ရင်ခေါင်းပူခြင်း
ရင်ခေါင်းပူတယ်ဆိုတာဟာ ရင်ဝမှာ ဆို့ဆို့ကယ်ကယ်ဖြစ်နေပြီးပါးစပ်ထဲကို အစာခြေရည်တွေတက်လာတာဖြစ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းတွေက
_ အစာအိမ်အနာရှိလို့
_ အစားစားရင်တစ်ခါတည်းအများကြီးစားတတ်သူတွေ
_ အစားစားရင်မြန်မြန်စားတတ်သူတွေ
_ စိတ်ဖိစီးမှုများတဲ့သူတွေ
_ အသက်ကြီးလို့ အစာအိမ်ကြွက်သားတွေအားနည်းလာတဲ့သူတွေ
_ ကိုယ်ဝန်ဆောင်နေသူတွေ
_ ဆေးဝါးတစ်ချို့ကြောင့်
_ ကိုယ်အလေးချိန်များသူတွေ
_ အချို့အစားအစာတွေ( ဥပမာ.. ဂေါ်ဖီထုတ်၊ သခွားသီး၊ ကြက်သွန်နီ၊ ကော်ဖီ၊ ဝိုင်နီ၊ ဘီယာ)တွဲပြီးတွေ့ရတတ်တဲ့လက္ခဏာတွေက
_ တစ်ခုခုစားရင် မြိုချရခက်တာ
_ ပိုးဝင်လို့မဟုတ်ဘဲ လချီအောင်ချောင်းဆိုးတာ
_ ဗိုက်အောင့်တတ်တာ
_ ရေရှည်လည်ပင်းနာနေတတ်တာ
_ အစာတွေမကြေညက်ဘဲ ပါးစပ်ထဲပြန်ပြီး တက်လာတတတ်တာ
_ အသံဩနေတာ တွေ ဖြစ်ပါတယ်။
ရှောင်သင့်တာတွေကတော့
_ ဆေးလိပ်သောက်တာ
_ အဆီများတဲ့အစားအစာ၊ ပူစပ်လွန်းတဲ့အစားအစာစားတာ
_ တစ်ခါထဲအများကြီးစားတာ
_ ဝိုင်သောက်ရင်း အစားစားတာ
_ ကော်ဖီ၊ အရက်ကို ညအိပ်ခါနီးသောက်တာဒီလိုရင်ခေါင်းပူခြင်းဖြစ်တာဟာ အဓိက နေထိုက်မှုပုံစံပြောင်းလဲလိုက်ရင်သက်သာသွားတတ်ပါတယ်။လိုက်နာလုပ်ဆောင်သင့်တာတွေက
_အစားကို ဖြေးဖြေးနဲ့ကြေညက်အောင်စားပါ
_ ဝမ်းမချုပ်အောင်၊ ဝမ်းပုံမှန်သွားအောင်ဂရုစိုက်ပါ။
_ စိတ်ဖိစီးမှုနည်းအောင်နေပါ။ တရားထိုင်ပါ။
_ အစားစားပြီး နာရီဝက်ကြာမှ လှဲလျောင်းအိပ်ပါ။
_ အရက်လျှော့သောက်ပါ။
_ နဲနဲနှင့်ခဏခဏစားပေးပါ။
_ ညအိပ်ချိန်နဲ့ တစ်နာရီခွာပြီး ညစာစားပေးပါ။
_ မိမိနဲ့မတဲ့ တဲ့ အစားအစာများကို အတတ်နိုင်ဆုံးရှောင်ပါ။
_ ကော် ဖီကို တစ်နေ့ ၂ခွက်ထက်ပိုသောက်နေပါက လျှော့ပါ။
ကုသဖို့ဆိုရင်တော့
_ အစာအိမ်အချဉ်ပေါက်သက်သာစေတဲ့ ( Antacid) သောက်တာ
_ ကိုယ်အလေးချိန်လျှော့ချတာ
_ ကိုယ်နဲ့မတည့်တဲ့ ရင်ပူစေနိုင်တဲ့အစားအစာတွေရှောင်တာ
_ ခေါင်းအုံးမြင့်မြင့်အုံးတာ တွေဖြစ်ပါတယ်။
ဆရာဝန်နဲ့သွားဆွေးနွေးသင့်တဲ့အခြေအနေတွေကတော့
_ ရင်ပူတာနဲ့အတူ အသက်ရှမဝတာ ၊ ရင်ဘက်အောင့်တာ
_ ရင်ပူတာ တစ်ပတ်မှာ ၂ကြိမ်ထက်ပိုပြီးဖြစ်တာတွေဆိုရင် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။
စမ်းသပ်မှုတွေအနေနဲ့
_ အများအားဖြင့်လုပ်လေ့မရှိပါဘူး။
_တကယ်လို့ အခြားရောဂါနဲ့တွဲမယ်လို့ယူဆတယ်ဆိုရင် ဓာတ်မှန်ရိုက်တာ၊ အစာအိမ်မှန်ပြောင်းကြည့်တာတွေ လုပ်ရနိုင်ပါတယ်။
မယ်တင်( ဆေး ၁)