Heart attack တောင်ရသွားနိုင်တဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ရောဂါတစ်ခု…
စိုးရိမ်ပူပန်တတ်တာဟာ ပုံမှန်လူတွေလည်းဖြစ်တတ်ကြတယ်ဆိုပေမယ့် စိုးရိမ်ပူပန်မှုလွန်ကဲလွန်းတဲ့ရောဂါတစ်ခုဖြစ်တဲ့ Panic disorder မှာတော့ သွယ်ဝိုက်ပြီး နှလုံးကိုထိနိုင်လို့ Heart attack တောင်ရနိုင်တဲ့အခြေအနေမျိုးထိရောက်သွားနိုင်ပါတယ်။ ဒီရောဂါဟာ Heart attack ကို တိုက်ရိုက်ရစေတာမျိုးတော့မဟုတ်ပေမယ့် စိုးရိမ်ပူပန်စိတ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ စိတ်လှုပ်ရှားမှုလွန်ကဲတာတွေကြောင့်နှလုံးသွေးကြောကျဥ်းရောဂါတွေကိုဖြစ်စေလာနိုင်ပြီး သွေးကြောကျဥ်းရာကနေ အကြောင်းတစ်ခုခုကြောင့်ပိတ်သွားရင်တော့ Heart attack ရစေတတ်ပါတယ်။
Panic disorder ဆိုတာ ရုတ်တရက်ကြောက်စိတ်လွန်ကဲတာတွေ ထပ်ခါထပ်ခါဖြစ်လာတဲ့အချိန်မျိုးမှာဖြစ်တတ်တာပါ။ ရုတ်တရက်ကြောက်စိတ်လွန်ကဲတဲ့ Panic attack တစ်ခေါက်ရပြီး အနည်းဆုံးတစ်လအကြာမှာ ဖြစ်ရင် Panic disorder လို့ခေါ်ဝေါ်တတ်ကြပါတယ်။အများအားဖြင့်ဆယ်ကျော်သက်တွေနဲ့ အသက် ၂၅ နှစ်အောက်လူငယ်တွေမှာ တွေ့ရတာများတတ်ပြီး အမျိုးသားတွေထက်အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ကြတယ်။တစ်ခါဖြစ်ရင် အနည်းဆုံး ၁၀ မိနစ်၊ မိနစ် ၂၀ လောက်ထိကြာတတ်ပါတယ်။ တကယ်လို့ ရောဂါအခြေအနေပြင်းထန်တယ်ဆိုရင် တစ်နာရီကျော်ကျော်လောက်ထိလည်းကြာသွားတာမျိုးရှိတတ်ပါတယ်။
ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲဆိုရင်…
♑ မောတာ၊ ရင်ဘတ်အောင့်တာ၊ ကြပ်သလိုဖြစ်တာ
♑ ရင်တလှပ်လှပ်တုန်တာ၊ ခြေတွေ လက်တွေတုန်တာ
♑ မူးတာ၊ ပျို့တာ၊လည်ပင်းထဲနင်သလိုဖြစ်တာ
♑ ချွေးထွက်တာ၊ ချမ်းတုန်တာ
♑ ခြေတွေ လက်တွေ ထုံကျင်တာ
♑ စိတ်နဲ့ကိုယ်နဲ့မကပ်သလို ခံစားရတာ
♑ သေမှာကြောက်နေတာ စတာတွေဖြစ်ပေါ်လာတတ်ပါတယ်။
♑ မောတာ၊ ရင်ဘတ်အောင့်တာ၊ ကြပ်သလိုဖြစ်တာ
♑ ရင်တလှပ်လှပ်တုန်တာ၊ ခြေတွေ လက်တွေတုန်တာ
♑ မူးတာ၊ ပျို့တာ၊လည်ပင်းထဲနင်သလိုဖြစ်တာ
♑ ချွေးထွက်တာ၊ ချမ်းတုန်တာ
♑ ခြေတွေ လက်တွေ ထုံကျင်တာ
♑ စိတ်နဲ့ကိုယ်နဲ့မကပ်သလို ခံစားရတာ
♑ သေမှာကြောက်နေတာ စတာတွေဖြစ်ပေါ်လာတတ်ပါတယ်။
ဒီရောဂါလက္ခဏာတွေသက်သာအောင်…
♑ အတွေးတွေ အပြုအမူတွေကိုပြောင်းလဲပေးပြီး ကြောက်စိတ်ကိုထိန်းနိုင်အောင် ကုသမှုပေးတာ
♑ စိတ်ကျရောဂါကုသဆေးတချို့ပေးတာ
♑ စိတ်ငြိမ်ဆေး၊ အတက်ကျဆေးတွေပေးတာ
♑ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အိပ်ရေးဝဝအိပ်တာ
♑ Caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေရှောင်တာ စတဲ့နည်းလမ်းတွေရှိပါတယ်။
♑ အတွေးတွေ အပြုအမူတွေကိုပြောင်းလဲပေးပြီး ကြောက်စိတ်ကိုထိန်းနိုင်အောင် ကုသမှုပေးတာ
♑ စိတ်ကျရောဂါကုသဆေးတချို့ပေးတာ
♑ စိတ်ငြိမ်ဆေး၊ အတက်ကျဆေးတွေပေးတာ
♑ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အိပ်ရေးဝဝအိပ်တာ
♑ Caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေရှောင်တာ စတဲ့နည်းလမ်းတွေရှိပါတယ်။
ဒေါက်တာစိမ်းလဲ့