ပူပြင်းတဲ့နွေရာသီမှာ သတိထားရမယ့် (အပူလျှပ်ခြင်း)
အခုလို ပူပြင်းတဲ့နွေရာသီမှာ ဖြစ်တတ်တဲ့အခြေအနေတစ်ခုပါ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အပူချိန်က 104 ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) 40 ဒီဂရီဆဲစီးရပ် ထက်ကျော်သွားရင် Heatstroke ရတတ်ပါတယ်။
*ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့
အလွန်ပူပြင်းတဲ့ရာသီဥတု၊ နေရောင်ခြည်နဲ့ အချိန်အကြာကြီး ထိတွေ့မိခြင်း (သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ ဖြစ်တတ်ပါတယ်။ Non-exertional Heatstroke လို့ခေါ်ပါတယ်။)
ပြင်းပြင်းထန်ထန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း ( နေပူပူမှာ ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်က အလွန်မြင့်တက်လာပြီး Heatstroke ရတတ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုနဲ့ အကျွမ်းတဝင်မရှိ နေသားမကျတဲ့လူတွေမှာဖြစ်တတ်ပြီး Exertional Heatstroke လို့ခေါ်ပါတယ်။)
အဝတ်အစားများကို မလိုအပ်ဘဲ တစ်ထပ်ပြီးတစ်ထပ်ဝတ်ဆင်ခြင်း (ချွေးထွက်ဖို့ ချွေးပြန်ဖို့ကို တားတဲ့နိုင်လွန်လိုအစမျိုးကို အထပ်ထပ်ဝတ်ဆင်ခြင်း)
အရက်သေစာသောက်စားခြင်း (အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းညှိမှုကို ဆိုးကျိုးဖြစ်စေပါတယ်)
ရေဓာတ်ဆုံးရှုံးခြင်း (ချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ အရည်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းဖို့ ရေအလုံအလောက်မသောက်ခြင်း) စသည်တို့ပဲဖြစ်ပါတယ်။
ဘယ်လိုလက္ခဏာတွေပြမလဲ?
(၁) ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း
စအိုကနေတိုင်းတဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 104’F နဲ့အထက်ဖြစ်လာရင် အပူလျှပ်ခြင်းရဲ့ အဓိကလက္ခဏာကိုပြနေတာပါ။
(၂) စိတ်ပိုင်းဆိုင်ရာ နဲ့ အမူအကျင့်တွေ ကပြောင်းကပြန်ဖြစ်လာခြင်း
Heatstroke ဖြစ်ရင် စိတ်ရှုပ်ထွေးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်ဆတ်လာခြင်း၊ စကားပြောဗလုံးဗထွေးဖြစ်လာခြင်း၊ ထင်ယောင်ထင်မှားဖြစ်လာခြင်း၊ တက်ခြင်း နဲ့ သတိလစ်သွားခြင်းတို့ဖြစ်နိုင်ပါတယ်။
(၃)ချွေးထွက်ခြင်း
အပူချိန်နဲ့အကြာကြီးထိတွေ့လို့ဖြစ်တဲ့ Heatstroke မှာ အသားအရေက ပူပြီးခြောက်သွေ့နေတတ်ပါတယ်။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်လို့ ဖြစ်တဲ့ Heatstroke မှာတော့ အသားရေဟာ ခြောက်သွေ့ခြင်းလည်းဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ အနည်းငယ်စိုစွတ်နေနိင်ပါတယ်။
(၄)ခေါင်းကိုက်ခြင်း
(၅)ခန္ဓာကိုယ်အသားအရေများနီရဲလာခြင်း
(၆)အသက်ရှူမြန်လာခြင်း
(၇)နှလုံးခုန်မြန်လာခြင်း
(၈)ပျို့အန်ခြင်းတို့ဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသကြမလဲ?
Heatstroke ဟာ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။ မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သားတွေကို လျင်မြန်စွာပျက်စီးမှုဖြစ်စေပါတယ်။ အသက်အန္တရာယ်လည်း ရှိတဲ့ရောဂါအခြေအနေဖြစ်ပါတယ်။
လူတစ်ယောက် Heatstroke ရတာသေချာပြီးဆိုတာနဲ့ သူ့ကိုအရိပ်ထဲကိုရွှေ့ပါ။ အေးမြတဲ့နေရာမှာထားပါ။ မလိုဘဲ ပိုနေတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ။
ရနိုင်တဲ့နည်းလမ်းနဲ့ မအေးအေးအောင်လုပ်ပေးပါ။ ရေချိုးပေးခြင်း ၊ ရေပတ်တိုက်ခြင်း ၊ ရေချိုးကန်ထဲ လည်ပင်းထိစိမ်ပေးခြင်း၊ ရေခဲအိတ်၊ရေပတ်ဝတ်များဖြင့် လူနာရဲ့ နဖူး၊လည်ပင်း၊ ချိုင်းကြား၊ပေါင်ကြားစတာတွေထဲကို ကပ်ပေးခြင်းတို့ပြုလုပ်ရပါမယ်။
ဒီလိုအရေးပေါ်ကုသမှုတွေပြုလုပ်ပြီးရင်တော့ နီးစပ်ရာဆေးရုံ /ဆေးခန်းကို ပို့ပေးပြီး ကုသမှုဆက်လက်ခံယူရပါမယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ပူျပင္းတဲ့ေႏြရာသီမွာ သတိထားရမယ့္ (အပူလွ်ပ္ျခင္း)
အခုလို ပူျပင္းတဲ့ေႏြရာသီမွာ ျဖစ္တတ္တဲ့အေျခအေနတစ္ခုပါ။ ကြ်န္မတို႔ရဲ႕ ခႏၶာကိုယ္အပူခ်ိန္က 104 ဒီဂရီဖာရင္ဟိုက္ (သို႔မဟုတ္) 40 ဒီဂရီဆဲစီးရပ္ ထက္ေက်ာ္သြားရင္ Heatstroke ရတတ္ပါတယ္။
*ျဖစ္ရတဲ့အေၾကာင္းအရင္းေတြကေတာ့
အလြန္ပူျပင္းတဲ့ရာသီဥတု၊ ေနေရာင္ျခည္နဲ႔ အခ်ိန္အၾကာႀကီး ထိေတြ႕မိျခင္း (သက္ႀကီးရြယ္အိုေတြနဲ႔ နာတာရွည္ေရာဂါသည္ေတြ ျဖစ္တတ္ပါတယ္။ Non-exertional Heatstroke လို႔ေခၚပါတယ္။)
ျပင္းျပင္းထန္ထန္ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္း ( ေနပူပူမွာ ကိုယ္လက္လႈပ္ရွားမႈ အျပင္းအထန္လုပ္တဲ့အခါ ခႏၶာကိုယ္ရဲ႕ အပူခ်ိန္က အလြန္ျမင့္တက္လာၿပီး Heatstroke ရတတ္ပါတယ္။ ပူျပင္းတဲ့ရာသီဥတုနဲ႔ အကြ်မ္းတဝင္မရွိ ေနသားမက်တဲ့လူေတြမွာျဖစ္တတ္ၿပီး Exertional Heatstroke လို႔ေခၚပါတယ္။)
အဝတ္အစားမ်ားကို မလိုအပ္ဘဲ တစ္ထပ္ၿပီးတစ္ထပ္ဝတ္ဆင္ျခင္း (ေခြ်းထြက္ဖို႔ ေခြ်းျပန္ဖို႔ကို တားတဲ့ႏိုင္လြန္လိုအစမ်ိဳးကို အထပ္ထပ္ဝတ္ဆင္ျခင္း)
အရက္ေသစာေသာက္စားျခင္း (အရက္ေသာက္ျခင္းဟာ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ထိန္းညွိမႈကို ဆိုးက်ိဳးျဖစ္ေစပါတယ္)
ေရဓာတ္ဆံုးရွဳံးျခင္း (ေခြ်းထြက္လို႔ ဆံုးရွဳံးသြားတဲ့ အရည္နဲ႔ဓာတ္ဆားေတြကို ျပန္လည္ျဖည့္တင္းဖို႔ ေရအလံုအေလာက္မေသာက္ျခင္း) စသည္တို႔ပဲျဖစ္ပါတယ္။
ဘယ္လိုလကၡဏာေတြျပမလဲ?
(၁) ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္လာျခင္း
စအိုကေနတိုင္းတဲ့ ခႏၶာကိုယ္အပူခ်ိန္ဟာ 104’F နဲ႔အထက္ျဖစ္လာရင္ အပူလွ်ပ္ျခင္းရဲ႕ အဓိကလကၡဏာကိုျပေနတာပါ။
(၂) စိတ္ပိုင္းဆိုင္ရာ နဲ႔ အမူအက်င့္ေတြ ကေျပာင္းကျပန္ျဖစ္လာျခင္း
Heatstroke ျဖစ္ရင္ စိတ္ရႈပ္ေထြးျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ စိတ္ဆတ္လာျခင္း၊ စကားေျပာဗလံုးဗေထြးျဖစ္လာျခင္း၊ ထင္ေယာင္ထင္မွားျဖစ္လာျခင္း၊ တက္ျခင္း နဲ႔ သတိလစ္သြားျခင္းတို႔ျဖစ္ႏိုင္ပါတယ္။
(၃)ေခြ်းထြက္ျခင္း
အပူခ်ိန္နဲ႔အၾကာႀကီးထိေတြ႕လို႔ျဖစ္တဲ့ Heatstroke မွာ အသားအေရက ပူၿပီးေျခာက္ေသြ႕ေနတတ္ပါတယ္။ ေလ့က်င့္ခန္းအျပင္းအထန္လုပ္လို႔ ျဖစ္တဲ့ Heatstroke မွာေတာ့ အသားေရဟာ ေျခာက္ေသြ႕ျခင္းလည္းျဖစ္ႏိုင္သလို တစ္ခါတစ္ရံမွာ အနည္းငယ္စိုစြတ္ေနနိင္ပါတယ္။
(၄)ေခါင္းကိုက္ျခင္း
(၅)ခႏၶာကိုယ္အသားအေရမ်ားနီရဲလာျခင္း
(၆)အသက္ရႉျမန္လာျခင္း
(၇)ႏွလံုးခုန္ျမန္လာျခင္း
(၈)ပ်ိဳ႕အန္ျခင္းတို႔ျဖစ္ႏိုင္ပါတယ္။
ဘယ္လိုကုသၾကမလဲ?
Heatstroke ဟာ အေရးေပၚအေျခအေနတစ္ခုျဖစ္ပါတယ္။ မကုသဘဲထားရင္ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ဦးေႏွာက္၊ ႏွလံုး၊ ေက်ာက္ကပ္ နဲ႔ ႂကြက္သားေတြကို လ်င္ျမန္စြာပ်က္စီးမႈျဖစ္ေစပါတယ္။ အသက္အႏၲရာယ္လည္း ရွိတဲ့ေရာဂါအေျခအေနျဖစ္ပါတယ္။
လူတစ္ေယာက္ Heatstroke ရတာေသခ်ာၿပီးဆိုတာနဲ႔ သူ႔ကိုအရိပ္ထဲကိုေရႊ႕ပါ။ ေအးျမတဲ့ေနရာမွာထားပါ။ မလိုဘဲ ပိုေနတဲ့ အဝတ္အစားေတြကို ခြ်တ္ပစ္ပါ။
ရႏိုင္တဲ့နည္းလမ္းနဲ႔ မေအးေအးေအာင္လုပ္ေပးပါ။ ေရခ်ိဳးေပးျခင္း ၊ ေရပတ္တိုက္ျခင္း ၊ ေရခ်ိဳးကန္ထဲ လည္ပင္းထိစိမ္ေပးျခင္း၊ ေရခဲအိတ္၊ေရပတ္ဝတ္မ်ားျဖင့္ လူနာရဲ႕ နဖူး၊လည္ပင္း၊ ခ်ိဳင္းၾကား၊ေပါင္ၾကားစတာေတြထဲကို ကပ္ေပးျခင္းတို႔ျပဳလုပ္ရပါမယ္။
ဒီလိုအေရးေပၚကုသမႈေတြျပဳလုပ္ၿပီးရင္ေတာ့ နီးစပ္ရာေဆးရံု /ေဆးခန္းကို ပို႔ေပးၿပီး ကုသမႈဆက္လက္ခံယူရပါမယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)