မကြာခဏထိခိုက်တတ်သောကလေးများအား အိမ်တွင်ကုသခြင်း
မိမိအိမ်မှာကလေးတွေရှိရင် လူကြီးတွေခေါင်းစားရတာတွေအများကြီးရှိပါတယ်။ ကလေးအများစုဟာ အဆော့မက်ကြသလို ပြေးလွှားဆော့ကစားလေ့ရှိကြတာကြောင့် မကြာခဏထိခိုက်တာ၊ ဒဏ်ရာရတာတွေကြုံရမှာပါ။
အဲဒီလိုဒဏ်ရာတွေရလာပြီဆိုရင်တော့ ဂရုတစိုက်နဲ့ ဆေးထည့်ပေးသင့်ပါတယ်။ ဖြစ်လေ့ဖြစ်ထနည်းပေမယ့် အနာရင်းတာ၊ အနာပိုးဝင်တာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆပဲ ဂရုတစိုက်ဆေးထည့်ပေးသင့်ပါတယ်။
အရင်ဆုံးအနာကို ပြောင်အောင် ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာတို့နဲ့များများဆေးသင့်ပါတယ်။ သွေးစသွေးနတွေ၊ ဖုန်တွေသဲတွေပြောင်အောင်ဆေးကြောရမှာပါ။ အနာမြန်မြန်ကျက်အောင်၊ ပိုးသေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပိုးသတ်ဆေးရည်၊ အရက်ပျံ စတာတွေနဲ့ဆေးကြောတာကို မဖြစ်မနေလုပ်ဖို့တော့ မလိုအပ်ပါဘူး။
အနာကသွေးထွက်နေရင် သန့်ရှင်းတဲ့အဝတ်စထူထူ၊ ပတ်တီးထူထူနဲ့ သွေးတိတ်တဲ့အထိ အသာအယာဖိထားပေးသင့်ပါတယ်။ သွေးတတ်သွားပြီဆိုရင်တော့ အနာကိုဆေးထည့်လို့ရပါပြီ။ အနာကိုဆေးထည့်ရင်တော့ မိမိနှစ်သက်ရာပိုးသတ်ဆေးနဲ့ထည့်ပြီး အနာကိုသန့်ရှင်းအောင် ထားသင့်ပါတယ်။
အနာကိုဆေးထည့်ပြီးရင်တော့ အနည်းဆုံးတစ်နေ့ကို တစ်ခါလောက် ဆေးပြန်ထည့်တာ၊ ပတ်တီးလဲတာတွေလုပ်ပေးသင်ပ့ါတယ်။ ဆေးထည့်ရင်း အနာသန့်ရှင်းမှုရှိမရှိကြည့်သင့်သလို အနာကျက်ရဲ့လားဆိုတာလည်း ကြည့်သင့်ပါတယ်။ အနာကရဲလာမယ်၊ ခြေက်ခြောက်သွေ့သွေ့မရှိပဲ စိုလာမယ်၊ ပြည်တွေထွက်လာမယ်၊ ရောင်ကိုင်းလာမယ် စတာတွေရှိလာပြီဆိုရင်တော့ အနာကိုပိုးဝင်ပြီး အနာရင်းနေတာလို့သတိထားရပါမယ်။
အနာဖြစ်တိုင်းဆေးခန်းသွားဖို့မလိုအပ်ပေမယ့် သွားသင့်တဲ့အခြေအနေတွေ ရှိပါတယ်။ အနာကအရမ်းနက်တာ၊ အရမ်းကြီးတာ၊ သွေးမတိတ်တာ၊ အနာရင်းတာ၊ ပိုးဝင်တာ၊ ဖျားတာ၊ ရောင်လာတာ အစရှိတာတွေဖြစ်လာရင်တော့ နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ မသန့်ရှင်းတာတွေနဲ့ ထိတွေ့တာ၊ ဆေးမြီးတိုတွေနဲ့ကုသတာတွေရှောင်ကြဉ်ရပါမယ်။
ကလေးတွေရဲ့နေ့စဉ်ဘဝမှာ ပြေးလွှားဆော့ကစားရင်းနဲ့ ထိခိုက်တာတွေက မကြာခဏဖြစ်တတ်ပါတယ်။ ဖြစ်တတ်တာပဲဆိုပြီး ပေါ့ဆမနေသင့်သလို အရမ်းလည်းမစိုးရိမ်သင့်ပါဘူး။ သာမန်အတိုင်းဆေးကြောသန့်စင်ပြီး ပျောက်ကင်းသွားနိုင်သလို အနာပိုးဝင်ချိန်မှာလည်း စောစောကုသထားရင် စိတ်ချရပါတယ်။ ဒါကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာရရင် ကောင်းမွန်တဲ့ဂရုစိုက်မှုနဲ့ လုံလောက်တဲ့ကုသမှုပေးရမှာဖြစ်ပါတယ်။
Dr. ZZ
မၾကာခဏထိခိုက္တတ္ေသာကေလးမ်ားအား အိမ္တြင္ကုသျခင္း
မိမိအိမ္မွာကေလးေတြရိွရင္ လူႀကီးေတြေခါင္းစားရတာေတြအမ်ားႀကီးရိွပါတယ္။ ကေလးအမ်ားစုဟာ အေဆာ့မက္ၾကသလို ေျပးလႊားေဆာ့ကစားေလ့ရိွၾကတာေၾကာင့္ မၾကာခဏထိခိုက္တာ၊ ဒဏ္ရာရတာေတြႀကံဳရမွာပါ။
အဲဒီလိုဒဏ္ရာေတြရလာၿပီဆိုရင္ေတာ့ ဂ႐ုတစိုက္နဲ႔ ေဆးထည့္ေပးသင့္ပါတယ္။ ျဖစ္ေလ့ျဖစ္ထနည္းေပမယ့္ အနာရင္းတာ၊ အနာပိုးဝင္တာေတြ ျဖစ္ႏိုင္တာေၾကာင့္ မေပါ့ဆပဲ ဂ႐ုတစိုက္ေဆးထည့္ေပးသင့္ပါတယ္။
အရင္ဆံုးအနာကို ေျပာင္ေအာင္ ေဆးေၾကာသင့္ပါတယ္။ သန္႔ရွင္းတဲ့ေရ၊ ဆပ္ျပာတို႔နဲ႔မ်ားမ်ားေဆးသင့္ပါတယ္။ ေသြးစေသြးနေတြ၊ ဖုန္ေတြသဲေတြေျပာင္ေအာင္ေဆးေၾကာရမွာပါ။ အနာျမန္ျမန္က်က္ေအာင္၊ ပိုးေသေအာင္ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ပိုးသတ္ေဆးရည္၊ အရက္ပ်ံ စတာေတြနဲ႔ေဆးေၾကာတာကို မျဖစ္မေနလုပ္ဖို႔ေတာ့ မလိုအပ္ပါဘူး။
အနာကေသြးထြက္ေနရင္ သန္႔ရွင္းတဲ့အဝတ္စထူထူ၊ ပတ္တီးထူထူနဲ႔ ေသြးတိတ္တဲ့အထိ အသာအယာဖိထားေပးသင့္ပါတယ္။ ေသြးတတ္သြားၿပီဆိုရင္ေတာ့ အနာကိုေဆးထည့္လို႔ရပါၿပီ။ အနာကိုေဆးထည့္ရင္ေတာ့ မိမိႏွစ္သက္ရာပိုးသတ္ေဆးနဲ႔ထည့္ၿပီး အနာကိုသန္႔ရွင္းေအာင္ ထားသင့္ပါတယ္။
အနာကိုေဆးထည့္ၿပီးရင္ေတာ့ အနည္းဆံုးတစ္ေန႔ကို တစ္ခါေလာက္ ေဆးျပန္ထည့္တာ၊ ပတ္တီးလဲတာေတြလုပ္ေပးသင္ပ့ါတယ္။ ေဆးထည့္ရင္း အနာသန္႔ရွင္းမႈရိွမရိွၾကည့္သင့္သလို အနာက်က္ရဲ႕လားဆိုတာလည္း ၾကည့္သင့္ပါတယ္။ အနာကရဲလာမယ္၊ ေျခက္ေျခာက္ေသြ႕ေသြ႕မရိွပဲ စိုလာမယ္၊ ျပည္ေတြထြက္လာမယ္၊ ေရာင္ကိုင္းလာမယ္ စတာေတြရိွလာၿပီဆိုရင္ေတာ့ အနာကိုပိုးဝင္ၿပီး အနာရင္းေနတာလို႔သတိထားရပါမယ္။
အနာျဖစ္တိုင္းေဆးခန္းသြားဖို႔မလိုအပ္ေပမယ့္ သြားသင့္တဲ့အေျခအေနေတြ ရိွပါတယ္။ အနာကအရမ္းနက္တာ၊ အရမ္းႀကီးတာ၊ ေသြးမတိတ္တာ၊ အနာရင္းတာ၊ ပိုးဝင္တာ၊ ဖ်ားတာ၊ ေရာင္လာတာ အစရိွတာေတြျဖစ္လာရင္ေတာ့ နားလည္တတ္ကြၽမ္းသူေတြနဲ႔ ေဆြးေႏြးသင့္ပါတယ္။ မသန္႔ရွင္းတာေတြနဲ႔ ထိေတြ႕တာ၊ ေဆးၿမီးတိုေတြနဲ႔ကုသတာေတြေရွာင္ၾကဥ္ရပါမယ္။
ကေလးေတြရဲ႕ေန႔စဥ္ဘဝမွာ ေျပးလႊားေဆာ့ကစားရင္းနဲ႔ ထိခိုက္တာေတြက မၾကာခဏျဖစ္တတ္ပါတယ္။ ျဖစ္တတ္တာပဲဆိုၿပီး ေပါ့ဆမေနသင့္သလို အရမ္းလည္းမစိုးရိမ္သင့္ပါဘူး။ သာမန္အတိုင္းေဆးေၾကာသန္႔စင္ၿပီး ေပ်ာက္ကင္းသြားႏိုင္သလို အနာပိုးဝင္ခ်ိန္မွာလည္း ေစာေစာကုသထားရင္ စိတ္ခ်ရပါတယ္။ ဒါေၾကာင့္ ကေလးေတြ ထိခိုက္ဒဏ္ရာရရင္ ေကာင္းမြန္တဲ့ဂ႐ုစိုက္မႈနဲ႔ လံုေလာက္တဲ့ကုသမႈေပးရမွာျဖစ္ပါတယ္။
Dr. ZZ