ကျန်းမာရေးနှင့် ညီညွတ်သော နေ့လည်စာ
အရင်တစ်ပတ်က ကျန်းမာရေးနှင့်ညီညွတ်သော မနက်စာအကြောင်းကို ပြောပြခဲ့ပြီး ဒီအပတ်မှာတော့ ကျန်းမာရေးနှင့်ညီညွတ်သော နေ့လည်စာအကြောင်းကို ပြောပြမှာဖြစ်ပါတယ်။
နေ့လည်စာဆိုရင် ကျွန်မတို့ နှစ်မျိုး ပြောရလိမ့်မယ်။ အိမ်ကချက်တဲ့ နေ့လည်စာနဲ့ အပြန်မှာ စားရတဲ့ နေ့လည်စာ……
အိမ်ကချက်တဲ့ နေ့လည်စာကို စားရတဲ့သူတွေက အင်မတန် ကံကောင်းပါတယ်။ ကိုယ့်အတွက် အမေက၊ အဖေက၊ ဇနီးက၊ ချစ်ရတဲ့သူတွေက မေတ္တာနဲ့ ချက်ပြုတ် ပြင်ဆင်ပေးလိုက်တဲ့ နေ့လည်စာကို စားသုံးခွင့်ရတယ်။ အပြင်စာတွေထက်တော့ အိမ်မှာ စီမံချက်ပြုတ်တာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်မယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါကိုမှ ထပ်ပြီး ပဲဆီစစ်စစ်ကို သုံးမယ်၊ ဆီတွေကို ခဏခဏ ပြန်မကြော်ဘူး၊ ဟင်းတွေကို ဆီတွေ ရွှဲနစ်နေအောင် မချက်ဘူး၊ ဆား အချိုမှုန့် လျှော့သုံးပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အစားထိုးမယ်ဆိုရင် ပိုပိုပြီး ကျန်းမာတဲ့ နေ့လည်စာကို စားသုံးနိုင်မှာပါ။
အကြောင်းပြချက်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အပြင်ကချက်တာပဲ စားရတဲ့သူတွေကိုလည်း ကျန်းမာရေးနဲ့ မညီညွတ်တာ စားနေရတယ်လို့ အရမ်းမမြင်စေချင်ပါဘူး။ ကိုယ်က ရွေးချယ် ဆင်ခြင် စားသုံးတတ်မယ်ဆိုရင် ကျန်းမာတဲ့ နေ့လည်စာကို စားသုံးနိုင်ပါတယ်။
ဒီတော့ နေလည်စာကို အိမ်စာစားတဲ့သူပဲဖြစ်ဖြစ်၊ အပြင်စာစားတဲ့သူပဲ ဖြစ်ဖြစ် လိုက်နာသင့်တဲ့ စားသောက်မှုပုံစံတစ်ခုကို ပြောပြပါမယ်။ အဲ့ဒါကတော့ ထမင်းအနပ်တိုင်းမှာ ထမင်း၊ အသားနဲ့ အသီးအရွက် သုံးမျိုးလုံး စုံအောင် စားဖို့နဲ့ ပမာဏညီမျှစွာ စားဖို့ပါပဲ။ ထမင်းတွေအများကြီး စားပြီး အသားနဲ့ ဟင်းသီးဟင်းရွက်ကို ပါရုံလောက်စားတာမျိုး၊ ထမင်းနဲ့အသားပဲ စားပြီး ဟင်းသီးဟင်းရွက် လုံးဝမစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းရော၊ အသားရော၊ အရွက်ပါ ပါအောင်၊ ပမာဏညီမျှအောင် စားရပါမယ်။ ဆရာမရယ် အဲ့ဒါဆို အသားဖိုးနဲ့ မွဲမှာပေါ့လို့ မတွေးပါနဲ့။ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးကလည်း အသား၊ ငါးတွေလိုပဲ ပရိုတင်းဓါတ်ကို ပေးပါတယ်။
ဒီလိုသာ စားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေ့လည်စာကို စားသုံးနိုင်ပါတယ်။
ကျန်းကျန်းမာမာ စိတ်သွားတိုင်းကိုယ်ပါတဲ့ နေ့လည်ခင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Dr Honey Su Naing
M.B.,B.S (Mdy)
M.Sc Nutrition & Dietetic (UK)
က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ေန႔လည္စာ
အရင္တစ္ပတ္က က်န္းမာေရးႏွင့္ညီၫြတ္ေသာ မနက္စာအေၾကာင္းကို ေျပာျပခဲ့ၿပီး ဒီအပတ္မွာေတာ့ က်န္းမာေရးႏွင့္ညီၫြတ္ေသာ ေန႔လည္စာအေၾကာင္းကို ေျပာျပမွာျဖစ္ပါတယ္။
ေန႔လည္စာဆိုရင္ ကြ်န္မတို႔ ႏွစ္မ်ိဳး ေျပာရလိမ့္မယ္။ အိမ္ကခ်က္တဲ့ ေန႔လည္စာနဲ႔ အျပန္မွာ စားရတဲ့ ေန႔လည္စာ……
အိမ္ကခ်က္တဲ့ ေန႔လည္စာကို စားရတဲ့သူေတြက အင္မတန္ ကံေကာင္းပါတယ္။ ကိုယ့္အတြက္ အေမက၊ အေဖက၊ ဇနီးက၊ ခ်စ္ရတဲ့သူေတြက ေမတၱာနဲ႔ ခ်က္ျပဳတ္ ျပင္ဆင္ေပးလိုက္တဲ့ ေန႔လည္စာကို စားသံုးခြင့္ရတယ္။ အျပင္စာေတြထက္ေတာ့ အိမ္မွာ စီမံခ်က္ျပဳတ္တာက ပိုၿပီး က်န္းမာေရးနဲ႔ ညီၫြတ္မယ္ဆိုတာ ျငင္းစရာမရွိပါဘူး။ ဒါကိုမွ ထပ္ၿပီး ပဲဆီစစ္စစ္ကို သံုးမယ္၊ ဆီေတြကို ခဏခဏ ျပန္မေၾကာ္ဘူး၊ ဟင္းေတြကို ဆီေတြ ရႊဲနစ္ေနေအာင္ မခ်က္ဘူး၊ ဆား အခ်ိဳမႈန္႔ ေလွ်ာ့သံုးၿပီး ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ အစားထိုးမယ္ဆိုရင္ ပိုပိုၿပီး က်န္းမာတဲ့ ေန႔လည္စာကို စားသံုးႏိုင္မွာပါ။
အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳး၊ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အျပင္ကခ်က္တာပဲ စားရတဲ့သူေတြကိုလည္း က်န္းမာေရးနဲ႔ မညီၫြတ္တာ စားေနရတယ္လို႔ အရမ္းမျမင္ေစခ်င္ပါဘူး။ ကိုယ္က ေရြးခ်ယ္ ဆင္ျခင္ စားသံုးတတ္မယ္ဆိုရင္ က်န္းမာတဲ့ ေန႔လည္စာကို စားသံုးႏိုင္ပါတယ္။
ဒီေတာ့ ေနလည္စာကို အိမ္စာစားတဲ့သူပဲျဖစ္ျဖစ္၊ အျပင္စာစားတဲ့သူပဲ ျဖစ္ျဖစ္ လိုက္နာသင့္တဲ့ စားေသာက္မႈပံုစံတစ္ခုကို ေျပာျပပါမယ္။ အဲ့ဒါကေတာ့ ထမင္းအနပ္တိုင္းမွာ ထမင္း၊ အသားနဲ႔ အသီးအရြက္ သံုးမ်ိဳးလံုး စံုေအာင္ စားဖို႔နဲ႔ ပမာဏညီမွ်စြာ စားဖို႔ပါပဲ။ ထမင္းေတြအမ်ားႀကီး စားၿပီး အသားနဲ႔ ဟင္းသီးဟင္းရြက္ကို ပါရံုေလာက္စားတာမ်ိဳး၊ ထမင္းနဲ႔အသားပဲ စားၿပီး ဟင္းသီးဟင္းရြက္ လံုးဝမစားတာမ်ိဳး မလုပ္သင့္ပါဘူး။ ထမင္းေရာ၊ အသားေရာ၊ အရြက္ပါ ပါေအာင္၊ ပမာဏညီမွ်ေအာင္ စားရပါမယ္။ ဆရာမရယ္ အဲ့ဒါဆို အသားဖိုးနဲ႔ မြဲမွာေပါ့လို႔ မေတြးပါနဲ႔။ ၾကက္ဥ၊ ဘဲဥနဲ႔ ပဲအမ်ိဳးမ်ိဳးကလည္း အသား၊ ငါးေတြလိုပဲ ပ႐ိုတင္းဓါတ္ကို ေပးပါတယ္။
ဒီလိုသာ စားမယ္ဆိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ေန႔လည္စာကို စားသံုးႏိုင္ပါတယ္။
က်န္းက်န္းမာမာ စိတ္သြားတိုင္းကိုယ္ပါတဲ့ ေန႔လည္ခင္းေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။
Dr Honey Su Naing
M.B.,B.S (Mdy)
M.Sc Nutrition & Dietetic (UK)