မေ့မရတဲ့နွေအိပ်မက်ဆိုး
ဦးပြုံးချိုဆိုတာ အသက် ၄၀အရွယ်၊ တောင့်တောင့်ဖြောင့်ဖြောင့်။ တစ်ရွာလုံးမသိသူမရှိ။ ရပ်ရေးရွာရေးဆို သူပါမှ။ ပွဲလမ်းသဘင်ဆိုလည်း သူပါမှ စည်ကားတာအဲသူက ပိုက်ဆံရှိလွန်းလို့တော့မဟုတ်။ လယ်လုပ်ကောက်စိုက်လုပ်တဲ့လူပါဘဲ။ သူ့ရဲ့ကူညီခြင်တဲ့စိတ်ကြောင့်တစ်ရွာလုံးကခင်ကြတာ။ ဒီလို ကျန်းကျန်းမာမာပျော်ပျော်နေတတ်တဲ့လူက ရုတ်တရက် ဆုံးသတဲ့။
တစ်ရွာလုံးမယုံနိုင်။ ဖြစ်ပုံကလည်း အဆန်း။
နွေရာသီနေ့လယ် ၂ နာရီလောက်အချိန် စပါးရိတ်တုန်း ” မောတယ် မောတယ်နဲ့ ဗိုင်းကနဲလဲ” ” ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးတဲ့” ဒီသတင်းက တောရွာလေးအဖို့ အဆနိး။ ပိုးထိတာလည်းမဟုတ်။ ရွာကလူတွေလည်း နေပူထဲ အပြင်တောင်မထွက်ရဲကြတော့ဘူး။
သူ ဆုံးပြီးရက်ပိုင်းကြာတော့ မြို့က ဆရာဝန်တွေ ” အပူဒဏ်အကြောင်း “ဟောပြောမလိုဆိုပြီးလိုက်ကြေငြာတယ်။
ဟောပြောပွဲစတော့ ပါလေရာ စပ်စုစိန်ဒေါ်ဘုမက
” ဆရာ ကျွန်မတို့ရွာက ရွာသားတစ်ယောက် နေပူထဲ ဗိုင်းကနဲလဲ ဆုံးလို့။ အဲဒါလေး အရင်ပြောပြပေးပါဆရာ”
ဆရာဝန်တွေကလည်းအတော်သဘောကောင်းသား အပူအကြောင်းနဲနဲပြောပြီးတာနဲ့
” ဒီလိုဗျ ကြီးဒေါ်တို့ ရွာသားဆုံးတာ အပူအကြောင်းမသိလို့ဗျ ကြားရတာ နားရှုပ်မလားဘဲ။ ရွာကလူတော်တော်များများက နေပူထဲ ကွင်းပြင်ထဲ စပါးစိုက်၊ စပါးရိတ်လုပ်ကြရတာကိုး။ ကျွန်တော်တို့အခေါ်တော့ အပူကြောင့် သတိလစ်ခြင်းပေါ့။( Heat Stroke) ဒီအပူကြောင့်သတိလစ်တာဟာ အလွန်ပူတဲ့ ပတ်ဝန်ကျင်မှာ အမိုးအကာ မပါဘဲအချိန်အတော်ကြာနေတာ။ ပြင်းထန်တဲ့ကိုယ်လက် လ ှုပ်ရှားမှုတွေ လုပ်တာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဆရာ
ဝန်တွေက ဒီပြသနာတွေထပ်မဖြစ်အောင် “အပူဒဏ်နိုးဆော်ရေးဟောပြောပွဲလေးလာလုပ်တာပါဗျ”
ဒီလိုအပူကြောင့်သတိလစ်မှန်းဘယ်လိုသိမလဲဆိုရင်တော့ခံစားရတဲ့လူဟာ
- ကိုယ်အပူချိန် ၁၀၄’F ကျော်တတ်တယ်။
- အရေပြားက ပူပြီးနီရဲနေတတ်တယ်။ချွေးလည်းမထွက်ဘဲရှိနေတတ်တယ်။
- ပျို့၊ အန်နေတတ်တယ်။
- နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းမြန်နေတတ်တယ်။
- ပြင်းထန်တဲ့လူတွေမှာ စကားပြောလေးသွားတာ၊ တက်တာ၊ သတိမရတော့တာတွေထိဖြစ်တတ်လို့ အရေးကြီးပါတယ်။
အဲ့လိုဖြစ်တဲ့ထဲကမှ ဖြစ်တဲ့လူဟာ အရက်သောက်ထားမယ်။ အကျီၤထူထူထဲထဲတွေဝတ်ထားမယ်၊ ပြန်ကောင်းလာအောင်အပူဒဏ်လျှော့အောင် ချွေးထွက်စရာမရှိလောက်အောင်ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် အသက်သေဆုံးတဲ့အထိပြင်းထန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအပူကြောင့်သတိလစ်ခြင်း( Heat stroke) ဟာ ကိုယ်တွင်းအဂါၤတွေကို လျင်မြန်စွာပျက်စီးစေလို့ပါပဲ။
ဒါဆို ဒီလိုဖြစ်တဲ့လူကိုတွေ့ရင် ဆေးရုံအမြန်ဆုံးခေါ်ခဲ့ပါ။ ဆေးရုံမလာခင် ဒါမှမဟုတ် ခေါ်လာတဲ့လမ်းမှာ လုပ်ပေးနိုင်တာတွေက
- လူနာကို ဖြစ်တာနဲ့ အရိပ်အောက်ကို အမြန်ရွှေ့ပါ။
- လေဝင်လေထွက်သိပ်မကောင်းတဲ့နေရာဖြစ်ပါက ပန်ကာဖွင့်ထားပေးပါ။
- လူတစ်ကိုယ်လုံးကို ရေစည်ပိုင်းထဲ စိမ်လိုက်ပါ။ ဒါမှမဟုတ် တစ်ကိုယ်လုံး ရေချိုးခြပေးပါ။
- ရေခဲ ဝတ်နဲ့ မျက်နှာ၊ လည်ပင်း၊ ဂျိုင်းကြားတို့ကိုကပ်ပေးထားပါ။
ဒါဆိုလမ်းမှာတင်အတန်အသင့်သက်သာနိုင်လို့ ဆေးရုံရောက်တဲ့အချိန်လိုအပ်တာတွေ ထိထိမိမိလုပ်ပေးနိုင်မှာပါ။
မြို့ဆရာဝန်ဟောပြောပွဲအပြီးမှာတော့ ဦးပြုံးချိုကို သတိရနေတဲ့ရွာသားတွေကတော့”နွေအိပ်မက်ဆိုးကြီးပါဗျာလို့” အချင်းချင်း တီးတိုးပြောနေကြလေသည်။
မယ်တင်( ဆေး ၁)
ေမ့မရတဲ့ေႏြအိပ္မက္ဆိုး
ဦးျပံဳးခ်ိဳဆိုတာ အသက္ ၄၀အရြယ္၊ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္။ တစ္ရြာလံုးမသိသူမရွိ။ ရပ္ေရးရြာေရးဆို သူပါမွ။ ပြဲလမ္းသဘင္ဆိုလည္း သူပါမွ စည္ကားတာအဲသူက ပိုက္ဆံရွိလြန္းလို႔ေတာ့မဟုတ္။ လယ္လုပ္ေကာက္စိုက္လုပ္တဲ့လူပါဘဲ။ သူ႔ရဲ႕ကူညီျခင္တဲ့စိတ္ေၾကာင့္တစ္ရြာလံုးကခင္ၾကတာ။ ဒီလို က်န္းက်န္းမာမာေပ်ာ္ေပ်ာ္ေနတတ္တဲ့လူက ရုတ္တရက္ ဆံုးသတဲ့။
တစ္ရြာလံုးမယံုႏိုင္။ ျဖစ္ပံုကလည္း အဆန္း။
ေႏြရာသီေန႔လယ္ ၂ နာရီေလာက္အခ်ိန္ စပါးရိတ္တုန္း ” ေမာတယ္ ေမာတယ္နဲ႔ ဗိုင္းကနဲလဲ” ” ေဆးရံုေရာက္ေတာ့ အသက္မရွိေတာ့ဘူးတဲ့” ဒီသတင္းက ေတာရြာေလးအဖို႔ အဆနိး။ ပိုးထိတာလည္းမဟုတ္။ ရြာကလူေတြလည္း ေနပူထဲ အျပင္ေတာင္မထြက္ရဲၾကေတာ့ဘူး။
သူ ဆံုးၿပီးရက္ပိုင္းၾကာေတာ့ ၿမိဳ႕က ဆရာဝန္ေတြ ” အပူဒဏ္အေၾကာင္း “ေဟာေျပာမလိုဆိုၿပီးလိုက္ေၾကျငာတယ္။
ေဟာေျပာပြဲစေတာ့ ပါေလရာ စပ္စုစိန္ေဒၚဘုမက
” ဆရာ ကၽြန္မတို႔ရြာက ရြာသားတစ္ေယာက္ ေနပူထဲ ဗိုင္းကနဲလဲ ဆံုးလို႔။ အဲဒါေလး အရင္ေျပာျပေပးပါဆရာ”
ဆရာဝန္ေတြကလည္းအေတာ္သေဘာေကာင္းသား အပူအေၾကာင္းနဲနဲေျပာၿပီးတာနဲ႔
” ဒီလိုဗ် ႀကီးေဒၚတို႔ ရြာသားဆံုးတာ အပူအေၾကာင္းမသိလို႔ဗ် ၾကားရတာ နားရႈပ္မလားဘဲ။ ရြာကလူေတာ္ေတာ္မ်ားမ်ားက ေနပူထဲ ကြင္းျပင္ထဲ စပါးစိုက္၊ စပါးရိတ္လုပ္ၾကရတာကိုး။ ကၽြန္ေတာ္တို႔အေခၚေတာ့ အပူေၾကာင့္ သတိလစ္ျခင္းေပါ့။( Heat Stroke) ဒီအပူေၾကာင့္သတိလစ္တာဟာ အလြန္ပူတဲ့ ပတ္ဝန္က်င္မွာ အမိုးအကာ မပါဘဲအခ်ိန္အေတာ္ၾကာေနတာ။ ျပင္းထန္တဲ့ကိုယ္လက္ လ ႈပ္ရွားမႈေတြ လုပ္တာေတြေၾကာင့္ အဓိကျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ကၽြန္ေတာ္တို႔ဆရာ
ဝန္ေတြက ဒီျပသနာေတြထပ္မျဖစ္ေအာင္ “အပူဒဏ္ႏိုးေဆာ္ေရးေဟာေျပာပြဲေလးလာလုပ္တာပါဗ်”
ဒီလိုအပူေၾကာင့္သတိလစ္မွန္းဘယ္လိုသိမလဲဆိုရင္ေတာ့ခံစားရတဲ့လူဟာ
- ကိုယ္အပူခ်ိန္ ၁၀၄’F ေက်ာ္တတ္တယ္။
- အေရျပားက ပူၿပီးနီရဲေနတတ္တယ္။ေခၽြးလည္းမထြက္ဘဲရွိေနတတ္တယ္။
- ပ်ိဳ႕၊ အန္ေနတတ္တယ္။
- ႏွလံုးခုန္ႏႈန္း၊ အသက္ရႈႏႈန္းျမန္ေနတတ္တယ္။
- ျပင္းထန္တဲ့လူေတြမွာ စကားေျပာေလးသြားတာ၊ တက္တာ၊ သတိမရေတာ့တာေတြထိျဖစ္တတ္လို႔ အေရးႀကီးပါတယ္။
အဲ့လိုျဖစ္တဲ့ထဲကမွ ျဖစ္တဲ့လူဟာ အရက္ေသာက္ထားမယ္။ အက်ီၤထူထူထဲထဲေတြဝတ္ထားမယ္၊ ျပန္ေကာင္းလာေအာင္အပူဒဏ္ေလၽွာ့ေအာင္ ေခၽြးထြက္စရာမရွိေလာက္ေအာင္ေရဓာတ္ခမ္းေျခာက္ေနမယ္ဆိုရင္ အသက္ေသဆံုးတဲ့အထိျပင္းထန္တတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအပူေၾကာင့္သတိလစ္ျခင္း( Heat stroke) ဟာ ကိုယ္တြင္းအဂါၤေတြကို လ်င္ျမန္စြာပ်က္စီးေစလို႔ပါပဲ။
ဒါဆို ဒီလိုျဖစ္တဲ့လူကိုေတြ႕ရင္ ေဆးရံုအျမန္ဆံုးေခၚခဲ့ပါ။ ေဆးရံုမလာခင္ ဒါမွမဟုတ္ ေခၚလာတဲ့လမ္းမွာ လုပ္ေပးႏိုင္တာေတြက
- လူနာကို ျဖစ္တာနဲ႔ အရိပ္ေအာက္ကို အျမန္ေရႊ႕ပါ။
- ေလဝင္ေလထြက္သိပ္မေကာင္းတဲ့ေနရာျဖစ္ပါက ပန္ကာဖြင့္ထားေပးပါ။
- လူတစ္ကိုယ္လံုးကို ေရစည္ပိုင္းထဲ စိမ္လိုက္ပါ။ ဒါမွမဟုတ္ တစ္ကိုယ္လံုး ေရခ်ိဳးျခေပးပါ။
- ေရခဲ ဝတ္နဲ႔ မ်က္ႏွာ၊ လည္ပင္း၊ ဂ်ိဳင္းၾကားတို႔ကိုကပ္ေပးထားပါ။
ဒါဆိုလမ္းမွာတင္အတန္အသင့္သက္သာႏိုင္လို႔ ေဆးရံုေရာက္တဲ့အခ်ိန္လိုအပ္တာေတြ ထိထိမိမိလုပ္ေပးႏိုင္မွာပါ။
ၿမိဳ႕ဆရာဝန္ေဟာေျပာပြဲအၿပီးမွာေတာ့ ဦးျပံဳးခ်ိဳကို သတိရေနတဲ့ရြာသားေတြကေတာ့”ေႏြအိပ္မက္ဆိုးႀကီးပါဗ်ာလို႔” အခ်င္းခ်င္း တီးတိုးေျပာေနၾကေလသည္။
မယ္တင္( ေဆး ၁)