မျက်လုံးကလေးဝါတာတာ အစားအစာကြောင့်ဖြစ်တာတဲ့ဗျ
မိုးဦးကျအချိန်မှာ ကလေးငယ်အချို့ဟာ အစားအသောက်ပျက် အော့အန်ပြီး မျက်စိလေးတွေဝါလာတဲ့ရောဂါခံစားရတတ်ပါတယ်။ ဒါဟာ အသည်းရောင်အသားဝါ အေပိုးနဲ့ အီးပိုး (Hepatitis A and E)ကြောင့်ဖြစ်ပွားရတာပဲဖြစ်ပါတယ်။ ဒီအသည်းရောင်အသားဝါ ပိုးအေနဲ့အီးဆိုတာ လူပြောများတဲ့ကြောက်စရာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးလို သွေးမှတဆင့်ကူးစက်တာမဟုတ်ဘဲ အစားအသောက်မှတဆင့် ကူးစက်တာပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ?
ရောဂါပိုးပါတဲ့ မသန့်ရှင်းတဲ့အစားအစာ၊ရေ တို့ကိုစားသုံးပြီးနောက်နှစ်ပတ်အကြာမှာ:
- မျက်လုံးလေးတွေစပြီး ဝါလာပါမယ်။
- အစားအသောက်ပျက်ပါမယ်။ ဘာကျွေးကျွေးမစားချင်ဘူးဆိုပြီးဂျီကျပါမယ်။
- ပျို့ချင်အန်ချင်စိတ်တွေဖြစ်လာပါမယ်။ အချို့ကလေးများမှာ နေ့စဉ်အန်ပါမယ်။
- ဗိုက်ရဲ့ညာဘက်ခြမ်းမှာအောင့်ပါမယ် နာပါမယ်။
ဒါဆိုရင်ဘယ်လိုကုသမလဲ?
ဒီပိုးတွေဟာ ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ဘက်တီးရီးယားပိုးကိုသတ်တဲ့ ပဋိဇီဝဆေးတွေကိုပေးစရာ လုံးဝမလိုအပ်ပါဘူး။ အစားအစာနဲ့ ရောဂါလက္ခဏာကိုဂရုစိုက်ပေးဖို့ပဲအရေးကြီးပါတယ်။ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး အေနဲ့အီးဟာ အချိန်တန်ရင် အလိုအလျောက်သက်သာသွားမှာပဲဖြစ်ပါတယ်။ ကလေးအခြေအနေပိုဆိုးလာပါက ပဋိဇီဝဆေးများကိုမတိုက်ကြဘဲ ဆရာဝန်များနှင့်သာ ပြပြီးကုသမှုကိုခံယူစေချင်ပါတယ်။
ကလေးအစာမစားနိုင်လျှင် အရည်ဝင်အောင်တိုက်စေချင်ပါတယ်။ ဂလူးကို့စ်သကြားရည်ကိုတိုက်ပေးသင့်ပါတယ်။ အကယ်၍ ရှာဖွေဝယ်ရခက်ခဲတဲ့နေရာများမှာတော့ ဂက်စ်မပါတဲ့အချိုများကိုလည်းတိုက်ပေးနိုင်ပါတယ်။
အသည်းရောင်အသားဝါ အေပိုးနဲ့အီးပိုးကို ကာကွယ်ဖို့အတွက်ကတော့
- ရေကြည်ရေသန့်ကို ကျိုချက်၍သောက်သုံးပါ။
- ယင်နားစာ၊ ဖုန်အမှိုက်များကပ်နေနိုင်သော မသန့်ရှင်းသည့်အစားအစာများကို ရှောင်ကျဉ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။
- အိမ်သာတက်ပြီးတိုင်း လက်ဆေးပါ။ အစာမစားမီလက်ဆေးပါ။
- ရောဂါဖြစ်သူနှင့် ထမင်းပန်ကန်အတူတူစားခြင်း၊ ရေခွက်အတူတူသောက်ခြင်းကိုမပြုလုပ်ရပါ။
ဒါဆိုရင်တော့ ဆောင်ရန်ရှောင်ရန်များကိုသိပြီး ကလေးများကို ရောဂါကင်းဝေးအောင်ဂရုစိုက်နိုင်ကြမယ်လို့ယူဆပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
မ်က္လံုးကေလးဝါတာတာ အစားအစာေၾကာင့္ျဖစ္တာတဲ့ဗ်
မိုးဦးက်အခ်ိန္မွာ ကေလးငယ္အခ်ိဳ႕ဟာ အစားအေသာက္ပ်က္ ေအာ့အန္ၿပီး မ်က္စိေလးေတြဝါလာတဲ့ေရာဂါခံစားရတတ္ပါတယ္။ ဒါဟာ အသည္းေရာင္အသားဝါ ေအပိုးနဲ႔ အီးပိုး (Hepatitis A and E)ေၾကာင့္ျဖစ္ပြားရတာပဲျဖစ္ပါတယ္။ ဒီအသည္းေရာင္အသားဝါ ပိုးေအနဲ႔အီးဆိုတာ လူေျပာမ်ားတဲ့ေၾကာက္စရာ အသည္းေရာင္အသားဝါ ဘီပိုး၊စီပိုးလို ေသြးမွတဆင့္ကူးစက္တာမဟုတ္ဘဲ အစားအေသာက္မွတဆင့္ ကူးစက္တာပဲျဖစ္ပါတယ္။
ေရာဂါလကၡဏာေတြက ဘာေတြလဲ?
ေရာဂါပိုးပါတဲ့ မသန္႔႐ွင္းတဲ့အစားအစာ၊ေရ တို႔ကိုစားသံုးၿပီးေနာက္ႏွစ္ပတ္အၾကာမွာ:
- မ်က္လံုးေလးေတြစၿပီး ဝါလာပါမယ္။
- အစားအေသာက္ပ်က္ပါမယ္။ ဘာေကြၽးေကြၽးမစားခ်င္ဘူးဆိုၿပီးဂ်ီက်ပါမယ္။
- ပ်ိဳ႕ခ်င္အန္ခ်င္စိတ္ေတြျဖစ္လာပါမယ္။ အခ်ိဳ႕ကေလးမ်ားမွာ ေန႔စဥ္အန္ပါမယ္။
- ဗိုက္ရဲ႕ညာဘက္ျခမ္းမွာေအာင့္ပါမယ္ နာပါမယ္။
ဒါဆိုရင္ဘယ္လိုကုသမလဲ?
ဒီပိုးေတြဟာ ဗိုင္းရပ္စ္ပိုးအမ်ိဳးအစားျဖစ္တာေၾကာင့္ ဘက္တီးရီးယားပိုးကိုသတ္တဲ့ ပဋိဇီဝေဆးေတြကိုေပးစရာ လံုးဝမလိုအပ္ပါဘူး။ အစားအစာနဲ႔ ေရာဂါလကၡဏာကိုဂ႐ုစိုက္ေပးဖို႔ပဲအေရးႀကီးပါတယ္။ အသည္းေရာင္အသားဝါဗိုင္းရပ္စ္ပိုး ေအနဲ႔အီးဟာ အခ်ိန္တန္ရင္ အလိုအေလ်ာက္သက္သာသြားမွာပဲျဖစ္ပါတယ္။ ကေလးအေျခအေနပိုဆိုးလာပါက ပဋိဇီဝေဆးမ်ားကိုမတိုက္ၾကဘဲ ဆရာဝန္မ်ားႏွင့္သာ ျပၿပီးကုသမႈကိုခံယူေစခ်င္ပါတယ္။
ကေလးအစာမစားႏိုင္လ်ွင္ အရည္ဝင္ေအာင္တိုက္ေစခ်င္ပါတယ္။ ဂလူးကို႔စ္သၾကားရည္ကိုတိုက္ေပးသင့္ပါတယ္။ အကယ္၍ ႐ွာေဖြဝယ္ရခက္ခဲတဲ့ေနရာမ်ားမွာေတာ့ ဂက္စ္မပါတဲ့အခ်ိဳမ်ားကိုလည္းတိုက္ေပးႏိုင္ပါတယ္။
အသည္းေရာင္အသားဝါ ေအပိုးနဲ႔အီးပိုးကို ကာကြယ္ဖို႔အတြက္ကေတာ့
- ေရၾကည္ေရသန္႔ကို က်ိဳခ်က္၍ေသာက္သံုးပါ။
- ယင္နားစာ၊ ဖုန္အမိႈက္မ်ားကပ္ေနႏိုင္ေသာ မသန္႔႐ွင္းသည့္အစားအစာမ်ားကို ေ႐ွာင္က်ဥ္ပါ။
- တစ္ကိုယ္ေရသန္႔႐ွင္းေရးကို အထူးဂ႐ုျပဳပါ။
- အိမ္သာတက္ၿပီးတိုင္း လက္ေဆးပါ။ အစာမစားမီလက္ေဆးပါ။
- ေရာဂါျဖစ္သူႏွင့္ ထမင္းပန္ကန္အတူတူစားျခင္း၊ ေရခြက္အတူတူေသာက္ျခင္းကိုမျပဳလုပ္ရပါ။
ဒါဆိုရင္ေတာ့ ေဆာင္ရန္ေ႐ွာင္ရန္မ်ားကိုသိၿပီး ကေလးမ်ားကို ေရာဂါကင္းေဝးေအာင္ဂ႐ုစိုက္ႏိုင္ၾကမယ္လို႔ယူဆပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ