high fever
အဖျားကြီးခြင်း
အဖျားမည်မျှရှိလျှင် အဖျားအလွန်ကြီးသည်ဟု ဆိုနိုင်ပါသနည်း။
အဖျား ၁၀၂ ထက်ပိုပါက အဖျားကြီးသည်ဟု ဆိုနိုင်ပါသည်။
ကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုပါက အပူလွန်ကဲသည့် အဆင့်ဟု သတ်မှတ်နိုင်ပါသည်။ အသက်အန္တရာယ်ရှိတတ်၏။
  • သတိလစ်ခြင်း၊
  • တက်ခြင်း၊
  • ဦးနှောက်ထိခိုက်ခြင်း
  • ရေနှင့် ဓာတ်ဆားများ ဆုံးရူံးခြင်း
  • နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်တတ်ပါသည်။
ထိုကဲ့သို့ အဖျားအလွန်ကြီးခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာဖြစ်သဖြင့် စောနိုင်သမျှစောစော စစ်ဆေးကုသမှုခံယူသင့်ပါသည်။
ကုသမှုများ
အဖျားရှိပါက
  • ရာသီဥတုနှင့် သင့်လျှော်သောအဝတ်အစားများ၊ ပွ၍ချောင်ချိသော အဝတ်အစားများသာ ဝတ်ဆင်ပေးပါ။ အဝတ်ထူများ ဝတ်ခြင်း၊ စောင်အထပ်ထပ်ခြုံခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။
  • အပူကြောင့် ရေဓာတ်ဆုံးရူံးမှုပိုများနိုင်သဖြင့် ရေ ပိုသောက်ပေးပါ။
  • ရေပတ်နိုင်နိုင် တိုက်ပေးပါ။ အထူးသဖြင့် ဂျိုင်း၊ ပေါင်ခြံ၊ လည်ပင်းကို အဓိကရေပတ်တိုက်ပေးရပါမည်။ လိုအပ်ပါက ရေအေးဝတ်ကပ်ပေးထားပါ။
  • လိုအပ်ပါက ပါရာစီတမော ကဲ့သို့ အဖျားကျဆေးများ သောက်သုံးနိုင်ပါသည်။
  • အခြားသောရောဂါလက္ခဏာများ(ချောင်းဆိုးခြင်း၊ ယားယံခြင်း) ရှိပါက ဝေဒနာသက်သာစေသော ဆေးများ သုံးစွဲနိုင်ပါသည်။
အဖျားရှိတိုင်း ပိုးသတ်ဆေးသောက်ရန်မလိုပါ။ အဖျားတက်ခြင်း၏ အကြောင်းများကို ဖော်ပြခဲ့ပြီးဖြစ်၍ ဖျားခြင်းသည် ပိုးဝင်ခြင်းတစ်ခုတည်း၏ လက္ခဏာတစ်ခုမဟုတ်ကြောင်း သိပြီးဖြစ်ပါသည်။
သို့သော် ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုးများကြောင့်ဖြစ်ပါက သက်ဆိုင်ရာပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်းအတိအကျ သောက်သုံးရမည်။
အခြားသောရောဂါများကြောင့် ဖြစ်ပါက ရောဂါအခံကိုရှာ၍ ကုသမှုခံယူသင့်ကြောင်း ဖော်ပြပေးလိုက်ပါသည်။
ရီချို(ဆေး ၁)
အဖျားကြီးခြင်း
  • သတိလစ်ခြင်း၊
  • တက်ခြင်း၊
ကုသမှုများ
အဖျားရှိပါက
ရီချို(ဆေး ၁)
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
Why do bones and joints make noises every time they move?
1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ
ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ
1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
Leave a Reply
Your email address will not be published. Required fields are marked *