mydoctor-top-telemedicine

ဆင်ရေယုန်ဆိုတာ

ဆင်ရေယုန်ဆိုတာ တကယ်တော့ ရေကျောက်ရောဂါရဲ့ နောက်ဆက်တွဲရောဂါတစ်မျိုးပါ။ ဒါဆိုရင် ရေကျောက်ရောဂါကို နည်းနည်းရှင်းပြမယ်နော်။ ရေကျောက်ရောဂါဟာ Varicella zoaster လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးကူးစက်ခြင်းကြောင့် ဖြစ်တဲ့ရောဂါပါ။ ဒီဗိုင်းရပ်ပိုးက အရေပြားနဲ့ အာရုံကြောဆဲလ်တွေကို ကြိုက်နှစ်သက်တဲ့အမျိုးဖြစ်လို့ အရေပြားရောဂါနဲ့ အာရုံကြောရောဂါတွေကို အဓိကဖြစ်စေပါတယ်။ ဒီပိုးဟာ လေမှတစ်ဆင့် ကူးစက်ပြီး ကလေးတွေမှာ ရေကျောက်ရောဂါအနေနဲ့ စောစီးစွာ လက္ခဏာပြစေတယ်။ အဲ့နောက် ဒီပိုးတွေဟာ အာရုံကြောဖုလေးတွေမှာ သွားပုန်းနေပြီး ခုခံအားကျတဲ့အချိန်၊ စိတ်ဖိစီးမှုများတဲ့အချိန်မှ ထွက်လာကာ ရေကျောက်နဲ့တူတဲ့ အရေပြားအနာလေးတွေ ဖြစ်စေပါတယ်။ အဲ့ဒီအခါဖြစ်တဲ့ အရေပြားအနာကွက်တွေကိုတော့ ဆင်ရေယုန်ပေါက်တယ်လို့ ခေါ်တာပေါ့။

ဒီလောက်ဆိုရင်တော့ ဆင်ရေယုန် ဘာကြောင့်ဖြစ်လဲ သိပြီနော်။ ဘယ်လိုရောဂါလက္ခဏာတွေပြမှာလေ။ အရေပြားကို ကြိုက်တဲ့ပိုးဖြစ်တာကြောင့် အရေပြားပေါ်မှာ ဝေဒနာခံစားရတာများပါတယ်။

၁။ သက်ဆိုင်ရာ အာရုံကြောက ထောက်ပံ့ပေးတဲ့ အရေပြားတစ်လျှောက်မှာ နာကျင်မယ်။ ကျောရိုးနေရာကနေ ကိုယ်ရှေ့ပိုင်းထိ အရစ်လိုက် ဖြစ်တာမျိုးပေါ့။

၂။ ၃ရက်၊ ၄ရက်လောက်ကြာရင် အရေကြည်ဖုလေးတွေ ပေါက်လာမယ်။ ယားယံမယ်။

၃။ တစ်ခါတစ်ရံ ဘာအနီကွက်၊ အရေကြည်ဖုမပေါ်ဘဲ ထုံနေတာလည်းဖြစ်တတ်တယ်။

၄။ သွေးကြောထဲမှာ ပိုးလေးတွေရောက်ပြီး ပြန့်ရင်တော့ ဖျားမယ်။ ခေါင်းကိုက်မယ်။ နှုံးမယ်။ ပုံမှန်ထွက်နေကြနေရာမဟုတ်တဲ့ နေရာတွေမှာ ရေကျောက်နဲ့ဆင်တူတဲ့ အရေပြားနာလေးတွေ ဖြစ်တတ်ပါတယ်။

ခုခံအားကျဆင်းတဲ့ရောဂါရှိရင် သို့ ခုခံအားတအားကျနေတဲ့အချိန်မျိုး( ကင်ဆာဆေးသွင်းနေသူတွေ၊ စတီးရွိတ်နဲ့ ခုခံအားကျစေတဲ့ဆေးတွေသောက်နေရသူတွေ၊ အသက်ကြီးသူတွေ) ဆိုရင်တော့ ရောဂါပိုပြင်းတတ်၊ ပြန့်တတ်ပါတယ်။

ရင်ဘက်၊ ကျောဘက်တွေမှာ ပိုဖြစ်လေ့ရှိပြီး မျက်လုံးအာရုံကြော ထောက်ပံ့နေတဲ့ နေရာမှာလဲ မကြာခဏဖြစ်လေ့ရှိတာ တွေ့ရတယ်။ ဒါကြောင့် မျက်ကြည်လွှာမှာ အရေကြည်ဖုတွေပေါက်ပြးီ အနာဖြစ်ခဲ့ရင် မျက်စိကွယ်သည်အထိဖြစ်စေနိုင်တယ်။ မျက်နှာလေဖြတ်တာ၊ ဆီး၊ဝမ်း မမှန်တာ ၊အရသာခံအာရုံဆုံးရူံးတာ အပြင် ဦးနှောက်ရောင်တာအထိဖြစ်တတ်လို့ ပေါ့ပေါ့မနေသင့်ပါဘူး။ ဒါ့အပြင် အာရုံကြောရောင်ပြီး နာကျင်စေတာက ၆လလောက်ထိ ကြာတတ်တော့ နေ့စဉ်ဘဝမှာ အနည်းနှင့်အများထိခိုက်စေမှာ အမှန်ပါ။

ကုသဖို့ကတော့ဗိုင်းရပ်သေစေတဲ့ ပိုသတ်ဆေးက အကောင်းဆုံးပါ။ aciclovir စတဲ့ဆေးတွေပေါ့။ ပိုးသတ်ဆေးဖြစ်လို့ မိမိသဘောနဲ့မသောက်သင့်ပါ။ တတ်ကျွမ်းသူနှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။ အကိုက်အခဲပျောက်စေဖို့ကတော့ gabapentin လို ဆေးမျိုးတွေက ပိုကောင်းပါတယ်။ capsaicin ပါတဲ့လိမ်းဆေးတွေလည်း လိမ်းပေးနိုင်တယ်နော်။ ဒါ့ပြင် အနားယူမယ်။ အာဟာရပြည့်ဝအောင်စားမယ်။ အနာသက်သာအောင် ရေအေးဝတ်ကပ်ပေးနိုင်ပါတယ်။

ဒီဆင်ရေယုန်က ကူးစက်တတ်တာဖို့ သူတစ်ပါးကို မကူးအောင်လဲ ဂရုစိုက်ရပါမယ်။ အနာရှိတဲ့ အစိတ်အပိုင်းကို ဖုံးထားပါ။ လက်ကို သန့်ရှင်းအောင်ထားပါ။ ခုခံအားမကောင်းသူတွေနဲ့ ထိတွေ့ခြင်းကိုရှောင်ပေးပါ။

ကာကွယ်ဆေးရှိပေမယ့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာတော့ မထိုးပါဘူး။ ကူးစက်ဖို့ ရာခိုင်နှုန်းများသူတွေ၊ ရောဂါပြင်းထန်နိုင်ချေရှိသူတွေ၊ ရောဂါရှိသူနဲ့ အနီးကပ်ရှိသူတွေတော့ ထိုးထားသင့်တယ်နော်။ အဆိပ်ဖြေဆေးကိုတော့ ရောဂါပိုးနဲ့ထိတွေ့မိပြီး ၇ရက်အတွင်းမှာ ထိုးနိုင်ပါတယ်။

ဆင်ရေယုန်ဟာ ရေကျောက်နောက်ဆက်တွဲ ရောဂါဖြစ်လို့ ရေကျောက်ပေါက်ဖူးတဲ့ ကလေးတွေမှာ တွေ့ရတတ်တယ်။ သို့ပေမယ့် ရေကျောက်ပေါက်ဖူးတဲ့ သူတိုင်းမှာ မဖြစ်ဘဲ အာရုံကြောမှာ ပုန်းနေတဲ့ အကောင်လေးတွေရှိသူမှာပဲ ဖြစ်တာပါ။ ဖြစ်လာခဲ့ရင်လည်း စိတ်မပူပါနဲ့။ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်မယ်။ စိတ်ဖိစီးမှု နည်းအောင်နေမယ်ဆို ရောဂါဖြစ်ပွားမှုနည်းစေမှာမို့ ကျန်းမာရေး ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်တယ်နော်။
ရီချို(ဆေး ၁)

ဆင္ေရယုန္ဆိုတာ

ဆင္ေရယုန္ဆိုတာ တကယ္ေတာ့ ေရေက်ာက္ေရာဂါရဲ႕ ေနာက္ဆက္တြဲေရာဂါတစ္မ်ိဳးပါ။ ဒါဆိုရင္ ေရေက်ာက္ေရာဂါကို နည္းနည္း႐ွင္းျပမယ္ေနာ္။ ေရေက်ာက္ေရာဂါဟာ Varicella zoaster လို႔ေခၚတဲ့ ဗိုင္းရပ္ပိုးကူးစက္ျခင္းေၾကာင့္ ျဖစ္တဲ့ေရာဂါပါ။ ဒီဗိုင္းရပ္ပိုးက အေရျပားနဲ႔ အာရံုေၾကာဆဲလ္ေတြကို ႀကိဳက္ႏွစ္သက္တဲ့အမ်ိဳးျဖစ္လို႔ အေရျပားေရာဂါနဲ႔ အာရံုေၾကာေရာဂါေတြကို အဓိကျဖစ္ေစပါတယ္။ ဒီပိုးဟာ ေလမွတစ္ဆင့္ ကူးစက္ၿပီး ကေလးေတြမွာ ေရေက်ာက္ေရာဂါအေနနဲ႔ ေစာစီးစြာ လကၡဏာျပေစတယ္။ အဲ့ေနာက္ ဒီပိုးေတြဟာ အာရံုေၾကာဖုေလးေတြမွာ သြားပုန္းေနၿပီး ခုခံအားက်တဲ့အခ်ိန္၊ စိတ္ဖိစီးမႈမ်ားတဲ့အခ်ိန္မွ ထြက္လာကာ ေရေက်ာက္နဲ႔တူတဲ့ အေရျပားအနာေလးေတြ ျဖစ္ေစပါတယ္။ အဲ့ဒီအခါျဖစ္တဲ့ အေရျပားအနာကြက္ေတြကိုေတာ့ ဆင္ေရယုန္ေပါက္တယ္လို႔ ေခၚတာေပါ့။

ဒီေလာက္ဆိုရင္ေတာ့ ဆင္ေရယုန္ ဘာေၾကာင့္ျဖစ္လဲ သိၿပီေနာ္။ ဘယ္လိုေရာဂါလကၡဏာေတြျပမွာေလ။ အေရျပားကို ႀကိဳက္တဲ့ပိုးျဖစ္တာေၾကာင့္ အေရျပားေပၚမွာ ေဝဒနာခံစားရတာမ်ားပါတယ္။

၁။ သက္ဆိုင္ရာ အာရံုေၾကာက ေထာက္ပံ့ေပးတဲ့ အေရျပားတစ္ေလွ်ာက္မွာ နာက်င္မယ္။ ေက်ာ႐ိုးေနရာကေန ကိုယ္ေ႐ွ႕ပိုင္းထိ အရစ္လိုက္ ျဖစ္တာမ်ိဳးေပါ့။

၂။ ၃ရက္၊ ၄ရက္ေလာက္ၾကာရင္ အေရၾကည္ဖုေလးေတြ ေပါက္လာမယ္။ ယားယံမယ္။

၃။ တစ္ခါတစ္ရံ ဘာအနီကြက္၊ အေရၾကည္ဖုမေပၚဘဲ ထံုေနတာလည္းျဖစ္တတ္တယ္။

၄။ ေသြးေၾကာထဲမွာ ပိုးေလးေတြေရာက္ၿပီး ျပန္႔ရင္ေတာ့ ဖ်ားမယ္။ ေခါင္းကိုက္မယ္။ ႏႈံးမယ္။ ပံုမွန္ထြက္ေနၾကေနရာမဟုတ္တဲ့ ေနရာေတြမွာ ေရေက်ာက္နဲ႔ဆင္တူတဲ့ အေရျပားနာေလးေတြ ျဖစ္တတ္ပါတယ္။

ခုခံအားက်ဆင္းတဲ့ေရာဂါ႐ွိရင္ သို႔ ခုခံအားတအားက်ေနတဲ့အခ်ိန္မ်ိဳး( ကင္ဆာေဆးသြင္းေနသူေတြ၊ စတီးရြိတ္နဲ႔ ခုခံအားက်ေစတဲ့ေဆးေတြေသာက္ေနရသူေတြ၊ အသက္ႀကီးသူေတြ) ဆိုရင္ေတာ့ ေရာဂါပိုျပင္းတတ္၊ ျပန္႔တတ္ပါတယ္။

ရင္ဘက္၊ ေက်ာဘက္ေတြမွာ ပိုျဖစ္ေလ့႐ွိၿပီး မ်က္လံုးအာရံုေၾကာ ေထာက္ပံ့ေနတဲ့ ေနရာမွာလဲ မၾကာခဏျဖစ္ေလ့႐ွိတာ ေတြ႔ရတယ္။ ဒါေၾကာင့္ မ်က္ၾကည္လႊာမွာ အေရၾကည္ဖုေတြေပါက္ၿပးီ အနာျဖစ္ခဲ့ရင္ မ်က္စိကြယ္သည္အထိျဖစ္ေစႏိုင္တယ္။ မ်က္ႏွာေလျဖတ္တာ၊ ဆီး၊ဝမ္း မမွန္တာ ၊အရသာခံအာရံုဆံုးရံူးတာ အျပင္ ဦးေႏွာက္ေရာင္တာအထိျဖစ္တတ္လို႔ ေပါ့ေပါ့မေနသင့္ပါဘူး။ ဒါ့အျပင္ အာရံုေၾကာေရာင္ၿပီး နာက်င္ေစတာက ၆လေလာက္ထိ ၾကာတတ္ေတာ့ ေန႔စဥ္ဘဝမွာ အနည္းႏွင့္အမ်ားထိခိုက္ေစမွာ အမွန္ပါ။

ကုသဖို႔ကေတာ့ဗိုင္းရပ္ေသေစတဲ့ ပိုသတ္ေဆးက အေကာင္းဆံုးပါ။ aciclovir စတဲ့ေဆးေတြေပါ့။ ပိုးသတ္ေဆးျဖစ္လို႔ မိမိသေဘာနဲ႔မေသာက္သင့္ပါ။ တတ္ကြၽမ္းသူႏွင့္ တိုင္ပင္ၿပီးမွ ေသာက္သံုးသင့္ပါတယ္။ အကိုက္အခဲေပ်ာက္ေစဖို႔ကေတာ့ gabapentin လို ေဆးမ်ိဳးေတြက ပိုေကာင္းပါတယ္။ capsaicin ပါတဲ့လိမ္းေဆးေတြလည္း လိမ္းေပးႏိုင္တယ္ေနာ္။ ဒါ့ျပင္ အနားယူမယ္။ အာဟာရျပည့္ဝေအာင္စားမယ္။ အနာသက္သာေအာင္ ေရေအးဝတ္ကပ္ေပးႏိုင္ပါတယ္။

ဒီဆင္ေရယုန္က ကူးစက္တတ္တာဖို႔ သူတစ္ပါးကို မကူးေအာင္လဲ ဂ႐ုစိုက္ရပါမယ္။ အနာ႐ွိတဲ့ အစိတ္အပိုင္းကို ဖံုးထားပါ။ လက္ကို သန္႔႐ွင္းေအာင္ထားပါ။ ခုခံအားမေကာင္းသူေတြနဲ႔ ထိေတြ႔ျခင္းကိုေ႐ွာင္ေပးပါ။

ကာကြယ္ေဆး႐ွိေပမယ့္ ပံုမွန္ကာကြယ္ေဆးထိုးအစီအစဥ္မွာေတာ့ မထိုးပါဘူး။ ကူးစက္ဖို႔ ရာခိုင္ႏႈန္းမ်ားသူေတြ၊ ေရာဂါျပင္းထန္ႏိုင္ေခ်႐ွိသူေတြ၊ ေရာဂါ႐ွိသူနဲ႔ အနီးကပ္႐ွိသူေတြေတာ့ ထိုးထားသင့္တယ္ေနာ္။ အဆိပ္ေျဖေဆးကိုေတာ့ ေရာဂါပိုးနဲ႔ထိေတြ႔မိၿပီး ၇ရက္အတြင္းမွာ ထိုးႏိုင္ပါတယ္။

ဆင္ေရယုန္ဟာ ေရေက်ာက္ေနာက္ဆက္တြဲ ေရာဂါျဖစ္လို႔ ေရေက်ာက္ေပါက္ဖူးတဲ့ ကေလးေတြမွာ ေတြ႔ရတတ္တယ္။ သို႔ေပမယ့္ ေရေက်ာက္ေပါက္ဖူးတဲ့ သူတိုင္းမွာ မျဖစ္ဘဲ အာရံုေၾကာမွာ ပုန္းေနတဲ့ အေကာင္ေလးေတြ႐ွိသူမွာပဲ ျဖစ္တာပါ။ ျဖစ္လာခဲ့ရင္လည္း စိတ္မပူပါနဲ႔။ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္မယ္။ စိတ္ဖိစီးမႈ နည္းေအာင္ေနမယ္ဆို ေရာဂါျဖစ္ပြားမႈနည္းေစမွာမို႔ က်န္းမာေရး ဂ႐ုစိုက္ၾကဖို႔ တိုက္တြန္းလိုက္တယ္ေနာ္။
ရီခ်ိဳ(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *