ကလေးများနှင့် နားအကြားအာရုံ
မေမေတို့အတွက် မိမိတို့ရင်သွေးလေးတွေ နားအကြားအာရုံ ပုံမှန်ဖြစ်မဖြစ်စမ်းစစ်နိုင်ဖို့အတွက် အသက်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးမှုလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
*မွေးစမှ ၄လအရွယ်အထိ
-အသံကျယ်ကျယ်လောင်လောင် တွေကြောင့် အိပ်နေရာက နိုးလာနိုင်တယ်။
-အသံကျယ်ကျယ်ကြားရင်လန့်တတ်တယ်။
*၄လ မှ ၉လ အရွယ်အထိ
-မေမေတို့သူ့ကို မြူသံ၊ စကားပြောသံကြားရင် ပြုံးပြတတ်နေပြီ။
-အသံမည်တဲ့ အရုပ်လေးတွေကို သဘောကျတတ်နေပြီ။
-ရင်းနှီးတဲ့ လူသံကြားရင် လှည့်ကြည့်တတ်နေပြီ။
-ဘာဘာလာလာနဲ့ အသံလေးတွေလည်း လုပ်တတ်နေပါပြီ။
*၉လ မှ ၁၅လအရွယ်အထိ
-မေ၊ဖေ လို့ သင်ပေးလို့ရပြီ။ ဖေဖေ၊ မေမေ၊ မန်းမန်း ပြောတတ်တဲ့ အရွယ်ရောက်လာပြီ။ (စာကြောင်းလိုက် မပြောနိုင်သေးပါဘူး။ စကားလုံးလေးတွေတော့ အသံထွက်လာပြီ။)
-သူ့နာမည်လေး ကြားရင်ထူးတတ်ပြီ။
-သူလိုချင်တဲ့အရာ (မန်းမန်း၊ ရေ၊ ရုပ်ရုပ်)အသံထွက်ပြီး တောင်းတတ်နေပါပြီ။
*၁၅လ မှ ၂၄လ အရွယ်အထိ
-စကားလုံးလေးတွေ ပိုပြီးပြောတတ်နေပြီ။
-သူလိုချင်တာလေးတွေ လက်ညှိုးထိုး ပြီး ယူခိုင်းတတ်ပြီ။
-သီချင်းတွေ၊ သံစဉ်တွေ၊ ပုံပြင်လေးတွေ ပြောပြရင် စိတ်ဝင်တစား နားထောင်တတ်ပါပြီ။
-‘ နားရွက်လေးကဘယ်မှာလဲ၊ နှာခေါင်းလေးက ဘယ်မှာလဲ၊ ပါးစပ်လေးကဘယ်မှာလဲ’ စတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းလေးတွေကို မေးရင် လက်ညှိုးထိုးပြ တတ်ပါပြီ။
အထက်ဖော်ပြပါ အသက်အပိုင်းအခြားအလိုက် တိုးတက်မှုလေးတွေနဲ့ သွေဖယ်နေရင်တော့ မိမိကလေးမှာ နားအကြားအာရုံပြဿနာ ရှိနိုင်လို့ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကေလးမ်ားနွင့္ နားအၾကားအာရံု
ေမေမတို႔အတြက္ မိမိတို႔ရင္ေသြးေလးေတြ နားအၾကားအာ႐ုံ ပံုမွန္ျဖစ္မျဖစ္စမ္းစစ္ႏိုင္ဖို႔အတြက္ အသက္အပိုင္းအျခားအလိုက္ ဖြ႔ံၿဖိဳးမႈေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။
*ေမြးစမွ ၄လအရြယ္အထိ
-အသံက်ယ္က်ယ္ေလာင္ေလာင္ ေတြေၾကာင့္ အိပ္ေနရာက ႏိုးလာႏိုင္တယ္။
-အသံက်ယ္က်ယ္ၾကားရင္လန္႔တတ္တယ္။
*၄လ မွ ၉လ အရြယ္အထိ
-ေမေမတို႔သူ႔ကို ျမဴသံ၊ စကားေျပာသံၾကားရင္ ျပံဳးျပတတ္ေနၿပီ။
-အသံမည္တဲ့ အ႐ုပ္ေလးေတြကို သေဘာက်တတ္ေနၿပီ။
-ရင္းႏွီးတဲ့ လူသံၾကားရင္ လွည့္ျကည့္တတ္ေနၿပီ။
-ဘာဘာလာလာနဲ႔ အသံေလးေတြလည္း လုပ္တတ္ေနပါၿပီ။
*၉လ မွ ၁၅လအရြယ္အထိ
-ေမ၊ေဖ လို႔ သင္ေပးလို႔ရၿပီ။ ေဖေဖ၊ ေမေမ၊ မန္းမန္း ေျပာတတ္တဲ့ အရြယ္ေရာက္လာၿပီ။ (စာေၾကာင္းလိုက္ မေျပာႏိုင္ေသးပါဘူး။ စကားလံုးေလးေတြေတာ့ အသံထြက္လာၿပီ။)
-သူ႔နာမည္ေလး ၾကားရင္ထူးတတ္ၿပီ။
-သူလိုခ်င္တဲ့အရာ (မန္းမန္း၊ ေရ၊ ႐ုပ္႐ုပ္)အသံထြက္ၿပီး ေတာင္းတတ္ေနပါၿပီ။
*၁၅လ မွ ၂၄လ အရြယ္အထိ
-စကားလံုးေလးေတြ ပ္ိုၿပီးေျပာတတ္ေနၿပီ။
-သူလိုခ်င္တာေလးေတြ လက္ညွိဳးထိုး ၿပီး ယူခိုင္းတတ္ၿပီ။
-သီခ်င္းေတြ၊ သံစဥ္ေတြ၊ ပံုျပင္ေလးေတြ ေျပာျပရင္ စိတ္ဝင္တစား နားေထာင္တတ္ပါၿပီ။
-‘ နားရြက္ေလးကဘယ္မွာလဲ၊ ႏွာေခါင္းေလးက ဘယ္မွာလဲ၊ ပါးစပ္ေလးကဘယ္မွာလဲ’ စတဲ့ ကိုယ္ခႏၶာ အစိတ္အပိုင္းေလးေတြကို ေမးရင္ လက္ညွိဳးထိုးျပ တတ္ပါၿပီ။
အထက္ေဖာ္ျပပါ အသက္အပိုင္းအျခားအလိုက္ တိုးတက္မႈေလးေတြနဲ႔ ေသြဖယ္ေနရင္ေတာ့ မိမိကေလးမွာ နားအၾကားအာ႐ုံျပႆနာ ႐ွိႏုိင္လို႔ ဆရာဝန္နဲ႔ ျပသေဆြးေႏြးသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂) <