Celiac

မျိုးရိုးလိုက် Celiac ဝေဒနာ

Celiac ဝေဒနာ လို့ ဆိုကြတဲ့ ဂလူတင်နဲ့ဓာတ်မတည့်တဲ့ အူသိမ်ဝေဒနာဟာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်လာရတဲ့ ဝေဒနာဖြစ်ပြီး ပြင်းထန်တဲ့ Autoimmune ရောဂါတစ်မျိုးဖြစ်ပါတယ်။ မိဘ၊ မောင်နှမ စတဲ့ ပထမအဆင့် မျိုးရိုးအဆင့် ဆွေမျိုးရှိသူတွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ ဂျုံနဲ့ အစေ့အဆန်များမှာ တွေ့ရတဲ့ ရှုပ်ထွေးလှတဲ့ ပရိုတင်းတမျိုးဖြစ်တဲ့
ဂလူတင်နဲ့ ဓာတ်မတည့်ရာက ပေါ်ပေါက်လာတာပါ။

ပေါင်မုန့်၊ ကွေကာ၊ ခေါက်ဆွဲနဲ့ တခြားကာဘိုဟိုက်ဒရိတ် များတဲ့အစားအစာတွေမှာ ဂလူတင် ပါဝင်ပါတယ်။ ဂလူတင်ပါတဲ့ အစားအစာတွေကို စားမိတာနဲ့
ဝမ်းလျောခြင်း ပင်ပန်းနွမ်းနယ်ခြင်း ကိုယ်အလေးချိန်ကျခြင်း ရောင်ရမ်းခြင်း အံခြင်း ဝမ်းဗိုက်နာကျဉ်ခြင်း ဝမ်းချုပ်ခြင်း ဝေဒနာများ ဖြစ်လာတတ်ပါ တယ်။

ဒီ Celiac ရောဂါ အခံရှိသူများဟာ ဂလူတင်ကို ကောင်းစွာ ခြေဖျက်နိုင်ခြင်း မရှိကြပါဘူး။ ဂလူတင်ပါတဲ့ အစားအစာတွေကို စားလိုက်တိုင်းမှာ အူသိမ်ကတိုက်ခိုက်ခြင်းကို ပြုလုပ်နေမှာဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် ဒီဝေဒနာကိုမကုသဘဲ ထားမယ်ဆိုရင်တော့ အစောခြေစနစ်ရဲ့ ကင်ဆာတစ်ချိုကိုဖြစ်ပွားနိုင်မှု မြင့်တက်စေပါ တယ်။ အူမှာ ထိခိုက်ဒဏ်ရာရလာပြီး နောက်ဆက်တွဲ ဝေဒနာတွေ ပေါ်ပေါက်လာပါတယ်။
အူသိမ်ကင်ဆာဟာ ရှားပါးတဲ့ ကင်ဆာမျိုးဖြစ်ပြီး Celiacရောဂါရှိသူတွေမှာဖြစ်နိုင်ချေ အဆ (၃ဝ) ရှိပါတယ်။ Celiac ဝေဒနာဟာ ကုသဖို့ရာ နည်းလမ်းမရှိပေမယ့်
ဂလူတင်အရင်းအမြစ်ပါတဲ့ အစားအစာတွေကို ရှောင်ရှားခြင်းဖြင့်သာ သက်သာမှုရရှိမှာဖြစ်ပါတယ်။ မိမိနေ့စဉ်စားနေကျ အစားအစာတွေမှာ ဂလူတင်ပါတဲ့အစားအစာတွေကို ရှောင်ရှားထားသင့်ပါတယ်။

ဂလူတင်ပါတဲ့ အစားအစာတွေကတော့ ပေါင်မုန့် ကိတ်မုန့် ကွေကာ ပါစတာ ကွတ်ကီး ဘီစကွပ်စတဲ့ ဘီယာ မုယောစပါး ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ အပြင် သကြားလုံး အချိုရည် အသားတု ပင်လယ်စာ ကြက်အူချောင်း ဝက်အူချောင်း ပဲပုတ်ဆောစ့် စွတ်ပြုတ်နဲ့ အစေ့အဆန်များမှာ ပါဝင်တတ်ပါတယ်။
အစားအသောက်တခုခုကို ဝယ်မယ်ဆိုရင် ဂလူတင် ပါမပါကိုချင့်ချိန်သုံးသပ်ပြီးမှ Gluten Free ကိုရှာဝယ်သင့်ပါတယ်။

ပုံမှန်စားနေကျ အစားအစာတွေဖြစ်တဲ့ အသားငါး ဟင်းသီးဟင်းရွက် နို့ထွက်ပစ္စည်းများ ဆန် စတာတွေမှာတော့ ဂလူတင်ပါလေ့မရှိပါဘူး။ ဒီဝေဒနာဟာ မျိုးရိုးလိုက်ဖြစ်ပေါ်တတ်ပြီး ပြင်းထန်တဲ့ စိတ်ဖိဆီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူ၁ဝဝမှာ၁ယောက်ဖြစ်နေတယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ အမေရိကန်နိုင်ငံသား နှစ်သန်းခွဲခန့်ဟာ လက္ခဏာမပြဘဲ ရေရှည်ကျန်းမာရေး ပြသနာရှိနေကြတယ်လို့ လည်း ဆိုပါတယ်။ ရောဂါ ရှိ မရှိကိုသွေးစစ်ဆေးခြင်း၊ အူသိမ်ကိုမှန်ပြောင်းကြည့်ခြင်း၊ အသားစစစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါတယ်။ ဂလူတင်မပါတဲ့အစားအစာတွေကို စနစ်တကျစားသုံးနိုင်ဖို့ အာဟာရဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုရယူဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Celiac ရောဂါအခံရှိသူများကို အဖွဲ့ ၃ဖွဲ့ ခွဲပြီးလေ့လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ဦးနှောက်တစ်သျှူးများ ပျက်စီးခြင်း လက္ခဏာတွေရှိနေတယ်လို့လည်း သိရပါတယ်။

ဖြည့်စွက်ဆေးဝါးတွေ အနေနဲ့တော့ Calcium၊ Vitamin D၊ B Complex၊ B12၊ Zinc၊ Magnesium စတာတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးသင့်ပါတယ်။ ဂလူတင်ဓာတ်မတည်းတဲ့ အူသိမ်ဝေဒနာဖြစ်တာမို့ ဂလူတင်ပါတဲ့အစားအစာတွေကိုရှောင်နိုင်တာအကောင်းဆုံးဖြစ်ပြီး အူလမ်းကြောင်းပျက်စီးမှုကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…