All Articles

သံဓါတ်ချို့တည့်တဲ့အခါ နှလုံးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ?

1 Mins read

သံဓါတ်ချို့တည့်တဲ့အခါ နှလုံးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ?

သံဓါတ်ချို့တည့်တဲ့အခါ သွေးအားနည်းရောဂါဖြစ်တတ်မှန်း အားလုံးပဲသိကြပြီးဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဟေမိုဂလိုဘင် ထုတ်လုပ်ဖို့အတွက် သံဓါတ်ကိုကုန်ကြမ်းအနေနဲ့ လိုအပ်ပါတယ်။သံဓါတ်နည်းတဲ့အခါမှာ ဟေမိုဂလိုဘင်ထုတ်လုပ်မှုနည်းပြီး သွေးအားနည်းရောဂါကို ခံစားရတာပဲဖြစ်ပါတယ်။
သွေးအားနည်းခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် သံဓါတ်ချို့တည့်ခြင်းကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါဟာ ၅၀ရာခိုင်နှုန်းခန့်ရှိတာကြောင့် သံဓါတ်ချို့တည့်ခြင်းဟာ လူမျိုးဘာသာမရွေးအဖြစ်များနေတယ်ဆိုတာကိုတွေ့ရှိနိုင်ပါတယ်။သံဓါတ်ချို့တည့်ပြီး သွေးအားနည်းခြင်းဟာ ရောဂါလက္ခဏာအသေးစားမှစပြီး အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်တတ်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါပဲဖြစ်ပါတယ်။ထို့အပြင် သံဓါတ်ချို့တည့်ခြင်းဟာ နှလုံးအပေါ်မှာသက်ရောက်မှုများစွာရှိနေပါတယ်။

သံဓါတ်ချို့တည့်တဲ့အခါ နှလုံးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ?

သံဓါတ်ချို့တည့်ခြင်းကြောင့် နှလုံးအပေါ်မှာအောက်ဖော်ပြပါအတိုင်း သက်ရောက်မှုများစွာရှိနေပါတယ်-

၁။နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း။

-သံဓါတ်ချို့တည့်၍သွေးအားနည်းတဲ့အခါ နှလုံးဟာပုံမှန်အခြေအနေထက် လျင်မြန်စွာခုန်လာပြီး အခန့်မသင့်လျှင် နှလုံးခုန်မမှန်ခြင်း၊နှလုံးရပ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

-သွေးအားနည်းနေတာကြောင့် ခန္ဓာကိုယ်ဆဲလ်တွေအတွက်လိုအပ်သော အောက်ဆီဂျင်ရရှိစေရန်အတွက် နှလုံးဟာပုံမှန်ထက်ပိုခုန်လို့ပဲဖြစ်ပါတယ်။

၂။နှလုံးကြွက်သားပိုမိုအလုပ်လုပ်ရခြင်း။

-ခန္ဓာကိုယ်ဆဲလ်များအတွက် လိုအပ်သောအောက်ဆီဂျင်နဲ့အာဟာရများပေးရန်အတွက် နှလုံးဟာပိုမိုညှစ်ရတာကြောင့် အချိန်တစ်ခုကြာမြင့်လာတဲ့အခါ၊သံဓါတ်ကိုပြန်လည်ဖြည့်တင်းခြင်းမပြုလုပ်တဲ့အခါမှာ နှလုံးကြွက်သားတွေဟာထူထဲလာပြီး နှလုံးအတွင်းသွေးစီးဆင်းမှုလျော့နည်းလာပါတယ်။

-ဒီအချိန်မှာနှလုံးဟာ ပုံမှန်အခြေအနေထက်များစွာပိုမို၍အလုပ်လုပ်ရပြီး မောပန်းနွမ်းနယ်ကာ ခြေကုန်လက်ပန်းကျလုအခြေအနေကိုရောက်နေပါပြီ။

-ဒါကြောင့် ဒီအချိန်ဟာသံဓါတ်ကိုချက်ချင်းပဲပြန်လည်ဖြည့်တင်းရတော့မယ့်အချိန်ဖြစ်နေပါပြီ။

၃။နှလုံးအမောဖောက်ခြင်း။

-အထက်ပါအချိန်ထိ သံဓါတ်ကိုပြန်လည်မဖြည့်တင်းသေးပါက နှလုံးဟာခြေကုန်နွမ်းနယ်လွန်းပြီး သွေးလွှတ်ခန်းတွေပါးလွှာပျော့ဖတ်လာကာ လုံးဝအလုပ်မလုပ်နိုင်တော့ပဲ နှလုံးအမောဖောက်ခြင်းကိုဖြစ်စေကာ အသက်အန္တရာယ်ပါထိခိုက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ဒုက္ခဖြစ်စေနိုင်သော သံဓါတ်ချို့တည့်ခြင်းကိုပေါ့ပေါ့ဆဆမနေပဲ အလေးပေးဂရုပြုသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။

အားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေ။

dr.ye’lwin mm

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *