All Articlesအခြားရောဂါများအထွေထွေရောဂါများ

အသည်းအကျိုးပြု အစားအစာများ

1 Mins read

အသည်းအကျိုးပြု အစားအစာများ

ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့တွေရဲ့အသည်းကို အကျိုးပြုစေတဲ့ အစားအသောက်တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ အသည်းကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအသောက်တွေအနေနဲ့ အောက်မှာဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်…

၁။ကော်ဖီ။

ကော်ဖီဟာ အသည်းမှာအဆီစုပုံမှုကိုလျော့ချပေးတာကြောင့် အသည်းအဆီဖုံးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီဟာအသည်းရဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)တွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အသည်းကိုအလုပ်ဝန်ပိခြင်းမှသက်သာစေပါတယ်။ နောက်တစ်ချက်ကတော့ ကော်ဖီဟာအသည်းအင်ဇိုင်းတွေရဲ့ ကင်ဆာဖြစ်စေတဲ့အဆိပ်အတောက်တွေကိုခန္ဓာကိုယ်မှဖယ်ရှားတဲ့အလုပ်မှာလဲအားပေးကူညီပါတယ်။ (ဒီနေရာမှာ ကော်ဖီဆိုတာ ကော်ဖီစစ်စစ်ကိုသာ ဆိုလိုပါတယ်)

၂။Oatmeal။

Oatmeal မှာပါတဲ့ အမျှင်ဓါတ်ဟာအစာချေဖျက်မှုကိုအားပေးရုံမက အသည်းကျန်းမာရေးကိုပါအထောက်အကူပြုပါတယ်။ ဒါ့အပြင် ၎င်းမှာပါတဲ့ beta-glucans ဟာရောင်ယမ်းမှုဖြစ်စဉ်ကိုလျော့နည်းစေခြင်း၊အဝလွန်ခြင်းနှင့်ဆီးချိုရောဂါကိုထိန်းညှိပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

၃။Green tea။

လက်ဖက်စိမ်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီများကိုကျစေပြီး အသည်းအဆီဖုံးခြင်းကိုလဲလျော့နည်းစေပါတယ်။ ဒါ့အပြင် oxidative stress ကိုလဲတိုက်ဖျက်ပေးနိုင်ပါတယ်။

၄။ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးပြီး အသည်းအဆီဖုံးခြင်းကိုပါ လျော့ကျစေပါတယ်။

၅။ဘယ်ရီသီးများ။

ဘယ်ရီသီးတွေဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)များ ပါဝင်တာကြောင့် အသည်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

၆။စပျစ်သီး။

စပျစ်သီး၊စပျစ်သီးဖျော်ရည်၊စပျစ်သီးအစေ့တို့မှာ Antioxidants များပေါကြွယ်ဝစွာပါဝင်တာကြောင့် ၎င်းတို့ဟာ အသည်းကိုများစွာ အထောက်အကူပြုပါတယ်။

၇။ဂရိတ်ဖရုသီး။

ဂရိတ်ဖရုသီးမှာပါတဲ့ Naringin နဲ့ Naringenin ဆိုတဲ့ Antioxidants နှစ်မျိုးဟာ ရောင်ယမ်းမှုဖြစ်စဉ်တွေကနေ အသည်းကိုကာကွယ်ပေးပြီး အသည်းကျန်းမာရေးကိုလဲအကျိုးပြုပါတယ်။

၈။Omega-3

ငါးနဲ့ငါးကြီးဆီမှာပါတဲ့ Omega-3 fatty acids ဟာလူ့အကျိုးပြုအဆီဓါတ်တစ်မျိုးဖြစ်ပြီး ၎င်းတို့ဟာ ကိုလက်စထရောကိုကျစေရုံမက အသည်းအင်ဇိုင်းတွေရဲ့လုပ်ငန်းဆောင်တာကိုလဲ ကောင်းမွန်စေပါတယ်။ တစ်ပတ်ကိုငါး နှစ်ကောင်သုံးကောင်စားသုံးပေးဖြင့် ရောဂါအချို့ကို အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်။

၉။အစေ့အဆန်များ။

အစေ့အဆန်တွေဟာ Unsaturated fatty acid၊ဗီတာမင်အီးနဲ့ အင်တီအောက်ဆီးဒန့်တွေပါဝင်တာကြောင့် အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
သစ်ကြားသီး၊မက်မွန်သီးတို့ကိုနေ့စဉ် စားသုံးပေးပါက ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ သို့သော်၎င်းတို့ဟာ ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တာကြောင့် တန်ဆေးလွန်ဘေးဆိုတာကို သတိပြုပြီး အလွန်အကျွံမစားမိကြဖို့ လိုပါတယ်။

၁၀။သံလွင်ဆီ။

သံလွင်ဆီမှာပါဝင်တဲ့ Unsaturated fatty acid ဟာ Antioxidants ဖြစ်လို့အသည်းကိုဓါတ်တိုးခြင်းဖြစ်စဉ်တွေမှကာကွယ်ပေးရုံမျှမက အသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

၁၁။အသီးအရွက်များ။

ထောပတ်၊သံပုရာ၊သဘောၤ၊ပန်းဂေါ်ဖီ၊ငှက်ပျော၊ဆန်လုံးညိုစသည်တို့ဟာ အသည်းကျန်းမာရေးကိုအထောက်အကူပြုတဲ့ အသီးအနှံတွေပဲဖြစ်ကြပါတယ်၊၊

ကဲ အထက်ဖော်ပြပါအစားအသောက်လေးတွေကို မိမိနဲ့သင့်လျော်သလိုစားသုံးပေးခြင်းဖြင့် ကျန်းမာသောအသည်းတစ်စုံကို ပိုင်ဆိုင်လိုက်ကြပါစို့။

dr.ye’lwin mm

အသည္းအက်ဳိးျပဳ အစားအစာမ်ား

ဒီတစ္ေခါက္မွာေတာ့ ကၽြန္ေတာ္တို႕ေတြရဲ႕အသည္းကို အက်ဳိးျပဳေစတဲ့ အစားအေသာက္ေတြအေၾကာင္းေျပာျပေပးမွာျဖစ္ပါတယ္။ အသည္းက်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အစားအေသာက္ေတြအေနနဲ႕ ေအာက္မွာေဖာ္ျပထားတဲ့အတိုင္းပဲ ျဖစ္ပါတယ္…

၁။ေကာ္ဖီ။

ေကာ္ဖီဟာ အသည္းမွာအဆီစုပံုမွဳကိုေလ်ာ့ခ်ေပးတာေၾကာင့္ အသည္းအဆီဖံုးျခင္းကိုကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေကာ္ဖီဟာအသည္းရဲ႕ ဓါတ္တိုးဆန္႕က်င္ပစၥည္း(Antioxidants)ေတြကို လွဳံ႕ေဆာ္ေပးႏိုင္တာေၾကာင့္ အသည္းကိုအလုပ္ဝန္ပိျခင္းမွသက္သာေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ေကာ္ဖီဟာအသည္းအင္ဇိုင္းေတြရဲ႕ ကင္ဆာျဖစ္ေစတဲ့အဆိပ္အေတာက္ေတြကိုခႏၶာကိုယ္မွဖယ္ရွားတဲ့အလုပ္မွာလဲအားေပးကူညီပါတယ္။ (ဒီေနရာမွာ ေကာ္ဖီဆိုတာ ေကာ္ဖီစစ္စစ္ကိုသာ ဆိုလိုပါတယ္)

၂။Oatmeal။

Oatmeal မွာပါတဲ့ အမွ်င္ဓါတ္ဟာအစာေခ်ဖ်က္မွဳကိုအားေပးရံုမက အသည္းက်န္းမာေရးကိုပါအေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ ၎မွာပါတဲ့ beta-glucans ဟာေရာင္ယမ္းမႈျဖစ္စဥ္ကိုေလ်ာ့နည္းေစျခင္း၊အဝလြန္ျခင္းႏွင့္ဆီးခ်ဳိေရာဂါကိုထိန္းညွိေပးႏိုင္ျခင္းစတဲ့ အက်ဳိးေက်းဇူးေတြရွိပါတယ္။

၃။Green tea။

လက္ဖက္စိမ္းဟာ ခႏၶာကိုယ္တစ္ခုလံုးရွိ အဆီမ်ားကိုက်ေစၿပီး အသည္းအဆီဖံုးျခင္းကိုလဲေလ်ာ့နည္းေစပါတယ္။ ဒါ့အျပင္ oxidative stress ကိုလဲတိုက္ဖ်က္ေပးႏိုင္ပါတယ္။

၄။ၾကက္သြန္ျဖဴဟာ ခႏၶာကိုယ္အေလးခ်ိန္ကိုထိန္းသိမ္းေပးၿပီး အသည္းအဆီဖံုးျခင္းကိုပါ ေလ်ာ့က်ေစပါတယ္။

၅။ဘယ္ရီသီးမ်ား။

ဘယ္ရီသီးေတြဟာ ဓါတ္တိုးဆန္႕က်င္ပစၥည္း(Antioxidants)မ်ား ပါဝင္တာေၾကာင့္ အသည္းက်န္းမာေရးကို အထူးေကာင္းမြန္ေစပါတယ္။

၆။စပ်စ္သီး။

စပ်စ္သီး၊စပ်စ္သီးေဖ်ာ္ရည္၊စပ်စ္သီးအေစ့တို႕မွာ Antioxidants မ်ားေပါႂကြယ္ဝစြာပါဝင္တာေၾကာင့္ ၎တို႕ဟာ အသည္းကိုမ်ားစြာ အေထာက္အကူျပဳပါတယ္။

၇။ဂရိတ္ဖ႐ုသီး။

ဂရိတ္ဖ႐ုသီးမွာပါတဲ့ Naringin နဲ႕ Naringenin ဆိုတဲ့ Antioxidants ႏွစ္မ်ဳိးဟာ ေရာင္ယမ္းမွဳျဖစ္စဥ္ေတြကေန အသည္းကိုကာကြယ္ေပးၿပီး အသည္းက်န္းမာေရးကိုလဲအက်ဳိးျပဳပါတယ္။

၈။Omega-3

ငါးနဲ႕ငါးႀကီးဆီမွာပါတဲ့ Omega-3 fatty acids ဟာလူ႕အက်ဳိးျပဳအဆီဓါတ္တစ္မ်ဳိးျဖစ္ၿပီး ၎တို႕ဟာ ကိုလက္စထေရာကိုက်ေစရံုမက အသည္းအင္ဇိုင္းေတြရဲ႕လုပ္ငန္းေဆာင္တာကိုလဲ ေကာင္းမြန္ေစပါတယ္။ တစ္ပတ္ကိုငါး ႏွစ္ေကာင္သံုးေကာင္စားသံုးေပးျဖင့္ ေရာဂါအခ်ဳိ႕ကို အထိုက္အေလ်ာက္ကာကြယ္ႏိုင္ပါတယ္။

၉။အေစ့အဆန္မ်ား။

အေစ့အဆန္ေတြဟာ Unsaturated fatty acid၊ဗီတာမင္အီးနဲ႕ အင္တီေအာက္ဆီးဒန္႕ေတြပါဝင္တာေၾကာင့္ အသည္းက်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။
သစ္ၾကားသီး၊မက္မြန္သီးတို႕ကိုေန႕စဥ္ စားသံုးေပးပါက က်န္းမာေရးကိုအေထာက္အကူျပဳပါတယ္။ သို႕ေသာ္၎တို႕ဟာ ကယ္လိုရီမ်ားတဲ့အစားအစာေတြျဖစ္တာေၾကာင့္ တန္ေဆးလြန္ေဘးဆိုတာကို သတိျပဳၿပီး အလြန္အကၽြံမစားမိၾကဖို႕ လိုပါတယ္။

၁၀။သံလြင္ဆီ။

သံလြင္ဆီမွာပါဝင္တဲ့ Unsaturated fatty acid ဟာ Antioxidants ျဖစ္လို႕အသည္းကိုဓါတ္တိုးျခင္းျဖစ္စဥ္ေတြမွကာကြယ္ေပးရံုမွ်မက အသည္းရဲ႕လုပ္ငန္းေဆာင္တာေတြကိုပါ တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။

၁၁။အသီးအရြက္မ်ား။

ေထာပတ္၊သံပုရာ၊သေဘာၤ၊ပန္းေဂၚဖီ၊ငွက္ေပ်ာ၊ဆန္လံုးညိဳစသည္တို႕ဟာ အသည္းက်န္းမာေရးကိုအေထာက္အကူျပဳတဲ့ အသီးအႏွံေတြပဲျဖစ္ၾကပါတယ္၊၊

ကဲ အထက္ေဖာ္ျပပါအစားအေသာက္ေလးေတြကို မိမိနဲ႕သင့္ေလ်ာ္သလိုစားသံုးေပးျခင္းျဖင့္ က်န္းမာေသာအသည္းတစ္စံုကို ပိုင္ဆိုင္လိုက္ၾကပါစို႕။

dr.ye’lwin mm

MyDoctor Telemedicine Application
Related posts
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid19 third wave and symptoms

1 Mins read
Covid19 တတိယလှိုင်းနဲ့ လက္ခဏာရပ်များ Covid19နဲ့တတိယလှိုင်းအန္တရာယ်ကတော့လက်ရှိမှာတကမ္ဘာလုံးကိုခြိမ်းခြောက်မှုရှိနေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ စတုတ္ထလှိုင်းဆီကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ Covid-19 တတိယလှိုင်းနဲ့အတူ ကိုရိုနာမျိုးကွဲသစ်ပေါ်ထွက်လာတဲ့အတွက် စိုးရိမ်ပူပန်မှုများလည်းမြင့်တက်လာခဲ့ပါတယ်။ ကာကွယ်ဆေးထိုးမှုတွေကိုအစဉ်တစိုက်နဲ့အရှိန်တိုးမြှင့်ဖို့ကြိုစားနေချိန်မှာ တတိယလှိုင်းနဲ့အတူ သဘာဝတိုင်းပြောင်းလဲသွားတဲ့ မျိုးကွဲသစ်ပေါ်လာတာဖြစ်ပါတယ် တတိယလှိုင်းဖြစ်ပေါ်လာတဲ့အခါ မတူညီတဲ့အခြေအနေတွေရှိလို့နေပါတယ် လူတွေရဲ့နေထိုင်သွားလာမှုပေါ့ဆတာတွေ သတိလက်လွတ်ဖြစ်တာတွေက ဒီပိုးကိုထပ်မံအနိုင်ရစေဖို့ရာအခွင့်အရေးပေးသလိုဖြစ်လို့နေပါတယ် အခုလိုမျိုးရိုးဗီဇကွဲအသစ်ကပိုမိုကူးစက်မြန်တာကြောင့်…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid19 and home care

1 Mins read
Covid19နှင့် အိမ်တွင်းစောင့်ရှောက်မှုများ COVID-19 ရှိသူနှင့်ထိတွေ့မိပြီး မိမိကိုယ်ကိုသံသယရှိတယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုလုပ်ဆောင်ပေးလို့ရပါတယ် ဘယ်နေ့ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်ရမလဲ ဆိုတာကိုသိရှိစေဖို့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ပေးရာနေရာများ (သို့မဟုတ)် COVID-19 hotline သို့ခေါ်ဆိုပေးပါ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ဖို့ရာအတွက်အဆက်အသွယ်ရှာဖွေတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ပါ။ Covid19 Test စစ်ဆေးလို့မရသေးပါက …
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Blood clotting problems with Covid19

1 Mins read
Covid19နှင့်သွေးခဲခြင်းပြသနာ Covid 19ရောဂါကိုယ်တိုင်သည် သွေးခဲခြင်းကို ၈ဆမှ ၁ဝဆထိ ဖြစ်နိုင်ချေရှိပါတယ် ဒါကြောင့်မို့ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ သွေးခဲခြင်းအန္တရာယ်နှင့် ချင့်ချိန်ပြီး ကာကွယ်ဆေးထိုးမထိုးကို ဆုံးဖြတ်ဖို့ရာ လိုအပ်ပါတယ် အထူးသဖြင့် ရောဂါအခံရှိသူတွေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနှုန်းမြင့်တာမို့ အထူးသတိပြုကြဖို့လည်းလိုပါတယ်။ ယခုcovidကာကွယ်ဆေးအမျိုးအစားတချို့မှာတော့ သွေးခဲခြင်း…

Leave a Reply

Your email address will not be published. Required fields are marked *