ္ဝန္႐ွိႏိုင္ေခ်အ ေတာ္နည္းသြားပါၿပီ။ဒါဆို ကိုယ္ဝန္႐ွိေနတာလည္း မဟုတ္ဘဲ ရာသီလည္းမလာေသးဘူးဆိုရင ရာသီမလာတယ္ ဘာေၾကာင့္လဲဆိုတာသိဖို႔လိုလာပါၿပီ။နီးစပ္ရာေဆးရံုး ေဆးခနိးကို အျမန္ဆံုးသြေရာက္ျပသၿပီး ရာသီမလာရတဲ့ အေၾကာင္းရင္းကို ႐ွာေဖြစစ္ေဆးၿပီး လိုအပ္ရင္ ကုသမႈခံယူသင့္ပါတယ္ ေယာင္းေယာင္းတို႔ေရ

၂ေၾကာင္းေတာ့ေပၚတယ္၊ဒါေပမယ့္ တစ္ေၾကာင္းက အေရာင္ေလးကမွိန္ေနတယ္။

၂ေၾကာင္းေပၚတယ္ဆိုရင္ကို အေရာင္မွိန္ေနရင္ေတာင္မွ ကိုယ္ဝန္႐ွိေနတယ္လို႔ေျပာလို္႔ရပါတယ္။

ဆီးစစ္တံေလးရဲ႕အေျဖက ဘယ္နခါစစ္စစ္ တစ္ေၾကာင္းပဲေပၚတယ္၊ ဒါေပမယ့္ ရာသီလည္းမလာေသးဘူး၊မိမိကိုယ္ကိုယ္လည္း ကိုယ္ဝန္႐ွိေနတယ္လို႔ ခံစားေနရရင္ေရာ? အဲ့လိုဆိုရင္ေတာ့ နီးစပ္ရာေဆးရံု ေဆးခန္းမွာ ဆရာဝန္နဲ႔သြားေရာက္ျပသစစ္ေဆးတာ ေယာင္းေယာင္းတို႔ပိုေသခ်ာပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အခ်ိဳ႕ေသာ ေဆးေတြ(ဥပမာ – စိတ္ၿငိမ္ေဆး၊ အိပ္ေဆး၊ဆီးေဆး၊အတက္က်ေဆး၊မ်ိဳးမေအာင္လ်ွင္သံုးေသာေဆး စသည္) ေသာက္ေနတယ္ဆိုရင္ ဆီးစစ္တံေလးရဲ႕အေျဖမွားႏိုင္လို႔ပါ။

ဆီးစစ္တံမွာ သက္တမ္းကုန္ဆံုးရက္႐ွိလား?

႐ွိပါတယ္။သက္တမ္းကုန္ဆံုးရက္ေက်ာ္လြန္ေနတဲ့ ဆီးစစ္တံက မွန္ကန္တဲ့အေျဖေပးႏိုင္မွာမဟုတ္လို႔ ဆီးစစ္တံဝယ္ရင္ သက္တမ္းကုန္ဆံုးရက္ေလး ေသခ်ာၾကည့္ၿပီးမွဝယ္ပါလို႔ မွာလိုက္ပါရေစ ေယာင္းေယာင္းတို႔ေရ…..

ေမ (ေဆး ၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *