ကျန်းမာစွာဖြင့် နမ်းပါ
“မိုးတွင်းမဟုတ်လို့ ငါလည်း ပေါ့ထားလိုက်မိတာ ကလေးက ဝမ်းတွေလျှောလို့ ”
“TB ဖြစ်တာတဲ့”
“အဆုတ်ရောင်ရောဂါ ဖြစ်တာ ”
သူငယ်ချင်းတွေ သူတို့ရဲ့ ကလေးတွေအတွက် စိုးရိမ်တကြီးကိုယ့်ကို မေးကြတဲ့ မေးခွန်းတွေပါ။ မိုးရာသီ မဟုတ်ပေမယ့် ဒီရောဂါတွေက ကလေးတွေကို ဒုက္ခပေးနိုင်ဆဲပါပဲ။ လူကြီးတစ်ယောက် ဝမ်းပျက်ဝမ်းလျှောတာနဲ့ ကလေးတစ်ယောက်ဝမ်းပျက်ဝမ်းလျှောတာမှာ ကလေးဟာ ရောဂါပိုးရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် ပိုပြီးစိုးရိမ်ရသလို အသက်အန္တရာယ်လဲ ပေးနိုင်ပါတယ်။ ရောဂါတွေကူးဖို့လွယ်သလား စဉ်းစားရအောင်ပါ။
၁။ သူတို့ကိုယ်တိုင် ကစားစရာတွေကို ကိုင်တွယ်ရင်း ဆော့ကစားရင်း လက်တွေကို နှာခေါင်းတွေ ပါးစပ်တွေထဲထည့်မယ်။ virus တွေ bacteria တွေဟာ ပါးစပ်တွေ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်ပါတယ်။
၂။ ကလေးတွေကို ချီပိုးတာ ပွေ့ဖက်နမ်းရှုံတာတွေ လုပ်တဲ့အခါ ကိုယ့်လက်က မသန့်တဲ့အခါ ကိုယ်က အအေးမိနေတဲ့အခါ အိမ်မှာ နာတာရှည်ချောင်းဆိုးနေတဲ့ အဘိုးအဘွား ဦးလေးအဒေါ်တွေနဲ့ နေရတဲ့အခါ၊ လသားအရွယ် တစ်နှစ်အရွယ်ကလေးတွေကို လူထူတဲ့နေရာကို ခေါ်ဆောင်သွားတတ်တဲ့အခါ
၃။အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့အခါ သန့်ရှင်းမှုမရှိတာကလေးနို့ဘူးကိုလည်း သန့်ရှင်းမှုမရှိတာတွေ
အဲဒီအရာတွေက ကလေးကို ဝမ်းပျက်ဝမ်းလျှောတွေ ကူးစက်မြန်ပြင်းထန် နမိုးနီးယားတွေ တီဘီရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။
ကလေးတွေဆီကို အဲဒီရောဂါတွေကူးစက်မှုရောက်ရှိမှုနည်းအောင် ဘာတွေလုပ်ပေးရမလဲ
၁။ကလေးကို အိမ်က ပြန်ပြန်ချင်း ” မွ “ဆိုပြီး မဖက်လိုက် မချီလိုက်ပါနဲ့ ။ တနေကုန်ဝတ်လာတဲ့ အဝတ်တွေကို လဲပြီး လက်ဆေးပြီးမှ(ဖြစ်နိုင်ရင် ရေမိုးချိုးပြီးမှ) ချီပိုးချော့မြူပါ။
၂။ ကလေးကို နမ်းတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို အတတ်နိုင်ဆုံး မနမ်းပါနဲ့။ ရောဂါပိုးတွေဝင်ဖို့လွယ်တဲ့နေရာပါ။
၃။ သိပ်ငယ်လွန်းတဲ့ကလေးတွေကို လူထူထပ်တဲ့နေရာ ဖုန်ထူထပ်တဲ့နေရာတွေကို ခဏခဏ ခေါ်မသွားပါနဲ့။
၄။နို့ရည်ကို ညှစ်ပြီး သိမ်းတဲ့ မေမေများ စနစ်တကျသိုလှောင်သိမ်းဆည်းပါ။ရေခဲသေတ္တာမီးပျက်သွားတာ အချိန်ကြာသွားရင်လည်း နို့ရည်ဟာ ပိုးမွှားများ ပေါက်ပွားနိုင်ပါတယ်။
၅။ကလေးအတွက်မှ မဟုတ်ပါဘူး။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ သန့်ရှင်းစေဖို့လိုပါတယ်။ သားသားမီးမီးတွေအတွက်တော့ ပိုပြီးလိုအပ်ပါတယ်။
၆။အစားမစားမီလက်ဆေးတာ အိမ်သာတက်ပြီးလက်ဆေးတာတွေက အခြေလိုအပ်ချက်အဖြစ် သားသားမီးမီးတွေကို သင်ပေးရမှာပါ။
၇။သားသားမီးမီးတို့အတွက်ထားတဲ့ သေးအိုး အီအီးအိုးတွေကလည်း သေချာဆေးကြောပြီးထားတာဖြစ်ပါစေ။
ခွန်းညိုသွေး
က်န္းမာစြာျဖင့္ နမ္းပါ
“မိုးတြင္းမဟုတ္လို႔ ငါလည္း ေပါ့ထားလိုက္မိတာ ကေလးက ဝမ္းေတြေလွ်ာလို႔ ”
“TB ျဖစ္တာတဲ့”
“အဆုတ္ေရာင္ေရာဂါ ျဖစ္တာ ”
သူငယ္ခ်င္းေတြ သူတို႔ရဲ႕ ကေလးေတြအတြက္ စိုးရိမ္တႀကီးကိုယ့္ကို ေမးၾကတဲ့ ေမးခြန္းေတြပါ။ မိုးရာသီ မဟုတ္ေပမယ့္ ဒီေရာဂါေတြက ကေလးေတြကို ဒုကၡေပးႏိုင္ဆဲပါပဲ။ လူႀကီးတစ္ေယာက္ ဝမ္းပ်က္ဝမ္းေလွ်ာတာနဲ႔ ကေလးတစ္ေယာက္ဝမ္းပ်က္ဝမ္းေလွ်ာတာမွာ ကေလးဟာ ေရာဂါပိုးရဲ႕ ဒဏ္ကို မခံႏိုင္တဲ့အတြက္ ပိုၿပီးစိုးရိမ္ရသလို အသက္အႏၲရာယ္လဲ ေပးႏိုင္ပါတယ္။ ေရာဂါေတြကူးဖို႔လြယ္သလား စဥ္းစားရေအာင္ပါ။
၁။ သူတို႔ကိုယ္တိုင္ ကစားစရာေတြကို ကိုင္တြယ္ရင္း ေဆာ့ကစားရင္း လက္ေတြကို ႏွာေခါင္းေတြ ပါးစပ္ေတြထဲထည့္မယ္။ virus ေတြ bacteria ေတြဟာ ပါးစပ္ေတြ အသက္ရႈလမ္းေၾကာင္းကေနတဆင့္ ကူးစက္ႏိုင္ပါတယ္။
၂။ ကေလးေတြကို ခ်ီပိုးတာ ေပြ႕ဖက္နမ္းရွံုတာေတြ လုပ္တဲ့အခါ ကိုယ့္လက္က မသန္႔တဲ့အခါ ကိုယ္က အေအးမိေနတဲ့အခါ အိမ္မွာ နာတာရွည္ေခ်ာင္းဆိုးေနတဲ့ အဘိုးအဘြား ဦးေလးအေဒၚေတြနဲ႔ ေနရတဲ့အခါ၊ လသားအရြယ္ တစ္ႏွစ္အရြယ္ကေလးေတြကို လူထူတဲ့ေနရာကို ေခၚေဆာင္သြားတတ္တဲ့အခါ
၃။အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္တဲ့အခါ သန္႔ရွင္းမႈမရွိတာကေလးႏို႔ဘူးကိုလည္း သန္႔ရွင္းမႈမရွိတာေတြ
အဲဒီအရာေတြက ကေလးကို ဝမ္းပ်က္ဝမ္းေလွ်ာေတြ ကူးစက္ျမန္ျပင္းထန္ နမိုးနီးယားေတြ တီဘီေရာဂါလကၡဏာေတြကို ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။
ကေလးေတြဆီကို အဲဒီေရာဂါေတြကူးစက္မႈေရာက္ရွိမႈနည္းေအာင္ ဘာေတြလုပ္ေပးရမလဲ
၁။ကေလးကို အိမ္က ျပန္ျပန္ခ်င္း ” မြ “ဆိုုၿပီး မဖက္လိုက္ မခ်ီလိုက္ပါနဲ႔ ။ တေနကုန္ဝတ္လာတဲ့ အဝတ္ေတြကို လဲၿပီး လက္ေဆးၿပီးမွ(ျဖစ္ႏိုင္ရင္ ေရမိုးခ်ိဳးၿပီးမွ) ခ်ီပိုးေခ်ာ့ျမဴပါ။
၂။ ကေလးကို နမ္းတဲ့အခါ ႏွာေခါင္းနဲ႔ ပါးစပ္ကို အတတ္ႏိုင္ဆံုး မနမ္းပါနဲ႔။ ေရာဂါပိုးေတြဝင္ဖို႔လြယ္တဲ့ေနရာပါ။
၃။ သိပ္ငယ္လြန္းတဲ့ကေလးေတြကို လူထူထပ္တဲ့ေနရာ ဖုန္ထူထပ္တဲ့ေနရာေတြကို ခဏခဏ ေခၚမသြားပါနဲ႔။
၄။ႏို႔ရည္ကို ၫွစ္ၿပီး သိမ္းတဲ့ ေမေမမ်ား စနစ္တက်သိုေလွာင္သိမ္းဆည္းပါ။ေရခဲေသတၱာမီးပ်က္သြားတာ အခ်ိန္ၾကာသြားရင္လည္း ႏို႔ရည္ဟာ ပိုးမႊားမ်ား ေပါက္ပြားႏိုင္ပါတယ္။
၅။ကေလးအတြက္မွ မဟုတ္ပါဘူး။ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ရာမွာ သန္႔ရွင္းေစဖို႔လိုပါတယ္။ သားသားမီးမီးေတြအတြက္ေတာ့ ပိုၿပီးလိုအပ္ပါတယ္။
၆။အစားမစားမီလက္ေဆးတာ အိမ္သာတက္ၿပီးလက္ေဆးတာေတြက အေျခလိုအပ္ခ်က္အျဖစ္ သားသားမီးမီးေတြကို သင္ေပးရမွာပါ။
၇။သားသားမီးမီးတို႔အတြက္ထားတဲ့ ေသးအိုး အီအီးအိုးေတြကလည္း ေသခ်ာေဆးေၾကာၿပီးထားတာျဖစ္ပါေစ။
ခြန္းညိဳေသြး