ဘယ်လိုလေးလှချင်တာလဲ? (အပိုင်း ၂)
ဒီတစ်ခေါက်တော့ မျက်နှာလေးဖြူဖွေးဝင်းပဖို့နဲ့ အရေးအကြောင်းကင်းရှင်း တင်းရင်းစေဖို့ အိမ်တွင်းပေါင်းတင် နည်းလေးတွေ ပြောပြပေးမှာဖြစ်ပါတယ်။
ပထမဆုံးအဆင့်ကတော့ အရင်အခေါက်ကပြောသလိုပဲ မျက်နှာကမိတ်ကပ်တွေကို မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်မယ်၊ပြီးရင် မျက်နှာသစ်ဆေးတစ်ခုခုနဲ့ စင်ကြယ်အောင်သစ်မယ်၊ပြီးသွားရင် မျက်နှာသုတ်ပုဝါလေးနဲ့ ရေသုတ်မယ်။
-> မျက်နှာလေးဖြူဖွေးဝင်းပဖို့ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေက
- သခွားသီးတစ်ခြမ်း
- နွားနို့လက်ဖက်ရည်ပန်းကန်တစ်ဝက်
- ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- သကြားအညိုလက်ဖက်ရည်ဇွန်းတစ်ဇွန်း
လုပ်ရမယ့်အဆင့်တွေက
- သခွားသီးကိုအခွံခွာပြီးကြိတ် /ချေ ပါ။
- နွားနို့၊ပျားရည်၊သကြားအညိုတို့ကို သမအောင်မွှေပါ။ပြီးနောက်ချေထားတဲ့သခွားသီးအနှစ်အရည်များကို ပေါင်းထည့်ပါ။
- မျက်နှာပေါ်သုတ်လိမ်းထားပါ။
- မိနစ် 20 ခန့်ကြာလျှင် မျက်နှာရေဆေးချပြီး မျက်နှာသုတ်ပဝါဖြင့် အသာအယာသုတ်ပါ။
->မျက်နှာကအရေးအကြောင်းတွေ လျော့ပါးပြီး တင်းတင်းရင်းရင်းလေးဖြစ်ဖို့ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေက
- ကြက်ဥတစ်လုံး
- ဗီတာမင် E တစ်လုံး
- ရှောက်ရည်တစ်ဇွန်း
လုပ်ရမယ့်အဆင့်တွေက
- ကြက်ဥကိုခွဲပြီး အကာသက်သက်၊အနှစ်သက်သက်ခွဲထားပါ။
- ကြက်ဥအကာကို အမြှုပ်ထသည်အထိ ခလောက်ပါ။
- ဗီတာမင်အီးတစ်လုံးဖောက်ထည့်၊ ရှောက်ရည်တစ်ဇွန်းထည့်ပြီး ထပ်ခလောက်ပါ။
- ထို့နောက် မျက်နှာပေါ်သုတ်လိမ်းထားပါ။
- ၁၅မိနစ်၊မိနစ် ၂၀ ခန့် ခြောက်သည်အထိထားပါ။
- ပြီးလျှင် ရေနွေးစိမ်ထားသော မျက်နှာသုတ်ပုဝါတစ်ထည်ကို ရေညှစ်ချပြီး၊ ထိုခပ်နွေးနွေးမျက်နှာသုတ်ပုဝါဖြင့်မျက်နှာကို အသာအယာသုတ်ပါ။
- နာက်ဆုံးအနေနဲ့ မျက်နှာကို ရေခပ်နွေးနွေးဖြင့်ဆေးချပြီး ပုဝါဖြင့်အသာအယာသုတ်ပါ။
(ကြက်ဥက အနည်းငယ်ညှီနိုင်တာမို့…ကြက်ဥအနံ့မခံနိုင်သူတွေအနေနဲ့ကတော့ အောက်ပါနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။)လိုအပ်တဲ့ပစ္စည်းတွေကတော့
- ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ရှောက်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
လုပ်ရမယ့်အဆင့်တွေက
- ဒိန်ချဉ်နှင့်ရှောက်ရည်ကို ခွက်တစ်ခွက်ထဲတွင်ရောေ မွှပါ။
- ထို့နောက် မျက်နှာပေါ်သုတ်လိမ်းထားပါ။
- ၁၅မိနစ်၊မိနစ် ၂၀ ခန့် ခြောက်သည်အထိထားပါ။
- ပြီးလျှင် ရေနွေးစိမ်ထားသော မျက်နှာသုတ်ပုဝါတစ်ထည်ကို ရေညှစ်ချပြီး၊ ထိုခပ်နွေးနွေးမျက်နှာသုတ်ပုဝါဖြင့်မျက်နှာကို အသာအယာသုတ်ပါ။
- နာက်ဆုံးအနေနဲ့ မျက်နှာကို ရေခပ်နွေးနွေးဖြင့်ဆေးချပြီး ပုဝါဖြင့်အသာအယာသုတ်ပါ။
ယောင်းယောင်းတို့ အချိန်ကုန်ငွေကုန်သက်သာစွာနဲ့ အစဉ်လှပနိုင်ကြပါစေ….
ဒေါက်တာဝင်း (UM 2)
ဘယ္လိုေလးလွခ်င္တာလဲ? (အပိုင္း ၂)
ဒီတစ္ေခါက္ေတာ့ မ်က္ႏွာေလးျဖဴေဖြးဝင္းပဖို႔နဲ့ အေရးအေၾကာင္းကင္း႐ွင္း တင္းရင္းေစဖို႔ အိမ္တြင္းေပါင္းတင္ နည္းေလးေတြ ေျပာျပေပးမွာျဖစ္ပါတယ္။
ပထမဆံုးအဆင့္ကေတာ့ အရင္အေခါက္ကေျပာသလိုပဲ မ်က္ႏွာကမိတ္ကပ္ေတြကို မိတ္ကပ္ဖ်က္ေဆးနဲ႔ဖ်က္မယ္၊ၿပီးရင္ မ်က္ႏွာသစ္ေဆးတစ္ခုခုနဲ႔ စင္ၾကယ္ေအာင္သစ္မယ္၊ၿပီးသြားရင္ မ်က္ႏွာသုတ္ပုဝါေလးနဲ႔ ေရသုတ္မယ္။
-> မ်က္ႏွာေလးျဖဴေဖြးဝင္းပဖို႔ဆိုရင္ လိုအပ္တဲ႔ပစၥည္းေတြက
- သခြားသီးတစ္ျခမ္း
- ႏြားႏို႔လက္ဖက္ရည္ပန္းကန္တစ္ဝက္
- ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္း
- သၾကားအညိဳလက္ဖက္ရည္ဇြန္းတစ္ဇြန္း
လုပ္ရမယ့္အဆင့္ေတြက
- သခြားသီးကိုအခြံခြာၿပီးႀကိတ္ /ေခ် ပါ။
- ႏြားႏို႔၊ပ်ားရည္၊သၾကားအညိဳတို႔ကို သမေအာင္ေမႊပါ။ၿပီးေနာက္ေခ်ထားတဲ့သခြားသီးအနွစ္အရည္မ်ားကို ေပါင္းထည့္ပါ။
- မ်က္ႏွာေပၚသုတ္လိမ္းထားပါ။
- မိနစ္ 20 ခန္႔ၾကာလ်ွင္ မ်က္ႏွာေရေဆးခ်ၿပီး မ်က္ႏွာသုတ္ပဝါျဖင့္ အသာအယာသုတ္ပါ။
->မ်က္ႏွာကအေရးအေၾကာင္းေတြ ေလ်ာ့ပါးၿပီး တင္းတင္းရင္းရင္းေလးျဖစ္ဖို႔ဆိုရင္လိုအပ္တဲ့ပစၥည္းေတြက
- ၾကက္ဥတစ္လံုး
- ဗီတာမင္ E တစ္လံုး
- ေ႐ွာက္ရည္တစ္ဇြန္း
လုပ္ရမယ့္အဆင့္ေတြက
- ၾကက္ဥကိုခြဲၿပီး အကာသက္သက္၊အႏွစ္သက္သက္ခြဲထားပါ။
- ၾကက္ဥအကာကို အျမႇဳပ္ထသည္အထိ ခေလာက္ပါ။
- ဗီတာမင္အီးတစ္လံုးေဖာက္ထည့္၊ ေ႐ွာက္ရည္တစ္ဇြန္းထည့္ၿပီး ထပ္ခေလာက္ပါ။
- ထို႔ေနာက္ မ်က္ႏွာေပၚသုတ္လိမ္းထားပါ။
- ၁၅မိနစ္၊မိနစ္ ၂၀ ခန္႔ ေျခာက္သည္အထိထားပါ။
- ၿပီးလ်ွင္ ေရေႏြးစိမ္ထားေသာ မ်က္ႏွာသုတ္ပုဝါတစ္ထည္ကို ေရညႇစ္ခ်ၿပီး၊ ထိုခပ္ေႏြးေႏြးမ်က္ႏွာသုတ္ပုဝါျဖင့္မ်က္ႏွာကို အသာအယာသုတ္ပါ။
- နာက္ဆံုးအေနနဲ႔ မ်က္ႏွာကို ေရခပ္ေႏြးေႏြးျဖင့္ေဆးခ်ၿပီး ပုဝါျဖင့္အသာအယာသုတ္ပါ။
(ၾကက္ဥက အနည္းငယ္ညႇီႏိုင္တာမို႔…ၾကက္ဥအနံ ့မခံႏိုင္သူေတြအေနနဲ႔ကေတာ့ ေအာက္ပါနည္းလမ္းကိုအသံုးျပဳနိဳင္ပါတယ္။)လိုအပ္တဲ့ပစၥည္းေတြကေတာ့
- ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း
- ေ႐ွာက္ရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း
လုပ္ရမယ့္အဆင့္ေတြက
- ဒိန္ခ်ဥ္ႏွင့္ေ႐ွာက္ရည္ကို ခြက္တစ္ခြက္ထဲတြင္ေရာေ မႊပါ။
- ထို႔ေနာက္ မ်က္ႏွာေပၚသုတ္လိမ္းထားပါ။
- ၁၅မိနစ္၊မိနစ္ ၂၀ ခန္႔ ေျခာက္သည္အထိထားပါ။
- ၿပီးလ်ွင္ ေရေႏြးစိမ္ထားေသာ မ်က္ႏွာသုတ္ပုဝါတစ္ထည္ကို ေရညႇစ္ခ်ၿပီး၊ ထိုခပ္ေႏြးေႏြးမ်က္ႏွာသုတ္ပုဝါျဖင့္မ်က္ႏွာကို အသာအယာသုတ္ပါ။
- နာက္ဆံုးအေနနဲ႔ မ်က္ႏွာကို ေရခပ္ေႏြးေႏြးျဖင့္ေဆးခ်ၿပီး ပုဝါျဖင့္အသာအယာသုတ္ပါ။
ေယာင္းေယာင္းတို႔ အခ်ိန္ကုန္ေငြကုန္သက္သာစြာနဲ႔ အစဥ္လွပႏိုင္ၾကပါေစ….
ေဒါက္တာဝင္း (UM 2)