အရက်အလွန် အကျွံသောက်သုံးခြင်း
အရက်သည် အနည်းငယ်မျှသာသောက်သုံးလျှင် ဆေးဖြစ်သည်ဟု ဆိုကြသော်လည်း ဘေးဖြစ်ခြင်းက ပိုများပေသည်။ အရက်ကို အလွန်အကျွံသောက်သုံးပါက
- အရက်စွဲခြင်း
- ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ခြင်း တို့ဖြစ်စေနိုင်ပါသည်။
ခန္ဓာကိုယ်ရှိ မည်သည့် အစိတ်အပိုင်းများကို ထိခိုက်စေပါသနည်း။
- ဦးနှောက်နှင့် အာရုံကြောစနစ်- အတက်ရောဂါ၊ ဗီတာမင် ဘီဝမ်းချို့တဲ့ခြင်းကြောင့်ဖြစ်သော Wernicke-Korsakoff syndrome၊ အာရုံကြောများထိခိုက်ခြင်း။
- ကြွက်သားများ အားနည်းချိနဲ့ခြင်း
- နှလုံးနှင့် သွေးလှည့်စနစ်တွင် နှလုံးကြွက်သားရောဂါ၊ ဘယ်ရီ ဘယ်ရီ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း။
- သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီများခြင်း၊ ဂေါက်ရောဂါဖြစ်ခြင်း
- အသက်ရူလမ်းကြောင်း ပိုးဝင်လွယ်ခြင်း
- အစာအိမ်နှင့်အူလမ်းကြောင်းတွင် အစာအိမ်ရောင်ခြင်း၊ အစာမျိုပြွန်နှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အသည်းရောဂါများ
- အရိုးပွခြင်း၊ အရိုးများမခိုင်ခံ့ခြင်း
- သွေးနီဥများကြီးလာခြင်း၊ သွေးဖြူဥနှင့် သွေးပပွှားများနည်းပါးခြင်း စသည်တို့ဖြစ်တတ်ပါသည်။
ထိုမျှမက ကျန်းမာရေးချို့တဲ့သောအခါ ဆေးညှိကုသရန် ခက်ခဲသည့်အပြင် သာမန်သူထက် ပျောက်ကင်းမှု နည်းပါးပါသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ အရက်သောက်သုံးပါက အနည်းငယ်မျှပင် ဖြစ်စေကာမူ ကလေးကို ထိခိုက်နိုင်ပါသည်။ ကလေးသေးခြင်း၊ fetal alcohol syndrome ဟုခေါ်သော ကိုယ်ဝန်ဆောင်ချိန် အရက်သောက်သုံးသောကြောင့် မွေးလာသောကလေး ဉာဏ်ရည်မပြည့်မှီခြင်း၊ မွေးပါရာ ကိုယ်အင်္ဂါချို့ယွင်းခြင်း၊ ကြီးထွားမှုပုံမမှန်ဖြစ်ခြင်းများ ဖြစ်တတ်ပါသည်။
ထို့ကြောင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းလိုက်ရပါသည်။
ရီချို(ဆေး ၁)
အရက္အလြန္ အကၽြံေသာက္သံုးျခင္း
အရက္သည္ အနည္းငယ္မွ်သာေသာက္သံုးလွ်င္ ေဆးျဖစ္သည္ဟု ဆိုၾကေသာ္လည္း ေဘးျဖစ္ျခင္းက ပိုမ်ားေပသည္။ အရက္ကို အလြန္အကၽြံေသာက္သံုးပါက
- အရက္စြဲျခင္း
- ကိုယ္တြင္းအဂၤါမ်ားကို ထိခိုက္ျခင္း တို႔ျဖစ္ေစနိုင္ပါသည္။
ခႏၶာကိုယ္ရွိ မည္သည့္ အစိတ္အပိုင္းမ်ားကို ထိခိုက္ေစပါသနည္း။
- ဦးေႏွာက္ႏွင့္ အာရံုေၾကာစနစ္- အတက္ေရာဂါ၊ ဗီတာမင္ ဘီဝမ္းခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ေသာ Wernicke-Korsakoff syndrome၊ အာရံုေၾကာမ်ားထိခိုက္ျခင္း။
- ၾကြက္သားမ်ား အားနည္းခ်ိနဲ႔ျခင္း
- ႏွလံုးႏွင့္ ေသြးလွည့္စနစ္တြင္ နွလံုးၾကြက္သားေရာဂါ၊ ဘယ္ရီ ဘယ္ရီ နွလံုးေရာဂါ၊ ႏွလံုးခုန္မမွန္ျခင္း၊ ေသြးတိုးျခင္း။
- ေသြးတြင္းသၾကားဓာတ္က်ဆင္းျခင္း၊ အဝလြန္ျခင္း၊ ေသြးတြင္းအဆီမ်ားျခင္း၊ ေဂါက္ေရာဂါျဖစ္ျခင္း
- အသက္ရူလမ္းေၾကာင္း ပိုးဝင္လြယ္ျခင္း
- အစာအိမ္ႏွင့္အူလမ္းေၾကာင္းတြင္ အစာအိမ္ေရာင္ျခင္း၊ အစာမ်ိဳျပြန္ႏွင့္ အူမၾကီးကင္ဆာျဖစ္နိုင္ျခင္း၊ မုန္႔ခ်ိဳအိတ္ေရာင္ျခင္း၊ အသည္းေရာဂါမ်ား
- အရိုးပြျခင္း၊ အရိုးမ်ားမခိုင္ခံ့ျခင္း
- ေသြးနီဥမ်ားၾကီးလာျခင္း၊ ေသြးျဖဴဥႏွင့္ ေသြးပပႊားမ်ားနည္းပါးျခင္း စသည္တို႔ျဖစ္တတ္ပါသည္။
ထိုမွ်မက က်န္းမာေရးခ်ိဳ႕တဲ့ေသာအခါ ေဆးညွိကုသရန္ ခက္ခဲသည့္အျပင္ သာမန္သူထက္ ေပ်ာက္ကင္းမႈ နည္းပါးပါသည္။
ထို႔အျပင္ ကိုယ္ဝန္ေဆာင္မိခင္မ်ား အရက္ေသာက္သံုးပါက အနည္းငယ္မွ်ပင္ ျဖစ္ေစကာမူ ကေလးကို ထိခိုက္နိုင္ပါသည္။ ကေလးေသးျခင္း၊ fetal alcohol syndrome ဟုေခၚေသာ ကိုယ္ဝန္ေဆာင္ခ်ိန္ အရက္ေသာက္သံုးေသာေၾကာင့္ ေမြးလာေသာကေလး ဉာဏ္ရည္မျပည့္မွီျခင္း၊ ေမြးပါရာ ကိုယ္အဂၤါခ်ိဳ႕ယြင္းျခင္း၊ ၾကီးထြားမႈပံုမမွန္ျဖစ္ျခင္းမ်ား ျဖစ္တတ္ပါသည္။
ထို႔ေၾကာင့္ အရက္ေသာက္သံုးျခင္းကို ေရွာင္ၾကဥ္ရန္ တိုက္တြန္းလိုက္ရပါသည္။
ရီခ်ိဳ(ေဆး ၁)