အမြန်ကိတ်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ…

ခေတ်ကြီးကလည်း ခုတစ်မျိုး တော်ကြာ တစ်မျိုးနဲ့…

“ဝမှ လှတဲ့ ခေတ်” လည်း ရှိခဲ့သလို…. “ပိန်မှ သွယ်မှ ချစ်တဲ့ ခေတ် “လည်း ရှိလေတော့ မောင်တို့ မယ်တို့ခမျာ … ဗျာများရပြီပေါ့… ခုတော့… ဒီလို အစွန်းနှစ်ဖက်ကြား အဆင်ပြေတာလေး ပေါ်လာပါပြီ…” ကိတ်မှ ကြွေတဲ့ ခေတ်”တဲ့… ဆိုတော့ကာ.. ခန္ဓာကိုယ် အနည်းငယ် ပိန်နေတဲ့ သူတွေ အဖို့ .. အလျင်အမြန် weight တက်အောင် ကိတ်အောင်.. ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားသုံးသင့်တဲ့ အစားအစာများကို ဖော်ပြပေးချင်ပါတယ်…

– နွားနို့ (milk )

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်၊ကစီဓာတ်၊အဆီဓာတ်တွေလဲ ပါသလို အရိုး အဆစ်တွေ သန်မှာစေဖို့ ကယ်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်…ဒါပြင် ဗီတာမင်နဲ့ သံဓာတ်တွေလည်း ပါဝင်တာမို့ အမှန်တကယ်အထောက်အကူ ပြုပါတယ်… “တနေ့လျှင် ဖန်ခွက် တစ်ခွက်(သို့) နှစ်ခွက် သောက်သုံးပါ”

– Red Meats(အမဲသား၊သိုးသား)

တခြားသော အသားများနဲ့မတူပဲ အမဲသားလို မချက်မီ နီမြန်းသော အရောင်ရှိတဲ့ အသားမှာဆိုရင် leucine ဓာတ်ပိုများပါတယ်.. leucine ဟာ အသားဓာတ်ထုတ်လုပ်မှုကို ပိုမိုအားပေးနိုင်ပြီး weight အလျင်အမြန်တက်စေပါတယ်…ကယ်လီရီ ပိုကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှုအတွက် အသုံးဝင်ပါတယ်..

– ဥ (whole egg)

အပေါ်ယံ အကာတွင်သာမကပဲ ဥရဲ့ အနှစ်ကိုပါ စားသုံးသင့်ပါတယ်(တချို့သော လူတွေမှာ အနှစ်ကို မကြိုက်သလို တချို့က အကာကို မကြိုက်ဖူး ဖြစ်တတ်လို့ပါ)…. ဒါပြင် အနှစ်ထဲမှာ လိုအပ်သော အဟာရများ ပိုလို့တောင် ပါဝင်ပါတယ်…တနေ့ကို သုံးလုံးလောက် စားသုံးသင့်ပါတယ်… တချို့သော အားကစားသမားတွေမှာဆိုရင် တနေ့ ခြောက်လုံးနဲ့ အထက်တောင် စားသုံးကြပါတယ်…

– ဒိန်ခဲ၊ထောပတ် (cheese)

ကယ်လိုရီနဲ့ အဆီဓာတ်ပိုပါဝင်ပါတယ်… များများသုံးရင်လဲ အသားဓာတ်ကို ပိုတိုးစေပါတယ်.. ဒ့ါပြင် ဒိန်ခဲကို ပေါင်မုန့်၊ တခါတရံ ဟင်းချက်အမယ်အဖြစ်ပါ အသုံးပြုကြတာမို့ .. weight အလျင်အမြန်တက်စေသော အစားအစာကောင်း တစ်ခု ဖြစ်ပါတယ်…

– ဒိန်ချဉ် (full fat yogurt)

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီ၊အသား၊ကစီဓာတ်တွေ မျှတစွာ ပါဝင်ပါတယ်..အသီးမျိုးစုံနဲ့ရောစပ်စားနိုင်ပါတယ်.. ပူတင်းထဲလဲ ထည့်စားနိုင်သလို ဖျော်ရည်အစရှိတာတွေနဲ့လဲ အလျင်းသင့်သလို စားသုံးနိုင်ပါတယ်..

– ပေါင်မုန့်ကြမ်း (wholegrain bread)

အသား၊ ဥ အစရှိတာတွေကဲ့သို့ လိုအပ်တဲ့ ကယ်လိုရီနဲ့ အသားဓာတ်တွေ များစွာပါဝင်ပါတယ်…

-ထောပတ်သီး(avocado)

တခြားသော အသီးများနဲ့မတူပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ များစွာပါရှိလို့ပါ(အဆီဓာတ်မှာလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ရှိသလို မသင့်လျော်သော အဆီဓာတ်ဆိုပြီး ရှိပါတယ်).. ဒါပြင် vitamin နဲ့. mineral တွေလဲ ကြွယ်ဝတာမို့ ထောပတ်သီးကို ဖျော်ရည် (သို့) ပေါင်မုန့်ထဲ ညှပ်စားတာမျိုး စားသုံးနိုင်ပါတယ်…

သစ်သီးခြောက်( dried fruits)

အမျိုးမျိုးသော သစ်သီးခြောက်များကို စားသုံးနိုင်ပါတယ်.. အဟာရဓာတ်များနဲ့ vitamin ၊ antioxidant တွေ များစွာပါဝင်ပါတယ်… ဒီတိုင်း စားသုံးနိုင်သလို ဒိန်ချဉ်အစရှိတဲ့ထဲ ထည့်၍ အလျင်းသင့်သလိုစားသုံးနိုင်ပါတယ်…

ယခုခေတ်တွင် protein ဓာတ်ကို ပိုမို အားကောင်းစေသော ဆေးများ ပေါ်ထွက်လာသလို… work out များ လုပ်ပြီး ခန္ဓာကိုယ် တည်ဆောက်ခြင်း ၊ gym သွားခြင်း၊ weight gain diet plan များ လည်း ပြုလုပ်နိုင်ပါသည်.. မိမိနဲ့ လိုက်ဖက်သော နည်းလမ်းများကို ရွေးချယ်ပြီး အမြန်ကိတ်အောင် လုပ်နိုင်ပြီမို့… ပိန်သူတို့ အားမငယ်ရဖို့ အတွက် ဒီစာလေး ရေးလိုက်ရပါသည်..

ပိုင်နီမောင်




– နွားနို့ (milk )




– ဥ (whole egg)


– ဒိန်ခဲ၊ထောပတ် (cheese)






-ထောပတ်သီး(avocado)





ပိုင်နီမောင်

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…

Leave a Reply

Your email address will not be published. Required fields are marked *