အရက်တစ်ခွက်သောက်လိုက်တိုင်း ကိုယ်ထဲကဘယ်လိုတုန့်ပြန်မလဲ

အရက်ဟာ လူကြီးလူငယ်မရွေး၊ဆင်းရဲချမ်းသာမရွေး နှစ်ခြိုက်စွာသောက်သုံးကြတဲ့အရာပါ။အရက်အမျိုးမျိုးရှိသလို၊ အရသာအမျိုးမျိုး၊ဈေးလဲအမျိုးမျိုးရှိကြပါတယ်။ မည်သို့ပင် ကွဲပြားနေပါစေ လူ့ခန္ဓာကိုယ်မှအရက်အပေါ်တုန့်ပြန်မှုကတော့ အတူတူပဲဖြစ်ပါတယ်။ ဒီနေ့တော့ သင်အရက်တစ်ခွက်သောက်လိုက်တိုင်းမှာခန္ဓာကိုယ်အပေါ်ဘယ်လိုသက်ရောက်သွားမလဲ၊ခန္ဓာကိုယ်ကရော အရက်ကိုဘယ်လိုမျိုးတုန့်ပြန်သွားမလဲဆိုတာလေး ပြောပြချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့သွေးကြောထဲမှာပျော်ဝင်နေတဲ့အရက်ပမာဏ(blood alcohol concentration – BAC )ရဲ့အကြောင်းအရင်ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ BAC level ပေါ်လိုက်ပြီး ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုဟာ ကွဲပြားသွားလို့ပဲဖြစ်ပါတယ်။ BAC(blood alcohol concentration) – သွေးကြောထဲမှာပျော်ဝင်နေတဲ့အရက်ပမာဏ သောက်သုံးလိုက်တဲ့အရက်အနည်းအများ၊လူတစ်ဦးတစ်ယောက်စီရဲ့မတူညီတဲ့ခန္ဓာကိုယ်တုန့်ပြန်မှုတွေအပေါ်မူတည်ပြီး BAC လဲအနည်းအများကွာသွားပါတယ်၊၊ သင်အရက်သောက်လိုက်တဲ့အခါ အစာအိမ်၊အူလမ်းကြောင်းမှစုပ်ယူသွားပြီး ၎င်းမှတစ်ဆင့်သွေးကြောထဲသို့ရောက်ရှိသွားကာ တစ်ကိုယ်လုံးသို့ပြန့်နှံ့သွားတာဖြစ်ပါတယ်။

သွေးကြောထဲသို့ ပျော်ဝင်ရောက်ရှိနေတဲ့အရက်ပမာဏအချိုးအစားကို BAC လို့သတ်မှတ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင် သွေး (၁၀၀စီစီ)ထဲမှာပျော်ဝင်နေတဲ့ အရက်ပမာဏ(ဂရမ်) ကိုဆိုလိုတာဖြစ်ပါတယ်။ အရက်တစ်ခွက်သောက်လိုက်တိုင်း ကိုယ်ထဲကဘယ်လိုတုန့်ပြန်မလဲ? BAC ပေါ်မူတည်ပြီး အောက်ပါအတိုင်း ကွဲပြားသွားပါတယ်။

၁။(0.01-0.05g/100ml)- လူဟာပုံမှန်ပဲဖြစ်နေပြီးတော့ ပြောင်းလဲမှုထူးထူးခြားခြားမရှိပါဘူး။

၂။(0.03-0.12g/100ml)- အနည်းငယ်နေလို့ထိုင်လို့ကောင်းလာပါပြီ။ စကားတွေသွက်လာ၊စိတ်တွေရွှင်လာ၊ခင်တတ်မင်တတ်လာ၊ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေတက်လာ၊စိတ်ညစ်စရာတွေမေ့လာနိုင်ပါပြီ။

၃။(0.09-0.25g/100ml)- လူကအတော်မူးစပြုလာပါပြီ၊ ထိုင်းမှိုင်းလာပြီ၊သွက်သွက်လက်လက်မဖြစ်တော့ဘူး၊စကားတွေမှားလာမယ်၊တုန့်ပြန်မှုတွေလေးလာမယ်၊ဒယိမ်းဒယိုင်ဖြစ်မယ်၊မျက်လုံးတွေဝေဝါးလာ၊စိတ်တွေထွေလာ၊နာတာတွေကျင်တာတွေမသိတော့ပဲ အန်တာတွေဘာတွေဖြစ်လာပါပြီ၊၊

၄။(0.25-0.40g/100ml)- သတိတွေလွတ်လာ၊သတိလစ်တာတွေဖြစ်လာ၊အန်တာကပိုဆိုးလာ(အခန့်မသင့်ရင် အန်ဖတ်ဆို့ပြီး သေတတ်ပါတယ်)၊ဆီးတွေထွက်ကျ၊မှတ်ဉာဏ်တွေချို့ယွင်းလာ၊တစ်ခါတစ်လေအသက်ရှူရပ်တာတွေတောင်ဖြစ်တတ်ပါတယ်။

အရက္တစ္ခြက္ေသာက္လိုက္တိုင္း ကိုယ္ထဲကဘယ္လိုတုန္႔ျပန္မလဲ

အရက္ဟာ လူႀကီးလူငယ္မေရြး၊ဆင္းရဲခ်မ္းသာမေရြး ႏွစ္ၿခိဳက္စြာေသာက္သုံးၾကတဲ့အရာပါ။အရက္အမ်ိဳးမ်ိဳးရွိသလို၊ အရသာအမ်ိဳးမ်ိဳး၊ေစ်းလဲအမ်ိဳးမ်ိဳးရွိၾကပါတယ္။ မည္သို့ပင္ ကြဲျပားေနပါေစ လူ႔ခႏၶာကိုယ္မွအရက္အေပၚတုန္႔ျပန္မွုကေတာ့ အတူတူပဲျဖစ္ပါတယ္။ ဒီေန႔ေတာ့ သင္အရက္တစ္ခြက္ေသာက္လိုက္တိုင္းမွာခႏၶာကိုယ္အေပၚဘယ္လိုသက္ေရာက္သြားမလဲ၊ခႏၶာကိုယ္ကေရာ အရက္ကိုဘယ္လိုမ်ိဳးတုန္႔ျပန္သြားမလဲဆိုတာေလး ေျပာျပခ်င္ပါတယ္။

ပထမဦးဆုံးအေနနဲ႔ေသြးေၾကာထဲမွာေပ်ာ္ဝင္ေနတဲ့အရက္ပမာဏ(blood alcohol concentration – BAC )ရဲ့အေၾကာင္းအရင္ေျပာပါမယ္။ ဘာျဖစ္လို့လဲဆိုေတာ့ BAC level ေပၚလိုက္ၿပီး ခႏၶာကိုယ္ရဲ့တုန္႔ျပန္မွုဟာ ကြဲျပားသြားလို့ပဲျဖစ္ပါတယ္။ BAC(blood alcohol concentration) – ေသြးေၾကာထဲမွာေပ်ာ္ဝင္ေနတဲ့အရက္ပမာဏ ေသာက္သုံးလိုက္တဲ့အရက္အနည္းအမ်ား၊လူတစ္ဦးတစ္ေယာက္စီရဲ့မတူညီတဲ့ခႏၶာကိုယ္တုန္႔ျပန္မွုေတြအေပၚမူတည္ၿပီး BAC လဲအနည္းအမ်ားကြာသြားပါတယ္၊၊ သင္အရက္ေသာက္လိုက္တဲ့အခါ အစာအိမ္၊အူလမ္းေၾကာင္းမွစုပ္ယူသြားၿပီး ၎မွတစ္ဆင့္ေသြးေၾကာထဲသို့ေရာက္ရွိသြားကာ တစ္ကိုယ္လုံးသို့ျပန္႔ႏွံ့သြားတာျဖစ္ပါတယ္။

ေသြးေၾကာထဲသို့ ေပ်ာ္ဝင္ေရာက္ရွိေနတဲ့အရက္ပမာဏအခ်ိဳးအစားကို BAC လို့သတ္မွတ္ပါတယ္။ နားလည္လြယ္ေအာင္ေျပာရရင္ ေသြး (၁၀၀စီစီ)ထဲမွာေပ်ာ္ဝင္ေနတဲ့ အရက္ပမာဏ(ဂရမ္) ကိုဆိုလိုတာျဖစ္ပါတယ္။ အရက္တစ္ခြက္ေသာက္လိုက္တိုင္း ကိုယ္ထဲကဘယ္လိုတုန္႔ျပန္မလဲ? BAC ေပၚမူတည္ၿပီး ေအာက္ပါအတိုင္း ကြဲျပားသြားပါတယ္။

၁။(0.01-0.05g/100ml)- လူဟာပုံမွန္ပဲျဖစ္ေနၿပီးေတာ့ ေျပာင္းလဲမွုထူးထူးျခားျခားမရွိပါဘူး။

၂။(0.03-0.12g/100ml)- အနည္းငယ္ေနလို့ထိုင္လို့ေကာင္းလာပါၿပီ။ စကားေတြသြက္လာ၊စိတ္ေတြရႊင္လာ၊ခင္တတ္မင္တတ္လာ၊ကိုယ့္ကိုယ္ကိုယုံၾကည္မွုေတြတက္လာ၊စိတ္ညစ္စရာေတြေမ့လာနိုင္ပါၿပီ။

၃။(0.09-0.25g/100ml)- လူကအေတာ္မူးစျပဳလာပါၿပီ၊ ထိုင္းမွိုင္းလာၿပီ၊သြက္သြက္လက္လက္မျဖစ္ေတာ့ဘူး၊စကားေတြမွားလာမယ္၊တုန္႔ျပန္မွုေတြေလးလာမယ္၊ဒယိမ္းဒယိုင္ျဖစ္မယ္၊မ်က္လုံးေတြေဝဝါးလာ၊စိတ္ေတြေထြလာ၊နာတာေတြက်င္တာေတြမသိေတာ့ပဲ အန္တာေတြဘာေတြျဖစ္လာပါၿပီ၊၊

၄။(0.25-0.40g/100ml)- သတိေတြလြတ္လာ၊သတိလစ္တာေတြျဖစ္လာ၊အန္တာကပိုဆိုးလာ(အခန္႔မသင့္ရင္ အန္ဖတ္ဆို့ၿပီး ေသတတ္ပါတယ္)၊ဆီးေတြထြက္က်၊မွတ္ဉာဏ္ေတြခ်ိဳ့ယြင္းလာ၊တစ္ခါတစ္ေလအသက္ရွူရပ္တာေတြေတာင္ျဖစ္တတ္ပါတယ္။

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…