Uncategorized

Heart Attack ဆိုတာ

1 Mins read

Heart Attack (နှလုံးဖောက်ခြင်း) ဆိုတာ သွေးခဲခြင်းကြောင့် နှလုံးသို့ သွေးစီးဆင်းမှု ရုတ်တရက် ပိတ်ဆို့ခြင်း ကြောင့်ဖြစ်သော ပြင်းထန်တဲ့ အရေးပေါ် အခြေအနေဖြစ်ပါတယ်။ အများအားဖြင့် အဆီ၊ ကိုလက်စထရောနှင့် အခြားအရာများ နှလုံးသွေးကြောအတွင်း ပိတ်ဆို့ခြင်းကြောင့် ဖြစ်တာပါ။ သွေးခဲပိတ်ခြင်းကြောင့်လည်း ဖြစ်နိုင် ပါတယ်။ နှလုံးသို့ သွေးစီးဆင်းမှု နည်းပါးသွားတဲ့အခါ နှလုံးကြွက်သား အစိတ်အပိုင်းကို ပျက်စီးစေနိုင် ပါတယ်။ Heart Attack (နှလုံးဖောက်ခြင်း) ဟာ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်တဲ့အတွက် ကုသမှုအမြန် လိုအပ်ပါ တယ်။

ရောဂါလက္ခဏာများ

Heart Attack (နှလုံးဖောက်ခြင်း) ရဲ့ လက္ခဏာတွေက ကွဲပြားပါတယ်။ အချို့လူများတွင် လက္ခဏာများ မပြင်းထန် သော်လည်း တစ်ချို့သူများမှာတော့ ပြင်းထန်သော လက္ခဏာများရှိပါတယ်။ အချို့လူများမှာတော့ လက္ခဏာ မပြ တာလည်း ရှိပါတယ်။

အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့…

–      ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို တင်းကျပ်နေခြင်း၊ နာကျင်ခြင်း၊ ဆွဲညှစ်ထား သလိုခံစားရခြင်း

–      နာကျင်မှုက ပခုံး၊ လက်၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး၊ သွားများ သို့မဟုတ် တစ်ခါတစ်ရံတွင် ဝမ်းဗိုက် အပေါ်ပိုင်းအထိ ပျံ့နှံ့သွားခြင်း

–      တစ်ကိုယ်လုံးအေးပြီး ချွေးစေးထွက်ခြင်း

–      ပင်ပန်းနွမ်းနယ်ခြင်း

–      ရင်ပူခြင်း သို့မဟုတ် အစာမကြေခြင်း

–      ခေါင်းကိုက်ခြင်း သို့မဟုတ် ရုတ်တရက် မူးဝေခြင်း

–      ပျို့ ခြင်း

–      အသက်ရှုကျပ်ခြင်း၊ မောခြင်း

တစ်ခါတစ်ရံတွင် နှလုံးဖောက်ခြင်း၏ ပထမဆုံး လက္ခဏာမှာ ရုတ်တရက် နှလုံးရပ်ခြင်း ဖြစ်ပါတယ်။

Heart Attack (နှလုံးဖောက်ခြင်း) ကို ဖြစ်နိုင်ခြေများစေသော အကြောင်းအရင်းများ

–      အသက်။ အသက် ၄၅ နှစ်နှင့်အထက် အမျိုးသားများနှင့် အသက် ၅၅ နှစ်နှင့်အထက် အမျိုးသမီးများမှာ နှလုံးဖောက်နိုင်ခြေ ပိုများပါတယ်။

–      ဆေးလိပ်သောက်ခြင်း

–      သွေးပေါင်ချိန်မြင့်ခြင်း၊ သွေးတိုးရောဂါရှိခြင်း

–      သွေးတွင်း ကိုလက်စထရော သို့မဟုတ် triglycerides များခြင်း

–      အဝလွန်ခြင်း

–      ဆီးချိုရောဂါ

–      မိသားစုထဲတွင် နှလုံးရောဂါရာဇဝင်ရှိခြင်း

–      ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း

–      ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ မစားခြင်း

–      စိတ်ဖိစီးမှုများခြင်း

Heart Attack (နှလုံးဖောက်ခြင်း) ကို ကာကွယ်ရန်အတွက်

–      ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ။

–      အဝလွန်ခြင်း သို့မဟုတ် အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချပါ။

–      လေ့ကျင့်ခန်းပုံမှန်လုပ်ပါ – တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ (၂ နာရီနှင့် ၃၀ မိနစ်) ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။

–      အစေ့အဆန်များ၊ အဆီနည်းပြီး အမျှင်ဓာတ်များသော အစားအစာများ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များ စားသုံးပါ။

–      အရက်သောက်သုံးမှုကို လျှော့ချပါ။

Heart Attack (နှလုံးဖောက်ခြင်း) ရတယ်လို့ ထင်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြီး ကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁) #myDoctor #TeleMedicine

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *