ကြို့ထိုးခြင်း
ကြို့ထိုးခြင်းဆိုတာဘာလဲ ?
ကြို့ထိုးခြင်း ဆိုသည်မှာ ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားပေးထားသော ကြွက်သားမကြီး အခိုက်အတန့် အလိုလျောက် ညှစ်နေခြင်းပင်ဖြစ်ပါသည် ။
အကြောင်းအမျိုးမျိုးကြောင့် ထိုကြွက်သွားမကြီးဆီသွားသည့် phrenic နာ့ဗ်ကြောသည် လှုံ့ဆော်ခံရသောအခါ ကြွက်သားများကို အလိုအလျောက်လှုပ်ရှားစေတတ်ပါသည် ။ ထို လှုံ့ဆော်မှုကြောင့် အသက်ပြင်းပြင်းရှူရာမှတဆင့် လေပြွန်အဖုံး ယာယီပိတ်သွားကာ ကြို့ထိုးခြင်းကိုဖြစ်ပေါ်စေပါသည် ။
ကြို့ထိုးခြင်းကိုဖြစ်စေသော အမျိုးမျိုးသော အကြောင်းများတွင် အစားမြန်မြန်စားလိုက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အစားအသောက်များကို တပြိုင်နက် အများကြီးစားမိခြင်း ၊ လေဖြတ်ခြင်း ၊ ဦးနှောက်တွင်း အကြိတ်တည်ခြင်း ၊ vagus သို့မဟုတ် phrenic နာ့ဗ်ကြောများထိခိုက်မိခြင်း ၊ စိတ်ဖိစီးမှုများ ၊အချို့သောဆေးဝါးများ ပါဝင်ပါတယ် ။ ထို့အတူ ငိုရှိုက်ခြင်း ၊ ချောင်းဆိုးခြင်းများကဲ့သို့ကြောင့်လဲဖြစ်စေနိုင်ပါတယ် ။
ကြို့ထိုးခြင်းဟာ နေရထိုင်ရခက်စေခြင်းမှ အပ ထူးထူးခြားခြား နောက်ဆက်တွဲ ပြဿနာ မရှိတတ်ပါ ။ သို့သော် ခဏခဏဖြစ်မယ် ၊ ပြင်းထန်မယ် ၊ အချိန်အတော်ကြာ ကြို့ထိုးနေမယ် ( သုံးနာရီထက်ပိုကြာခြင်း )၊ အိပ်စက်ခြင်းမှာ အနှောင့်အယှက်ဖြစ်မယ် ၊ အစာစားရခက်မယ် ၊ စားပြီးသား အစာတွေပြန်အန်ထွက်မယ် ၊ လည်ချောင်းပိတ်ဆို့တယ်လို့ ခံစားရမယ်ဆိုလျှင် ဆရာဝန်နှင့်ပြသသင့်ပါတယ် ။
ဘယ်အရာတွေက ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေသလဲ ?
အခြေအနေများစွာက ကြို့ထိုးခြင်းနှင့်ဆက်စပ်နေသော်လည်း တိတိကျကျ ပြောဆိုနိုင်ခြင်းတော့မရှိပါဘူး ။
* အစားကို အလျင်စလို စားလိုက်သောအခါ အစာနှင့်အတူ လေပါမြိုချမိပြီး ကြို့ထိုးတတ်ပါတယ် ။
* ဆေးလိပ်သောက်ခြင်း ပီကေဝါးခြင်းများမှလဲလေကို မြိုချမိခြင်းကြောင့် ကြို့ထိုးတတ်ပါတယ် ။
* ရင်ခေါင်းခြား ကြွက်သားမကြီးကိုလှုံ့ဆော်စေသည့် မည်သည့် အပြုအမူများမဆို ( အဆီများသော အစားအစာများ အရက်သေစာများ ကာဗွန်ပါသော ဖျော်ရည်များ အအေးများကို အလွန်အကျွံ စားသောက်ခြင်း ) ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါသည် ။
* လေဖြတ်ခြင်း ဦးနှောက်အတွင်းအကြိတ်တည်ခြင်းနှင့် ကျောက်ကပ်ပျက်စိးခြင်းကဲ့သို့ ပြင်းထန်သော ရောဂါမျိား ၊ ဦးခေါင်း ထိခိုက်ဒဏ်ရာများမှ ကြို့ထိုးခြင်းကို ဖြစ်ပါ်စေပါတယ် ။
* Phrenic သို့မဟုတ် vagus နာ့ဗ်ကြောများ ထိခိုက်ခြင်းကြောင့် အချိန်အတော်ကြာ ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ် ။
* Diazepam ၊ alprazolam ၊ lorazepam ကဲ့သို့ဆေးများ နီကိုတင်းပါသောဆေးများ အနာသက်သာစေသောဆေးများကြောင့်လဲလကြို့ထိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။
* စိုးရိမ် ပူပန်မှု ကြောင့်ကျမှု စိတ်ဖိစီးခြင်းတို့ကြောင့်လဲ ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ် ။
ကြို့ထိုးခြင်းလျှင် ဘယ်လိုလုပ်ရမလဲ ?
ကြို့ထိုးခြင်းဟာ ယာယီဖြစ်ပြီး သူ့အလိုလိုပျောက်သွားတတ်ပါတယ် ။ ရိုးရှင်းသော နည်းလမ်းတွေဖြစ်တဲ့
– အသက်ရှူ အောင့်ထားခြင်း
– ရေတစ်ဖန်ခွက်ကြီးကို တကျိုက်ထဲ သောက်လိုက်ခြင်း
– အိတ်တစ်လုံးယူပြီး ပါးစပ်နှင့် နှာခေါင်းလုံအောင်ပိတ်ကာ အသက်ရှူသွင်း ရှူထုတ်လုပ်ခြင်း
– တစ်စုံတစ်ဦးမှ ရုတ်တရက် ခြောက်လှန့်ခြင်း
– လျှာကိုဆွဲထားခြင်း အစရှိတဲ့ နည်းတွေ ပြုလုပ်နိုင်ပါတယ် ။
ဆိုးဝါးပြင်းထန်တဲ့ ကြို့ထိုးခြင်းများဖြစ်ပွားပါက သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့သွားရောက် ပြသသင့်ပါတယ် ။ ကုသမှု နည်းလမ်းများ အနေနဲ့ ဆေးဝါးဖြင့် လည်းကောင်း ၊ phrenic နာ့ဗ်ကြောအား ထုံဆေးပေးခြင်း ၊ အလွန့်အလွန်ဆိုးဝါးပါက ဖြတ်တောက်ခြင်းများဖြင့် ကုသနိုင်ပါ
တယ် ။
Dr. ရှိန်းသူဟန်
ႀကိဳ႕ထိုးျခင္း
ႀကိဳ႕ထိုးျခင္းဆိုတာဘာလဲ ?
ႀကိဳ႕ထိုးျခင္း ဆိုသည္မွာ ရင္ဘတ္ပိုင္းနဲ႕ ဝမ္းဗိုက္ပိုင္းကို ျခားေပးထားေသာ ႂကြက္သားမၾကီး အခိုက္အတန္႔ အလိုေလ်ာက္ ညွစ္ေနျခင္းပင္ျဖစ္ပါသည္ ။
အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ထိုႂကြက္သြားမႀကီးဆီသြားသည့္ phrenic နာ့ဗ္ေၾကာသည္ လႈံ႕ေဆာ္ခံရေသာအခါ ႂကြက္သားမ်ားကို အလိုအေလ်ာက္လႈပ္ရွားေစတတ္ပါသည္ ။ ထို လႈံ႕ေဆာ္မႈေၾကာင့္ အသက္ျပင္းျပင္းရႉရာမွတဆင့္ ေလႁပြန္အဖံုး ယာယီပိတ္သြားကာ ႀကိဳ႕ထိုးျခင္းကိုျဖစ္ေပၚေစပါသည္ ။
ႀကိဳ႕ထိုးျခင္းကိုျဖစ္ေစေသာ အမ်ဳိးမ်ဳိးေသာ အေၾကာင္းမ်ားတြင္ အစားျမန္ျမန္စားလိုက္ျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ၊ အစားအေသာက္မ်ားကို တၿပိဳင္နက္ အမ်ားႀကီးစားမိျခင္း ၊ ေလျဖတ္ျခင္း ၊ ဦးေႏွာက္တြင္း အႀကိတ္တည္ျခင္း ၊ vagus သို႔မဟုတ္ phrenic နာ့ဗ္ေၾကာမ်ားထိခိုက္မိျခင္း ၊ စိတ္ဖိစီးမႈမ်ား ၊အခ်ဳိ႕ေသာေဆးဝါးမ်ား ပါဝင္ပါတယ္ ။ ထို႔အတူ ငိုရႈိက္ျခင္း ၊ ေခ်ာင္းဆိုးျခင္းမ်ားက့ဲသို႔ေၾကာင့္လဲျဖစ္ေစႏိုင္ပါတယ္ ။
ႀကိဳ႕ထိုးျခင္းဟာ ေနရထိုင္ရခက္ေစျခင္းမွ အပ ထူးထူးျခားျခား ေနာက္ဆက္တြဲ ျပႆနာ မရွိတတ္ပါ ။ သို႔ေသာ္ ခဏခဏျဖစ္မယ္ ၊ ျပင္းထန္မယ္ ၊ အခ်ိန္အေတာ္ၾကာ ႀကိဳ႕ထိုးေနမယ္ ( သံုးနာရီထက္ပိုၾကာျခင္း )၊ အိပ္စက္ျခင္းမွာ အေႏွာင့္အယွက္ျဖစ္မယ္ ၊ အစာစားရခက္မယ္ ၊ စားၿပီးသား အစာေတြျပန္အန္ထြက္မယ္ ၊ လည္ေခ်ာင္းပိတ္ဆို႔တယ္လို႔ ခံစားရမယ္ဆိုလွ်င္ ဆရာဝန္ႏွင့္ျပသသင့္ပါတယ္ ။
ဘယ္အရာေတြက ႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစသလဲ ?
အေျခအေနမ်ားစြာက ႀကိဳ႕ထိုးျခင္းႏွင့္ဆက္စပ္ေနေသာ္လည္း တိတိက်က် ေျပာဆိုႏိုင္ျခင္းေတာ့မရွိပါဘူး ။
* အစားကို အလ်င္စလို စားလိုက္ေသာအခါ အစာႏွင့္အတူ ေလပါၿမိဳခ်မိၿပီး ႀကိဳ႕ထိုးတတ္ပါတယ္ ။
* ေဆးလိပ္ေသာက္ျခင္း ပီေကဝါးျခင္းမ်ားမွလဲေလကို ၿမိဳခ်မိျခင္းေၾကာင့္ ႀကိဳ႕ထိုးတတ္ပါတယ္ ။
* ရင္ေခါင္းျခား ႂကြက္သားမႀကီးကိုလႈံ႕ေဆာ္ေစသည့္ မည္သည့္ အျပဳအမူမ်ားမဆို ( အဆီမ်ားေသာ အစားအစာမ်ား အရက္ေသစာမ်ား ကာဗြန္ပါေသာ ေဖ်ာ္ရည္မ်ား အေအးမ်ားကို အလြန္အကြၽံ စားေသာက္ျခင္း ) ႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစတတ္ပါသည္ ။
* ေလျဖတ္ျခင္း ဦးေႏွာက္အတြင္းအႀကိတ္တည္ျခင္းႏွင့္ ေက်ာက္ကပ္ပ်က္စ္ိးျခင္းကဲ့သို႔ ျပင္းထန္ေသာ ေရာဂါမိ်ား ၊ ဦးေခါင္း ထိခိုက္ဒဏ္ရာမ်ားမွ ႀကိဳ႕ထိုးျခင္းကို ျဖစ္ပၚေစပါတယ္ ။
* Phrenic သို႔မဟုတ္ vagus နာ့ဗ္ေၾကာမ်ား ထိခိုက္ျခင္းေၾကာင့္ အခ်ိန္အေတာ္ၾကာ ႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစပါတယ္ ။
* Diazepam ၊ alprazolam ၊ lorazepam က့ဲသို႔ေဆးမ်ား နီကိုတင္းပါေသာေဆးမ်ား အနာသက္သာေစေသာေဆးမ်ားေၾကာင့္လဲလႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္ ။
* စိုးရိမ္ ပူပန္မႈ ေၾကာင့္က်မႈ စိတ္ဖိစီးျခင္းတို႔ေၾကာင့္လဲ ႀကိဳ႕ထိုးျခင္းကို ျဖစ္ေပၚေစတတ္ပါတယ္ ။
ႀကိဳ႕ထိုးျခင္းလွ်င္ ဘယ္လိုလုပ္ရမလဲ ?
ႀကိဳ႕ထိုးျခင္းဟာ ယာယီျဖစ္ၿပီး သူ႔အလိုလိုေပ်ာက္သြားတတ္ပါတယ္ ။ ႐ိုးရွင္းေသာ နည္းလမ္းေတြျဖစ္တ့ဲ
– အသက္ရႉ ေအာင့္ထားျခင္း
– ေရတစ္ဖန္ခြက္ႀကီးကို တက်ဳိက္ထဲ ေသာက္လိုက္ျခင္း
– အိတ္တစ္လံုးယူၿပီး ပါးစပ္ႏွင့္ ႏွာေခါင္းလံုေအာင္ပိတ္ကာ အသက္ရႉသြင္း ရႉထုတ္လုပ္ျခင္း
– တစ္စံုတစ္ဦးမွ ႐ုတ္တရက္ ေျခာက္လွန္႔ျခင္း
– လွ်ာကိုဆြဲထားျခင္း အစရွိတ့ဲ နည္းေတြ ျပဳလုပ္ႏိုင္ပါတယ္ ။
ဆိုးဝါးျပင္းထန္တ့ဲ ႀကိဳ႕ထိုးျခင္းမ်ားျဖစ္ပြားပါက သက္ဆိုင္ရာ ေဆးရံုေဆးခန္းသို႔သြားေရာက္ ျပသသင့္ပါတယ္ ။ ကုသမႈ နည္းလမ္းမ်ား အေနနဲ႔ ေဆးဝါးျဖင့္ လည္းေကာင္း ၊ phrenic နာ့ဗ္ေၾကာအား ထံုေဆးေပးျခင္း ၊ အလြန္႔အလြန္ဆိုးဝါးပါက ျဖတ္ေတာက္ျခင္းမ်ားျဖင့္ ကုသႏိုင္ပါ
တယ္ ။
Dr. ရွိန္းသူဟန္