မေ့မရတဲ့နွေအိပ်မက်ဆိုး

ဦးပြုံးချိုဆိုတာ အသက် ၄၀အရွယ်၊ တောင့်တောင့်ဖြောင့်ဖြောင့်။

တစ်ရွာလုံးမသိသူမရှိ။ ရပ်ရေးရွာရေးဆို သူပါမှ။

ပွဲလမ်းသဘင်ဆိုလည်း သူပါမှ စည်ကားတာ။

အဲသူက ပိုက်ဆံရှိလွန်းလို့တော့မဟုတ်။

လယ်လုပ်ကောက်စိုက်လုပ်တဲ့လူပါဘဲ။ သူ့ရဲ့ကူညီခြင်တဲ့စိတ်ကြောင့်တစ်ရွာလုံးကခင်ကြတာ။

ဒီလို ကျန်းကျန်းမာမာပျော်ပျော်နေတတ်တဲ့လူက ရုတ်တရက် ဆုံးသတဲ့။

တစ်ရွာလုံးမယုံနိုင်။ ဖြစ်ပုံကလည်း အဆန်း။

နွေရာသီနေ့လယ် ၂ နာရီလောက်အချိန် စပါးရိတ်တုန်း ” မောတယ် မောတယ်နဲ့ ဗိုင်းကနဲလဲ” ” ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးတဲ့”

ဒီသတင်းက တောရွာလေးအဖို့ အဆန်း။ ပိုးထိတာလည်းမဟုတ်။

ရွာကလူတွေလည်း နေပူထဲ အပြင်တောင်မထွက်ရဲကြတော့ဘူး။

သူ ဆုံးပြီးရက်ပိုင်းကြာတော့ မြို့က ဆရာဝန်တွေ ” အပူဒဏ်အကြောင်း “ဟောပြောမလိုဆိုပြီးလိုက်ကြေငြာတယ်။

ဟောပြောပွဲစတော့ ပါလေရာ စပ်စုစိန်ဒေါ်ဘုမက

” ဆရာ ကျွန်မတို့ရွာက ရွာသားတစ်ယောက် နေပူထဲ ဗိုင်းကနဲလဲ ဆုံးလို့။ အဲဒါလေး အရင်ပြောပြပေးပါဆရာ” ဆရာဝန်တွေကလည်းအတော်သဘောကောင်းသား အပူအကြောင်းနဲနဲပြောပြီးတာနဲ့ ” ဒီလိုဗျ ကြီးဒေါ်တို့ ရွာသားဆုံးတာ အပူအကြောင်းမသိလို့ဗျ ကြားရတာ နားရှုပ်မလားဘဲ။ ရွာကလူတော်တော်များများက နေပူထဲ ကွင်းပြင်ထဲ စပါးစိုက်၊ စပါးရိတ်လုပ်ကြရတာကိုး။ ကျွန်တော်တို့အခေါ်တော့ အပူကြောင့် သတိလစ်ခြင်းပေါ့။( Heat Stroke)

ဒီအပူကြောင့်သတိလစ်တာဟာ အလွန်ပူတဲ့ ပတ်ဝန်ကျင်မှာ အမိုးအကာ မပါဘဲအချိန်အတော်ကြာနေတာ။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဆရာဝန်တွေက ဒီပြသနာတွေထပ်မဖြစ်အောင် “အပူဒဏ်နိုးဆော်ရေးဟောပြောပွဲလေးလာလုပ်တာပါဗျ”

ဒီလိုအပူကြောင့်သတိလစ်မှန်းဘယ်လိုသိမလဲဆိုရင်တော့ခံစားရတဲ့လူဟာ

  • ကိုယ်အပူချိန် ၁၀၄’F ကျော်တတ်တယ်။
  • အရေပြားက ပူပြီးနီရဲနေတတ်တယ်။ချွေးလည်းမထွက်ဘဲရှိနေတတ်တယ်။
  • ပျို့၊ အန်နေတတ်တယ်။
  • နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းမြန်နေတတ်တယ်။
  • ပြင်းထန်တဲ့လူတွေမှာ စကားပြောလေးသွားတာ၊ တက်တာ၊ သတိမရတော့တာတွေထိဖြစ်တတ်လို့ အရေးကြီးပါတယ်။

အဲ့လိုဖြစ်တဲ့ထဲကမှ ဖြစ်တဲ့လူဟာ အရက်သောက်ထားမယ်။

အကျီၤထူထူထဲထဲတွေဝတ်ထားမယ်၊ ပြန်ကောင်းလာအောင်အပူဒဏ်လျှော့အောင် ချွေးထွက်စရာမရှိလောက်အောင် ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် အသက်သေဆုံးတဲ့အထိပြင်းထန်တတ်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီအပူကြောင့်သတိလစ်ခြင်း( Heat stroke) ဟာ ကိုယ်တွင်းအဂါၤတွေကို လျင်မြန်စွာပျက်စီးစေလို့ပါပဲ။ ” ” ဒါဆို ဒီလိုဖြစ်တဲ့လူကိုတွေ့ရင် ဆေးရုံအမြန်ဆုံးခေါ်ခဲ့ပါ။ ဆေးရုံမလာခင် ဒါမှမဟုတ် ခေါ်လာတဲ့လမ်းမှာ လုပ်ပေးနိုင်တာတွေက

  • လူနာကို ဖြစ်တာနဲ့ အရိပ်အောက်ကို အမြန်ရွှေ့ပါ။
  • လေဝင်လေထွက်သိပ်မကောင်းတဲ့နေရာဖြစ်ပါက ပန်ကာဖွင့်ထားပေးပါ။
  • လူတစ်ကိုယ်လုံးကို ရေစည်ပိုင်းထဲ စိမ်လိုက်ပါ။ ဒါမှမဟုတ် တစ်ကိုယ်လုံး ရေချိုးချပေးပါ။
  • ရေခဲ ဝတ်နဲ့ မျက်နှာ၊ လည်ပင်း၊ ဂျိုင်းကြားတို့ကိုကပ်ပေးထားပါ။

ဒါဆိုလမ်းမှာတင်အတန်အသင့်သက်သာနိုင်လို့ ဆေးရုံရောက်တဲ့အချိန်လိုအပ်တာတွေ ထိထိမိမိလုပ်ပေးနိုင်မှာပါ။” မြို့ဆရာဝန်ဟောပြောပွဲအပြီးမှာတော့ ဦးပြုံးချိုကို သတိရနေတဲ့ရွာသားတွေကတော့”နွေအိပ်မက်ဆိုးကြီးပါဗျာလို့”

အချင်းချင်း တီးတိုးပြောနေကြလေသည်။

မယ်တင်( ဆေး ၁)

ေမ့မရတဲ့ေႏြအိပ္မက္ဆိုး

ဦးျပံဳးခ်ိဳဆိုတာ အသက္ ၄၀အရြယ္၊ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္။

တစ္ရြာလံုးမသိသူမရွိ။ ရပ္ေရးရြာေရးဆို သူပါမွ။

ပြဲလမ္းသဘင္ဆိုလည္း သူပါမွ စည္ကားတာ။

အဲသူက ပိုက္ဆံရွိလြန္းလို႔ေတာ့မဟုတ္။

လယ္လုပ္ေကာက္စိုက္လုပ္တဲ့လူပါဘဲ။ သူ႔ရဲ႕ကူညီျခင္တဲ့စိတ္ေၾကာင့္တစ္ရြာလံုးကခင္ၾကတာ။

ဒီလို က်န္းက်န္းမာမာေပ်ာ္ေပ်ာ္ေနတတ္တဲ့လူက ရုတ္တရက္ ဆံုးသတဲ့။

တစ္ရြာလံုးမယံုႏိုင္။ ျဖစ္ပံုကလည္း အဆန္း။

ေႏြရာသီေန႔လယ္ ၂ နာရီေလာက္အခ်ိန္ စပါးရိတ္တုန္း ” ေမာတယ္ ေမာတယ္နဲ႔ ဗိုင္းကနဲလဲ” ” ေဆးရံုေရာက္ေတာ့ အသက္မရွိေတာ့ဘူးတဲ့”

ဒီသတင္းက ေတာရြာေလးအဖို႔ အဆန္း။ ပိုးထိတာလည္းမဟုတ္။

ရြာကလူေတြလည္း ေနပူထဲ အျပင္ေတာင္မထြက္ရဲၾကေတာ့ဘူး။

သူ ဆံုးၿပီးရက္ပိုင္းၾကာေတာ့ ၿမိဳ႕က ဆရာဝန္ေတြ ” အပူဒဏ္အေၾကာင္း “ေဟာေျပာမလိုဆိုၿပီးလိုက္ေၾကျငာတယ္။

ေဟာေျပာပြဲစေတာ့ ပါေလရာ စပ္စုစိန္ေဒၚဘုမက

” ဆရာ ကၽြန္မတို႔ရြာက ရြာသားတစ္ေယာက္ ေနပူထဲ ဗိုင္းကနဲလဲ ဆံုးလို႔။ အဲဒါေလး အရင္ေျပာျပေပးပါဆရာ” ဆရာဝန္ေတြကလည္းအေတာ္သေဘာေကာင္းသား အပူအေၾကာင္းနဲနဲေျပာၿပီးတာနဲ႔ ” ဒီလိုဗ် ႀကီးေဒၚတို႔ ရြာသားဆံုးတာ အပူအေၾကာင္းမသိလို႔ဗ် ၾကားရတာ နားရႈပ္မလားဘဲ။ ရြာကလူေတာ္ေတာ္မ်ားမ်ားက ေနပူထဲ ကြင္းျပင္ထဲ စပါးစိုက္၊ စပါးရိတ္လုပ္ၾကရတာကိုး။ ကၽြန္ေတာ္တို႔အေခၚေတာ့ အပူေၾကာင့္ သတိလစ္ျခင္းေပါ့။( Heat Stroke)

ဒီအပူေၾကာင့္သတိလစ္တာဟာ အလြန္ပူတဲ့ ပတ္ဝန္က်င္မွာ အမိုးအကာ မပါဘဲအခ်ိန္အေတာ္ၾကာေနတာ။ ျပင္းထန္တဲ့ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္တာေတြေၾကာင့္ အဓိကျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ကၽြန္ေတာ္တို႔ဆရာဝန္ေတြက ဒီျပသနာေတြထပ္မျဖစ္ေအာင္ “အပူဒဏ္ႏိုးေဆာ္ေရးေဟာေျပာပြဲေလးလာလုပ္တာပါဗ်”

ဒီလိုအပူေၾကာင့္သတိလစ္မွန္းဘယ္လိုသိမလဲဆိုရင္ေတာ့ခံစားရတဲ့လူဟာ

  • ကိုယ္အပူခ်ိန္ ၁၀၄’F ေက်ာ္တတ္တယ္။
  • အေရျပားက ပူၿပီးနီရဲေနတတ္တယ္။ေခၽြးလည္းမထြက္ဘဲရွိေနတတ္တယ္။
  • ပ်ိဳ႕၊ အန္ေနတတ္တယ္။
  • ႏွလံုးခုန္ႏႈန္း၊ အသက္ရႈႏႈန္းျမန္ေနတတ္တယ္။
  • ျပင္းထန္တဲ့လူေတြမွာ စကားေျပာေလးသြားတာ၊ တက္တာ၊ သတိမရေတာ့တာေတြထိျဖစ္တတ္လို႔ အေရးႀကီးပါတယ္။

အဲ့လိုျဖစ္တဲ့ထဲကမွ ျဖစ္တဲ့လူဟာ အရက္ေသာက္ထားမယ္။

အက်ီၤထူထူထဲထဲေတြဝတ္ထားမယ္၊ ျပန္ေကာင္းလာေအာင္အပူဒဏ္ေလၽွာ့ေအာင္ ေခၽြးထြက္စရာမရွိေလာက္ေအာင္ ေရဓာတ္ခမ္းေျခာက္ေနမယ္ဆိုရင္ အသက္ေသဆံုးတဲ့အထိျပင္းထန္တတ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ဒီအပူေၾကာင့္သတိလစ္ျခင္း( Heat stroke) ဟာ ကိုယ္တြင္းအဂါၤေတြကို လ်င္ျမန္စြာပ်က္စီးေစလို႔ပါပဲ။ ” ” ဒါဆို ဒီလိုျဖစ္တဲ့လူကိုေတြ႕ရင္ ေဆးရံုအျမန္ဆံုးေခၚခဲ့ပါ။ ေဆးရံုမလာခင္ ဒါမွမဟုတ္ ေခၚလာတဲ့လမ္းမွာ လုပ္ေပးႏိုင္တာေတြက

  • လူနာကို ျဖစ္တာနဲ႔ အရိပ္ေအာက္ကို အျမန္ေရႊ႕ပါ။
  • ေလဝင္ေလထြက္သိပ္မေကာင္းတဲ့ေနရာျဖစ္ပါက ပန္ကာဖြင့္ထားေပးပါ။
  • လူတစ္ကိုယ္လံုးကို ေရစည္ပိုင္းထဲ စိမ္လိုက္ပါ။ ဒါမွမဟုတ္ တစ္ကိုယ္လံုး ေရခ်ိဳးခ်ေပးပါ။
  • ေရခဲ ဝတ္နဲ႔ မ်က္ႏွာ၊ လည္ပင္း၊ ဂ်ိဳင္းၾကားတို႔ကိုကပ္ေပးထားပါ။

ဒါဆိုလမ္းမွာတင္အတန္အသင့္သက္သာႏိုင္လို႔ ေဆးရံုေရာက္တဲ့အခ်ိန္လိုအပ္တာေတြ ထိထိမိမိလုပ္ေပးႏိုင္မွာပါ။” ၿမိဳ႕ဆရာဝန္ေဟာေျပာပြဲအၿပီးမွာေတာ့ ဦးျပံဳးခ်ိဳကို သတိရေနတဲ့ရြာသားေတြကေတာ့”ေႏြအိပ္မက္ဆိုးႀကီးပါဗ်ာလို႔”

အခ်င္းခ်င္း တီးတိုးေျပာေနၾကေလသည္။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *