အူကျရောဂါ

တစ်နေ့ ဆေးခန်းထိုင်နေရင်း အမျိုးသားတစ်ယောက် ဆေးခန်းလာပြတယ်…

ဒေါက်တာရယ် မရိုမသေ စကား.. ကျွန်တော့် ကပ္ပါယ်အိတ်ထဲ တခါတရံအောင့်သလို့နဲ့… ပြီးတော့ အလုံးလိုမျိုးဟာလဲ စမ်းမိနေတယ်..ကိုင်ကြည့်တော့လဲ ပျော့ပျော့ရယ်..သိပ်လဲမနာဘူး…နေရခက် ထိုင်ရခက်နဲ့မို့ ..စိုးရိမ်ရလားလို့ လာပြတာပါခင်ဗျ

ဒါနဲ့ စမ်းသပ်ကြည့်လိုက်တော့ hernia ခေါ် အူကျရောဂါ ဖြစ်လို့နေပါတယ်

အူကျရောဂါဆိုတာ ဘာလဲ ?

ဝမ်းဗိုက်ပိုင်းကြွက်သားတွေတစ်သျှူးတွေ အားလျော့ရဲနေတဲ့နေရာတွေကနေမှတဆင့် အူတွေ ထွက်ကျလာခြင်းမျိုးကို အူကျခြင်းလို့ ခေါ်ပါတယ်…ဝမိးဗိုက်ပိုင်းဟာ အဖြစ်အများဆုံးဆိုပေမယ့် ပေါင်ခြံ၊ဗိုက်ကြွက်သားအောက်ပိုင်း၊ကပ္ပါယ်အိတ်အစရှိတာတွေမှာလဲ ဖြစ်တတ်ပါတယ်.. ထွက်ကျလာတဲ့ အလုံးထဲမှာ အူ သို့မဟုတ် အဆီတစ်သျှူး တွေ ပါနေနိုင်ပါတယ်..

အူကျရောဂါက ဘာလိုအကြောင်းတွေကြောင့် အဖြစ်များလဲ?

  • အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကြွက်သားတွေ အားနည်းလျော့ရဲလာတတ်လို့ လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်..
  • အမျိုးသားတွေဟာ အမျိးသမီးတွေထက် ဖြစ်နိုင်ချေ ရာခိုင်နှုန်းများပါတယ်
  • ယခင် ခန္ဓာကိုယ်တွင်းခွဲစိတ်ထားမှုတွေမှာ အနာပြန်မကျက်ခြင်း
  • ယခင် အူကျရောဂါ ဖြစ်ဖူးထားသူများ
  • ဆေးလိပ်သောက်ခြင်းမှ နာတာရှည်ချောင်းဆိုးရောဂါဖြစ်နေသူများ
  • အလေးအပင် အမြဲ မ နေရသူများ
  • အားစိုက်ရသော လေ့ကျင့်ခန်း လုပ်သူများ
  • ဝမ်းခဏခဏ ချုပ်တတ်သူများ မှာ ပိုအဖြစ်များပါတယ်

အူကျရောဂါ ဖြစ်နေပါက ဘယ်လို လက္ခဏာတွေ တွေ့ရတတ်သလဲ?

  • အူကျနေသောဘက်တွင် အလုံးအကျိတ် စမ်းမိခြင်း
  • မတ်တပ်ရပ်အနေအထား(သို့) ချောင်းဆိုးလိုက်ပါက ထိုအလုံးအား ပိုမို ထင်ရှားစွာ စမ်းမိနိုင်ပါတယ်
  • အလေးအပင်မခြင်း၊ချောင်းဆိုးခြင်းတွေမှာ ထိုနေရာတဝိုက် နာကျင်ခြင်း၊အောင့်ခြင်း
  • ထိုနေရာတဝိုက် နေထိုင်ခက်ခြင်း၊မအီမသာ ဖြစ်ခြင်း

အူကျရောဂါကို ဘယ်လိုများ ကာကွယ်ကြမလဲ?

  • ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်း
  • အမျှင်ဓာတ်များသော အသီးအရွက်၊အစားအသောက်များစားခြင်း
  • မိမိအတွက် လေးလံလွန်းသော ပစ္စည်းများကို မခြင်းမှ ရှောင်ကြဉ်ခြင်း
  • ဆေးလိပ် ဖြတ်ခြင်း
  • အူကျခြင်းကို ထိန်းထားပေးသော ကိရိယာအား ဝတ်ဆင်ခြင်း တို့ ပြုလုပ်သင့်ပါတယ်

အူကျရောဂါ ဖြစ်ပွားပါက ဘယ်လို ကုသမလဲ?

မိမိမှာ အူကျရောဂါ ဖြစ်လာပါက အရင်ဆုံး မိမိ ပြသနေကြ ဆရာဝန်နှင့် တိုင်ပင်ပါ။ ထိုမှတဆင့် နေ့စဉ် စားသောက်နေထိုင်မှု ပုံစံပြောင်းလဲခြင်းတို့ လုပ်ရပါမည်။ အူကျခြင်းရောဂါဟာ ခန္ဓာကိုယ်တွင်း ကြွက်သားများ အားနည်းခြင်းကြောင့် ဖြစ်သလို မကုသပဲ ထားပါက အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ ပျောက်ကင်းဖို့အတွက်ဆို အမြန်ဆုံး ခွဲစိတ်ကုသသင့်ပါတယ်

ကုသမှုမခံယူပါက ဘာတွေများ ဆက်ဖြစ်နိုင်မှာလဲ?

ကျွံကျနေတဲ့ အူဟာ ပိုမို ကြီးထွားလာပြီး နာကျင်မှုကို ပိုခံစားရလာစေခြင်း၊ ဘေးပတ်ဝန်းကျင် တစ်လျှောက်မှာလဲ ပိုယောင်ယမ်းလာစေနိုင်ပါတယ်။ ယောင်လာတာနဲ့အမျှ ထို အစိတ်အပိုင်းကို သွေးမရောက်တော့တဲ့အခါမှာ ပုပ်ခြင်း၊ ရောဂါပိုးများ ဝင်ခြင်း ဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နေနိုင်ပါတယ်

ဒါကြောင့်မို့လို့ မိမိမှာများ ဒီလိုလက္ခဏာများတွေရှိပါက တုံနှေးတွေဝေမနေသင့်ပါ…

ကျန်းမာရေး ဗဟုသုတ များစေဖို့ ဤစာတိုလေးအား ရေးလိုက်ရပါသည်…

ဒေါက်တာပိုင်ဇော်

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *