All Articlesအခြားရောဂါများအထွေထွေရောဂါများ
မျိုးရိုးလိုက်နိုင်သော နှလုံးသွေးကြောကျဉ်းရောဂါ
1 Mins read
မျိုးရိုးလိုက်နိုင်သော နှလုံးသွေးကြောကျဉ်းရောဂါ
ရုပ်ရှင်တွေ ထဲမှာ တစ်ခုခုစိတ်လှုပ်ရှားစရာ ဒေါသထွက်စရာကြုံတွေ့ရသော လူကြီးများ ရင်ဘက်ကိုဖိကာ လဲကျသွားတာ မြင်ဖူးကြမှာပါ heart attack လို့ လူအများသိကြပေမယ့် ဆေးပညာအခေါ်က တော့ နှလုံးသွေးကြောပိတ်တာကြောင့်ပါ အဲလို နှလုံးသွေးကြောပိတ်သူတွေ ရဲ့ သားစဉ်မြေးဆက်မျိုးရိုးလိုက်နိုင်တယ်ဆိုတာ ကို လည်းရှာဖွေတွေ့ရှိထားပါတယ် ပြီး အမေရိကန်မှာနေတဲ့ အာရှတောင်ဘက်သား တွေရဲ့ ၇၀ရာခိုင်နှုန်းဟာ နှလုံးသွေးကြောပိတ်တာနှင့် သေဆုံးကြတယ်လို့ လေ့လာတွေ့ရှိရပါတယ် မြန်မာနိုင်ငံမှာ လည်း သေဆုံးနှုန်းတအားမြင့်တတ်လာပါတယ် အလုပ်မှာ ထိုင်နေရတာများ အဆီအဆိမ့်ကလည်းမရှောင် ဝိတ်ကလည်း တတ်တတ်လာ သင့် မိဘ ဘိုးဘွားမှာ ဒီရောဂါဖြစ်တယ်ဆိုပါက ဒီစာကေိုဖတ်ပေးပါ ဘယ်အရာမဆို မဖြစ်ခင် က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ
မျိုးရိုးလိုက်ခြင်း ဆိုတာဘာလဲ
သင့် အဖေ အကို စသော အမျိုးသားများမှာ အသက်55မတိုင်မှီ နှလုံးသွေးကြောကျဉ်းဖူးသော် သင့်ကို မျိုးရိုးလိုက်နိုင်ပါတယ် မိခင်နှင့် အစ်မတို့ အသက်၆၅မတိုင်မှီ သွေးကြောကျဉ်းသော် သင့်ဆီ မျိုးရိုးလိုက်နိုင်ပါတယ် ဒါကြောင့် သင့်အမျိုးထဲက ယောကျ်ားဆို ၅၅ နှစ် မိန်းမဆို ၆၅ နှစ်မတိုင်မှီ နှလုံးသွေးကြော ကျဉ်းသော်တစ်နေ့ သင်လည်းဖြစ်နိုင်ပါတယ်။ မျိုးရိုးထဲ ဖြစ်နေပြီဆို ဘာမှလုပ်လို့မရ မျိုးရိုးအမွေလို ဆက်ခံရ နိုင်သော်လည်း ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်
မျိုးရိုး ဘာလို့လိုက်တာလဲ
မျိုးရိုးလိုက်တဲ့ရောဂါတွေဟာ အများအပြားရှိပါတယ် ဒါတွေကို ကံလို့ပြောလို့ရပါတယ် ဥပမာ အားဖြင့် ကင်ဆာ တွေ နှလုံးရောဂါတွေပါ လူရယ်လို့ ဖြစ်လာအောင် ရိုက်နှိပ်ပေးလိုက်တဲ့ genes ထဲမှာပါ ပြီးသားမို့ တစ်နေ့ဖြစ်လာနိုက်ချေများပါတယ်
ဘယ်လိုကျော်လွာမလဲ
အသက်ငယ်စဉ်ကတည်းက ဆေးလိပ်အရက်သောက်တာကိုရှောက်ကြဉ်ရပါမယ် ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်လုပ်ပေးရပါမယ် လုပ်တဲ့နေရာမှာ ချွေးထွက်ပြီး မောတဲ့အထိလုပ်ပေးရပါမယ် သတ်မှတ်ထားတာကတော့ တပတ်ကိုငါးရက် တရက်ကို နာရီဝက်ဆက်တိုက်လုပ်ပေးရပါမယ်။ အသီးအရွက်အသား ငါးစတာတွေကိုမျှမျှတတ စားပေးရပါမယ် ပင်လယ်ငါး အစေ့အဆံ နှင့် ပန်းသီး ထောပတ်သီးစတာတွေစားပေးရပါမယ်။ အသက်၄၀ရောက်ပြီဆို ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ ဆီးချို သွေးတိုးစသော ရောဂါများကို လည်း သေသေချာချာ ကုသထားရပါမယ်။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးက စိတ်ဖိစီးမှုပါ စိတ်ဖိစီးမှုလျော့နည်းအောင် နေပါ စိတ်ညစ်စရာတွေမတွေးပါနဲ့ အကောင်းမြင်စိတ်မွေးပါ ။ အသက်၄၀ရောက်ပြီဆိုပါက ဆေးစစ်ဆေးမှုခံယူပါ အဆီများခြင်းသွေးတိုး ဆီးချိုတို့ကို သေချာကုသပါ။
မေတ္တာဖြင့်
ဒေါက်တာ လင်း (မိသားစုဆေးပညာ)
ဘယ်လိုကျော်လွာမလဲ
မေတ္တာဖြင့်
Related posts
အခြားရောဂါများအထွေထွေရောဂါများ
ရေယုန် ပေါက်ခြင်း (Herpes)
1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ
အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)
1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…