အပူကြောင့်ပင်ပန်းနွမ်းနယ်တယ်ဆိုတာ
ဟူး တစ်နေ့တစ်နေ့မြင့်တက်လာလိုက်တဲ့ အပူချိန်။
ဒီနွေအပူချိန်မှာ အပူကြောင့်ပင်ပန်းနွမ်းနယ်တယ်ဆိုတာ လူတော်တော်များများခံစားနေရမယ်လို့ထင်ပါတယ်နော်။
အပူကြောင့် ပင်ပန်းနွမ်းနယ်တယ်ဆိုတာ
ရာသီဥတုအစ ပတ်ဝန်းကျင်မှာ အပူချိန်မြင့်တက် လာတဲ့အခါ စိုထိုင်းမှုမြင့်တက်လာတဲ့အခါဖြစ်တတ်ပါတယ်။
ဒီလို ဖြစ်လာမယ်ဆိုရင် ချွေးထွက်တွေအရမ်းများလာမယ်။ ချွေးထွက်ပြီးတဲ့အခါ ကိုယ်လက်တွေမလှုပ်ချင်တာ၊ညောင်းတာတွေအပြင် တစ်ခါတစ်ခါ ကြွက်တက်တာ၊ သတိလစ်တာတွေအထိဖြစ်နိုင်ပါတယ်။
ဒါဟာ ချွေးထွက်တဲ့အချိန်ပါသွားတဲ့ ရေဓာတ်တွေ၊ သက်စောင့်ဓာတ်တွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အပူဓာတ်ခံနိုင်ဖို့ အပူကြောင့် ပင်ပန်းနွယ်နယ်တာတွေမဖြစ်စေဖို့ဆိုရင် အောက်ကအချက်လေးတွေကို လုပ်ဆောင်နိုင်ပါတယ်။
၁) မနက် အပြင်စထွက်ကထဲက ပေါ့ပါးပြီး ချွေးစုတ်တဲ့ အကျီၤ ဝတ်ဆင်သွားပါ။ ထီးဦးထုတ်တို့ကို ယူဆောင်သွားပါ။
ချွေးစုတ်တဲ့ချည်သား အကျီၤ၊ အရောင်ဖျော့တဲ့အကျီၤ ပွပွလေးတွေဝတ်ဆင်မယ်ဆိုရင် လေဝင်လေထွက်လည်း ကောင်းမယ် ။ နွေရာသီ ဖက်ရှင်လည်း ဖြစ်နေမှာပါ။
ထီး ယူတဲ့နေရာမှာလည်း နေရောင်ကာ ( UV protection) ပါဝင်တဲ့ ထီးမျိုးက ပိုပြီး အဆင်ပြေပါတယ်။
၂) သတိရတိုင်း ရေသောက်ပေးပါ။ အရက်၊ ကော်ဖီ အလွန်အကျွံမသောက်ပါနှင့်။
နွေရဲ့ အပူချိန်က ခန္တာကိုယ်က ရေဓာတ်တွေကို ချွေးအဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒီထွက်လာတဲ့ချွေးကို ပြန်လည် ဖြည့်ပေးဖို့ဆိုရင် ရေများများသောက်ဖို့လိုပါတယ်။ တကယ်လို့ရေ ပြန်မသောက်ဖူးဆိုရင် ချွေးထွက်စရာ ရေဓာတ်မရှိဘဲ ချွေးခြောက်ပြီး ကိုယ်အပူချိန် တွေမြင့်လာနိုင်ပါတယ်။ ရေအပြင် ချွေးထွက်များရင်များသလို ဓာတ်ဆားလည်းသောက်ပေးနိုင်ပါတယ်။ အရက်၊ကော်ဖီစတာတွေက ကိုယ်တွင်းရေဓာတ်ကိုခန်းခြောက်စေပါတယ်။ ပူတဲ့ရာသီမှာတော့ အရက်၊ ကော်ဖီကိုရှောင်နိုင်ရင်ပိုကောင်းပါတယ်။
၃) နေ့လည် အရမ်းပူချိန်မှာ အပြင်းအထန်ကိုယ်လက်လှုပ်ရှားရှောင်ပါ။ အရိပ်ထဲတွင်နေပါ။
တစ်နေ့တာရဲ့ အပူဆုံးအချိန်ဖြစ်တဲ့ နေ့လည် ၁၂နာရီ မှ ၃နာရီလောက်အတွင်းကို ပင်ပန်းတဲ့ ပြင်းထန်လှုပ်ရှားမှုမျိုး မလုပ်တာ ပိုကောင်းပါတယ်။ အဲ့ဒီအချိန်တွေမှာဆို ချွေးအရမ်းထွက်နိုင်ပြီး ချွေးထွက်ပြီးတာနဲ့ ဘာမှမလုပ်ချင်လောက်အောင်နှုန်းသွားတတ်လို့ပါ။ အပူဆုံးအချိန်တွေအတွင်းမှာ အရိပ်ရပြီး လေဝင်လေထွက်များတဲ့ နေရာမှာ နားသင့်ပါတယ်။
၄) နေရောင်ကာလိမ်းဆေး ( Sunscreen) လိမ်းဖို့မမေ့ပါနဲ့။
ပူပြင်းလွန်းတဲ့နေရောင်မှာ အရေပြားကိုလောင်စေတဲ့ ကင်ဆာဖြစ်စေတဲ့ UV A, UV B တွေပါတာမို့ Sunscreen လိမ်းပေးခြင်းဖြင့်ကာကွယ်ပေးပါ။
၅) မိမိသောက်နေသောဆေးများကို ပြန်ဆန်းစစ်ကြည့်ပါ။
အချို့သောဆေးတွေ( ဥပမာ_ နှလုံးဆေးအချို့၊ နှာဆေးပျောက်ဆေး၊ စိတ်ငြိမ်ဆေးအချို့) ဟာ ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဒီဆေးအမျိုးအစားတွေသောက်နေမယ်ဆိုရင် ဆရာဝန်ကို ဆောင်ရန်ရှောင်ရန်တွေ မေးထားသင့်ပါတယ်။
၆) မိမိဟာ ဝသူ( ကိုယ်အလေးချိန်များသူ) ဖြစ်ပါက ပိုသတိထားပါ။
ဝတဲ့လူတွေက ပိုပူတတ်သလို ချွေူးပိုထွက်တတ်တာမို့ အပူဒဏ်ကို ပိုပြီး သတိထားသင့်ပါတယ်။
ဒီဆောင်းပါးလေးဖတ်ပြီး လူတိုင်းနွေရာသီကို အေးချမ်းစွာ ကျော်လွန်ဖြတ်သန်းနိုင်ကြပါစေ။
မယ်တင်( ဆေး ၁)
အပူေၾကာင့္ပင္ပန္းႏြမ္းနယ္တယ္ဆိုတာ
ဟူး တစ္ေန႔တစ္ေန႔ျမင့္တက္လာလိုက္တဲ့ အပူခ်ိန္။
ဒီေႏြအပူခ်ိန္မွာ အပူေၾကာင့္ပင္ပန္းႏြမ္းနယ္တယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ားခံစားေနရမယ္လို႔ထင္ပါတယ္ေနာ္။
အပူေၾကာင့္ ပင္ပန္းႏြမ္းနယ္တယ္ဆိုတာ
ရာသီဥတုအစ ပတ္ဝန္းက်င္မွာ အပူခ်ိန္ျမင့္တက္ လာတဲ့အခါ စိုထိုင္းမႈျမင့္တက္လာတဲ့အခါျဖစ္တတ္ပါတယ္။
ဒီလို ျဖစ္လာမယ္ဆိုရင္ ေခၽြးထြက္ေတြအရမ္းမ်ားလာမယ္။ ေခၽြးထြက္ၿပီးတဲ့အခါ ကိုယ္လက္ေတြမလႈပ္ခ်င္တာ၊ေညာင္းတာေတြအျပင္ တစ္ခါတစ္ခါ ႂကြက္တက္တာ၊ သတိလစ္တာေတြအထိျဖစ္ႏိုင္ပါတယ္။
ဒါဟာ ေခၽြးထြက္တဲ့အခ်ိန္ပါသြားတဲ့ ေရဓာတ္ေတြ၊ သက္ေစာင့္ဓာတ္ေတြေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ အပူဓာတ္ခံႏိုင္ဖို႔ အပူေၾကာင့္ ပင္ပန္းႏြယ္နယ္တာေတြမျဖစ္ေစဖို႔ဆိုရင္ ေအာက္ကအခ်က္ေလးေတြကို လုပ္ေဆာင္ႏိုင္ပါတယ္။
၁) မနက္ အျပင္စထြက္ကထဲက ေပါ့ပါးၿပီး ေခၽြးစုတ္တဲ့ အက်ီၤ ဝတ္ဆင္သြားပါ။ ထီးဦးထုတ္တို႔ကို ယူေဆာင္သြားပါ။
ေခၽြးစုတ္တဲ့ခ်ည္သား အက်ီၤ၊ အေရာင္ေဖ်ာ့တဲ့အက်ီၤ ပြပြေလးေတြဝတ္ဆင္မယ္ဆိုရင္ ေလဝင္ေလထြက္လည္း ေကာင္းမယ္ ။ ေႏြရာသီ ဖက္ရွင္လည္း ျဖစ္ေနမွာပါ။
ထီး ယူတဲ့ေနရာမွာလည္း ေနေရာင္ကာ ( UV protection) ပါဝင္တဲ့ ထီးမ်ိဳးက ပိုၿပီး အဆင္ေျပပါတယ္။
၂) သတိရတိုင္း ေရေသာက္ေပးပါ။ အရက္၊ ေကာ္ဖီ အလြန္အကၽြံမေသာက္ပါႏွင့္။
ေႏြရဲ႕ အပူခ်ိန္က ခနၱာကုိယ္က ေရဓာတ္ေတြကို ေခၽြးအျဖစ္ေျပာင္းလဲလိုက္ပါတယ္။ ဒီထြက္လာတဲ့ေခၽြးကို ျပန္လည္ ျဖည့္ေပးဖို႔ဆိုရင္ ေရမ်ားမ်ားေသာက္ဖို႔လိုပါတယ္။ တကယ္လို႔ေရ ျပန္မေသာက္ဖူးဆိုရင္ ေခၽြးထြက္စရာ ေရဓာတ္မရွိဘဲ ေခၽြးေျခာက္ၿပီး ကိုယ္အပူခ်ိန္ ေတြျမင့္လာႏိုင္ပါတယ္။ ေရအျပင္ ေခၽြးထြက္မ်ားရင္မ်ားသလို ဓာတ္ဆားလည္းေသာက္ေပးႏိုင္ပါတယ္။ အရက္၊ေကာ္ဖီစတာေတြက ကိုယ္တြင္းေရဓာတ္ကိုခန္းေျခာက္ေစပါတယ္။ ပူတဲ့ရာသီမွာေတာ့ အရက္၊ ေကာ္ဖီကိုေရွာင္ႏိုင္ရင္ပိုေကာင္းပါတယ္။
၃) ေန႔လည္ အရမ္းပူခ်ိန္မွာ အျပင္းအထန္ကိုယ္လက္လႈပ္ရွားေရွာင္ပါ။ အရိပ္ထဲတြင္ေနပါ။
တစ္ေန႔တာရဲ႕ အပူဆံုးအခ်ိန္ျဖစ္တဲ့ ေန႔လည္ ၁၂နာရီ မွ ၃နာရီေလာက္အတြင္းကို ပင္ပန္းတဲ့ ျပင္းထန္လႈပ္ရွားမႈမ်ိဳး မလုပ္တာ ပိုေကာင္းပါတယ္။ အဲ့ဒီအခ်ိန္ေတြမွာဆို ေခၽြးအရမ္းထြက္ႏိုင္ၿပီး ေခၽြးထြက္ၿပီးတာနဲ႔ ဘာမွမလုပ္ခ်င္ေလာက္ေအာင္ႏႈန္းသြားတတ္လို႔ပါ။ အပူဆံုးအခ်ိန္ေတြအတြင္းမွာ အရိပ္ရၿပီး ေလဝင္ေလထြက္မ်ားတဲ့ ေနရာမွာ နားသင့္ပါတယ္။
၄) ေနေရာင္ကာလိမ္းေဆး ( Sunscreen) လိမ္းဖို႔မေမ့ပါနဲ႔။
ပူျပင္းလြန္းတဲ့ေနေရာင္မွာ အေရျပားကိုေလာင္ေစတဲ့ ကင္ဆာျဖစ္ေစတဲ့ UV A, UV B ေတြပါတာမို႔ Sunscreen လိမ္းေပးျခင္းျဖင့္ကာကြယ္ေပးပါ။
၅) မိမိေသာက္ေနေသာေဆးမ်ားကို ျပန္ဆန္းစစ္ၾကည့္ပါ။
အခ်ိဳ႕ေသာေဆးေတြ( ဥပမာ_ ႏွလံုးေဆးအခ်ိဳ႕၊ ႏွာေဆးေပ်ာက္ေဆး၊ စိတ္ၿငိမ္ေဆးအခ်ိဳ႕) ဟာ ကို္ယ္တြင္းအပူခ်ိန္ကိို ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ ဒီေဆးအမ်ိဳးအစားေတြေသာက္ေနမယ္ဆိုရင္ ဆရာဝန္ကို ေဆာင္ရန္ေရွာင္ရန္ေတြ ေမးထားသင့္ပါတယ္။
၆) မိမိဟာ ဝသူ( ကိုယ္အေလးခ်ိန္မ်ားသူ) ျဖစ္ပါက ပိုသတိထားပါ။
ဝတဲ့လူေတြက ပိုပူတတ္သလို ေခၽြူးပိုထြက္တတ္တာမို႔ အပူဒဏ္ကို ပုိၿပီး သတိထားသင့္ပါတယ္။
ဒီေဆာင္းပါးေလးဖတ္ၿပီး လူတိုင္းေႏြရာသီကို ေအးခ်မ္းစြာ ေက်ာ္လြန္ျဖတ္သန္းႏိုင္ၾကပါေစ။
မယ္တင္( ေဆး ၁)