ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ
မနက်စာကတော့ ဟုတ်ပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်သောဆိုတာက ဘာလဲ။ ကျန်းမာရေးနဲ့ ညီညွတ်သောကို ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုမလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကတော့ ကျန်းမာတယ်ဆိုတာကို လှလှလေး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ရောဂါဘယတွေ ကင်းဝေးနေရုံသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့တကွ လူမှုဆက်ဆံရေးပါ အဆင်ပြေချောမွေ့ ကျန်းမာနေတာကို ကျန်းမာတယ်လို့ ခေါ်ပါတယ်တဲ့။
သူ့အတိုင်းဆိုရင် ရောဂါဘယကင်းဝေးစေတယ်၊ ရောဂါဘယတွေကို ကာကွယ်တယ်၊ ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေတယ်၊ စိတ်ကို ပျော်ရွှင်စေတယ်၊ ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စားသုံးနိုင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာပေါ့။ အဲ့ဒီ့ထဲမှာမှ အာဟာရဆရာဝန်တစ်ယောက်အနေနဲ့ အာဟာရနဲ့သက်ဆိုင်တာလေးတွေကို အလေးပေး ကောက်နှုတ်ပြောပြချင်ပါတယ်။
ရောဂါဘယတွေကို ကာကွယ်ပြီး ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ ဖြစ်ဖို့အတွက်ဆိုရင်…….
၁) သန့်ရှင်းလတ်ဆတ်ရပါမယ်
၂) အာဟာရ စုံလင်မျှတစွာ ပါဝင်ရပါမယ်
၃) ဆိုးဆေး၊ ဓါတုဆေးတွေနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာမျိုး မဟုတ်ဘဲ သဘာဝအစားအစာ ဖြစ်ရပါမယ်
ဒါကတော့ လူတိုင်းအတွက် လိုအပ်တဲ့ အချက်သုံးချက်ပေါ့နော်။ အဲ့ဒီ့မှာမှ ကိုယ်က ဝိတ်ချနေတဲ့သူ သို့မဟုတ် ဆီးချိုရောဂါရှိတဲ့သူ သို့မဟုတ် သွေးတိုးရောဂါရှိတဲ့သူ ဒါမှမဟုတ် အခြားရောဂါတစ်မျိုးမျိုး ရှိတဲ့သူဆိုရင်တော့ ဒီ့ထက်ပိုတဲ့ အချက်လေးတွေ ပါဝင်မှာပေါ့။
အခုကတော့ သာမန်လူတစ်ယောက်အတွက် ဘယ်လိုအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် ဘယ်လို ရွေးချယ် ပြုပြင်ပြီး စားသင့်တယ်ဆိုတာကို ဥပမာလေးတွေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ပြောပြချင်ပါတယ်။
ဥပမာ (၁) ထမင်းဆီဆမ်း(စားတော်ပဲပြုတ်) + ကြက်ဥကြော်
သိပ်ကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာပါ။ စားတော်ပဲနဲ့ ကြက်ဥကနေ အသားဓါတ်တွေ ကြွယ်ဝစွာ ရနိုင်ပါတယ်။ သုံးတဲ့ဆီကတော့ တိရစ္ဆာန်အဆီ၊ ပြန်ကြော်ဆီတွေ မဟုတ်ဘဲ မပြည့်ဝဆီတွေ ပိုမိုပါဝင်တဲ့ ပဲဆီစစ်စစ် ဖြစ်ပါစေ။ ဆီကို အများကြီး မဟုတ်ဘဲ သင့်တင့်မျှတရုံဆမ်းပါ။ ကြက်ဥကိုလည်း ဆီနည်းနည်း ဆားနည်းနည်းနဲ့ ကြော်ပါ။ ဆီးချိုဝေဒနာရှင်တွေကတော့ ထမင်းကို သင့်တော်တဲ့ ပမာဏပဲ စားပါ။
ဥပမာ (၂) ပေါင်မုန့်
ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်ကို ရွေးချယ်ပါ။ သွေးထဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်တွေပါလို့ သွေးတွင်းသကြားဓါတ်နဲ့ အဆီဓါတ်ကို ထိန်းညှိပေးပါတယ်။ ပေါင်မုန့်ချည်းပဲ စားမယ့်အစား အသားဓါတ်ရော ဗီတာမင်တွေပါ ရအောင် ကြက်ဥကြော်လေးနဲ့ဖြစ်ဖြစ်၊ တူနာငါးလေးနဲ့ဖြစ်ဖြစ် အသီးအရွက်လေးတွေ ထည့်ပြီး sandwich လုပ်စားပါ။ ကြက်အူချောင်းတွေ၊ ဝက်အူချောင်းတွေနဲ့ မစားပါနဲ့။
ဥပမာ (၃) ထမင်းကြမ်း
ဗမာဆန်သူများကတော့ မနက်စာကို ထမင်းကြမ်းပဲ ခုံခုံမင်မင် စားကြတယ်။ ဒါဆိုရင်တော့ ထမင်း၊ အသားနဲ့ အသီးအရွက်ကို မျှတစွာ ပါဝင်အောင် စားပါ။
ဥပမာ (၄) ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ
နှမ်းထောင်းတွေ အများကြီး စားရင်တော့ သွေးတိုးမယ်။ ဆီးချိုသမားတွေ ကောက်ညှင်းအများကြီး စားဖို့ မသင့်တော်ဘူး။ ဖြစ်နိုင်ရင် အကြော်က အိမ်မှာပဲ ဆီသန့်သန့်လေးနဲ့ ကြော်တာ ပိုကောင်းတယ်။ သွေးတိုးရှိရင်တော့ ငါးခြောက်ဖုတ်နဲ့ တွဲမစားသင့်ဘူး။ စားတော်ပဲပြုတ်လေးနဲ့ စားရင်တော့ အသင့်တော်ဆုံးပါပဲရှင်။
ဥပမာ (၅) ပလာတာ၊ အီကြာကွေး၊ စမူဆာ၊ နံပြား၊ တိုရှည် ဘာညာ သာရကာ
ဆိုင်မှာ စားရတာ ဖြစ်တဲ့အတွက် ဆီသန့်တဲ့ဆိုင် သန့်ရှင်းတဲ့ဆိုင်ကို ရွေးချယ်ပါ။ ဆီထဲစိမ်ပြီး ကြော်ရတာထက် ဆီနည်းနည်းနဲ့လုပ်ရတဲ့ နံပြား၊ တိုရှည်စတာတွေကို ဦးစားပေး ရွေးချယ်ပါ။ ဆီကြော်တွေ စားဖြစ်ရင် tissue လေးနဲ့ ပတ်ပြီး ဆီစုပ်လိုက်ပါ။
ဥပမာ (၆) ခေါက်ဆွဲပါဝင်သော အစားအစာများ
ခေါက်ဆွဲသုပ်၊ နန်းကြီးသုပ်၊ မြီးရှည် စတာတွေ စားဖြစ်တဲ့အခါ ဆိုင်ကို စမှာကတည်းက ဆီလျှော့ဖို့၊ အငန်လျှော့ဖို့၊ ပဲမှုန့်လျှော့ဖို့ (ပဲမှုန့်များရင်လည်း ဆီအများကြီး ဝင်သွားတတ်တယ်) ပြောပါ။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲဆိုရင်တော့ အကြော်နဲ့ စားမယ့်အစား ပိုပြီး အာဟာရရှိအောင် ဘဲဥ၊ ငါးဖယ်တို့နဲ့ စားပါ။
ဥပမာ (၇) ကော်ဖီနဲ့ လက်ဖက်ရည်
ပြည့်ဝဆီတွေ အသွင်ပြောင်းဆီတွေ ပါတဲ့အတွက် ဖြစ်နိုင်ရင် ကော်ဖီမစ် မသောက်စေချင်ပါဘူး၊ ကော်ဖီမိတ် မသုံးစေချင်ပါဘူး။ ကော်ဖီစစ်စစ်ကို အဆီထုတ်ထားတဲ့ နွားနို့နဲ့ သကြားလေး လိုအပ်သလို ထည့်ပြီး သောက်တာ အကောင်းဆုံးပါ။ လက်ဖက်ရည်ဆိုရင်လည်း နို့ဆီတွေ သကြားတွေ အများကြီးပါတဲ့ ချိုအီနေတာမျိုးကို မသောက်ဘဲ ခပ်ဖန်ဖန်၊ ခပ်စိမ့်စိမ့် သောက်ပါ။ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ နွားနို့စစ်စစ်လေးနဲ့ သကြားလေးနဲ့ ကိုယ်တိုင် ဖျော်သောက်တာ အကောင်းဆုံးပေါ့ရှင်။
နံနက်ခင်း စားစရာတွေ အများကြီးကို ရေးရရင် စာက အတော်ရှည်မှာမို့လို့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကိုယ်စားတတ်တဲ့ မနက်စာလေးတွေကို
ဘယ်လို ပိုကောင်းအောင် ပြုပြင်ပြီး စားသင့်တယ်ဆိုတာ သိချင်ရင် comment ကနေ မေးလို့ရပါတယ်။
ကျန်းမာသော၊ အာဟာရဖြစ်သော၊ ပျော်ရွှင်သော နံနက်စာစားချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetic (UK)
က်န္းမာေရးႏွင့္ ညီၫြတ္ေသာ မနက္စာ
မနက္စာကေတာ့ ဟုတ္ပါၿပီ။ က်န္းမာေရးနဲ႔ ညီၫြတ္ေသာဆိုတာက ဘာလဲ။ က်န္းမာေရးနဲ႔ ညီၫြတ္ေသာကို ဘယ္လို အဓိပၸါယ္ဖြင့္မလဲ။ ဘယ္လိုအခ်က္ေတြနဲ႔ ကိုက္ညီရင္ က်န္းမာေရးနဲ႔ ညီၫြတ္တယ္လို႔ ဆိုမလဲ။
ကမ႓ာ့က်န္းမာေရးအဖြဲ႕အစည္းႀကီးကေတာ့ က်န္းမာတယ္ဆိုတာကို လွလွေလး အဓိပၸါယ္ဖြင့္ဆိုထားပါတယ္။ ေရာဂါဘယေတြ ကင္းေဝးေနရံုသာမက ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔တကြ လူမႈဆက္ဆံေရးပါ အဆင္ေျပေခ်ာေမြ႕ က်န္းမာေနတာကို က်န္းမာတယ္လို႔ ေခၚပါတယ္တဲ့။
သူ႔အတိုင္းဆိုရင္ ေရာဂါဘယကင္းေဝးေစတယ္၊ ေရာဂါဘယေတြကို ကာကြယ္တယ္၊ ခႏၶာကိုယ္ကို ခြန္အားျဖစ္ေစတယ္၊ စိတ္ကို ေပ်ာ္ရႊင္ေစတယ္၊ ခ်စ္ရတဲ့သူေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားသံုးႏိုင္တယ္ဆိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မနက္စာေပါ့။ အဲ့ဒီ့ထဲမွာမွ အာဟာရဆရာဝန္တစ္ေယာက္အေနနဲ႔ အာဟာရနဲ႔သက္ဆိုင္တာေလးေတြကို အေလးေပး ေကာက္နႈတ္ေျပာျပခ်င္ပါတယ္။
ေရာဂါဘယေတြကို ကာကြယ္ၿပီး ခႏၶာကိုယ္ကို ခြန္အားျဖစ္ေစတဲ့ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မနက္စာ ျဖစ္ဖို႔အတြက္ဆိုရင္…….
၁) သန္႔ရွင္းလတ္ဆတ္ရပါမယ္
၂) အာဟာရ စံုလင္မွ်တစြာ ပါဝင္ရပါမယ္
၃) ဆိုးေဆး၊ ဓါတုေဆးေတြနဲ႔ တာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ အစားအစာမ်ိဳး မဟုတ္ဘဲ သဘာဝအစားအစာ ျဖစ္ရပါမယ္
ဒါကေတာ့ လူတိုင္းအတြက္ လိုအပ္တဲ့ အခ်က္သံုးခ်က္ေပါ့ေနာ္။ အဲ့ဒီ့မွာမွ ကိုယ္က ဝိတ္ခ်ေနတဲ့သူ သို႔မဟုတ္ ဆီးခ်ိဳေရာဂါရွိတဲ့သူ သို႔မဟုတ္ ေသြးတိုးေရာဂါရွိတဲ့သူ ဒါမွမဟုတ္ အျခားေရာဂါတစ္မ်ိဳးမ်ိဳး ရွိတဲ့သူဆိုရင္ေတာ့ ဒီ့ထက္ပိုတဲ့ အခ်က္ေလးေတြ ပါဝင္မွာေပါ့။
အခုကေတာ့ သာမန္လူတစ္ေယာက္အတြက္ ဘယ္လိုအစားအစာေတြက က်န္းမာေရးနဲ႔ ညီၫြတ္တယ္၊ ဒါမွမဟုတ္ က်န္းမာေရးနဲ႔ ပိုညီၫြတ္ေအာင္ ဘယ္လို ေရြးခ်ယ္ ျပဳျပင္ၿပီး စားသင့္တယ္ဆိုတာကို ဥပမာေလးေတြနဲ႔ ခြဲျခမ္းစိတ္ျဖာၿပီး ေျပာျပခ်င္ပါတယ္။
ဥပမာ (၁) ထမင္းဆီဆမ္း(စားေတာ္ပဲျပဳတ္) + ၾကက္ဥေၾကာ္
သိပ္ကို အရသာရွိၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မနက္စာပါ။ စားေတာ္ပဲနဲ႔ ၾကက္ဥကေန အသားဓါတ္ေတြ ႂကြယ္ဝစြာ ရႏိုင္ပါတယ္။ သံုးတဲ့ဆီကေတာ့ တိရစၧာန္အဆီ၊ ျပန္ေၾကာ္ဆီေတြ မဟုတ္ဘဲ မျပည့္ဝဆီေတြ ပိုမိုပါဝင္တဲ့ ပဲဆီစစ္စစ္ ျဖစ္ပါေစ။ ဆီကို အမ်ားႀကီး မဟုတ္ဘဲ သင့္တင့္မွ်တရံုဆမ္းပါ။ ၾကက္ဥကိုလည္း ဆီနည္းနည္း ဆားနည္းနည္းနဲ႔ ေၾကာ္ပါ။ ဆီးခ်ိဳေဝဒနာရွင္ေတြကေတာ့ ထမင္းကို သင့္ေတာ္တဲ့ ပမာဏပဲ စားပါ။
ဥပမာ (၂) ေပါင္မုန္႔
ေပါင္မုန္႔အျဖဴအစား ဂ်ံဳၾကမ္းေပါင္မုန္႔ကို ေရြးခ်ယ္ပါ။ ေသြးထဲမွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ေတြပါလို႔ ေသြးတြင္းသၾကားဓါတ္နဲ႔ အဆီဓါတ္ကို ထိန္းညွိေပးပါတယ္။ ေပါင္မုန္႔ခ်ည္းပဲ စားမယ့္အစား အသားဓါတ္ေရာ ဗီတာမင္ေတြပါ ရေအာင္ ၾကက္ဥေၾကာ္ေလးနဲ႔ျဖစ္ျဖစ္၊ တူနာငါးေလးနဲ႔ျဖစ္ျဖစ္ အသီးအရြက္ေလးေတြ ထည့္ၿပီး sandwich လုပ္စားပါ။ ၾကက္အူေခ်ာင္းေတြ၊ ဝက္အူေခ်ာင္းေတြနဲ႔ မစားပါနဲ႔။
ဥပမာ (၃) ထမင္းၾကမ္း
ဗမာဆန္သူမ်ားကေတာ့ မနက္စာကို ထမင္းၾကမ္းပဲ ခံုခံုမင္မင္ စားၾကတယ္။ ဒါဆိုရင္ေတာ့ ထမင္း၊ အသားနဲ႔ အသီးအရြက္ကို မွ်တစြာ ပါဝင္ေအာင္ စားပါ။
ဥပမာ (၄) ေကာက္ညႇင္းေပါင္းနဲ႔ အေၾကာ္စံု
ႏွမ္းေထာင္းေတြ အမ်ားႀကီး စားရင္ေတာ့ ေသြးတိုးမယ္။ ဆီးခ်ိဳသမားေတြ ေကာက္ညႇင္းအမ်ားႀကီး စားဖို႔ မသင့္ေတာ္ဘူး။ ျဖစ္ႏိုင္ရင္ အေၾကာ္က အိမ္မွာပဲ ဆီသန္႔သန္႔ေလးနဲ႔ ေၾကာ္တာ ပိုေကာင္းတယ္။ ေသြးတိုးရွိရင္ေတာ့ ငါးေျခာက္ဖုတ္နဲ႔ တြဲမစားသင့္ဘူး။ စားေတာ္ပဲျပဳတ္ေလးနဲ႔ စားရင္ေတာ့ အသင့္ေတာ္ဆံုးပါပဲရွင္။
ဥပမာ (၅) ပလာတာ၊ အီၾကာေကြး၊ စမူဆာ၊ နံျပား၊ တိုရွည္ ဘာညာ သာရကာ
ဆိုင္မွာ စားရတာ ျဖစ္တဲ့အတြက္ ဆီသန္႔တဲ့ဆိုင္ သန္႔ရွင္းတဲ့ဆိုင္ကို ေရြးခ်ယ္ပါ။ ဆီထဲစိမ္ၿပီး ေၾကာ္ရတာထက္ ဆီနည္းနည္းနဲ႔လုပ္ရတဲ့ နံျပား၊ တိုရွည္စတာေတြကို ဦးစားေပး ေရြးခ်ယ္ပါ။ ဆီေၾကာ္ေတြ စားျဖစ္ရင္ tissue ေလးနဲ႔ ပတ္ၿပီး ဆီစုပ္လိုက္ပါ။
ဥပမာ (၆) ေခါက္ဆြဲပါဝင္ေသာ အစားအစာမ်ား
ေခါက္ဆြဲသုပ္၊ နန္းႀကီးသုပ္၊ ၿမီးရွည္ စတာေတြ စားျဖစ္တဲ့အခါ ဆိုင္ကို စမွာကတည္းက ဆီေလွ်ာ့ဖို႔၊ အငန္ေလွ်ာ့ဖို႔၊ ပဲမႈန္႔ေလွ်ာ့ဖို႔ (ပဲမႈန္႔မ်ားရင္လည္း ဆီအမ်ားႀကီး ဝင္သြားတတ္တယ္) ေျပာပါ။ မုန္႔ဟင္းခါး၊ အုန္းႏို႔ေခါက္ဆြဲဆိုရင္ေတာ့ အေၾကာ္နဲ႔ စားမယ့္အစား ပိုၿပီး အာဟာရရွိေအာင္ ဘဲဥ၊ ငါးဖယ္တို႔နဲ႔ စားပါ။
ဥပမာ (၇) ေကာ္ဖီနဲ႔ လက္ဖက္ရည္
ျပည့္ဝဆီေတြ အသြင္ေျပာင္းဆီေတြ ပါတဲ့အတြက္ ျဖစ္ႏိုင္ရင္ ေကာ္ဖီမစ္ မေသာက္ေစခ်င္ပါဘူး၊ ေကာ္ဖီမိတ္ မသံုးေစခ်င္ပါဘူး။ ေကာ္ဖီစစ္စစ္ကို အဆီထုတ္ထားတဲ့ ႏြားႏို႔နဲ႔ သၾကားေလး လိုအပ္သလို ထည့္ၿပီး ေသာက္တာ အေကာင္းဆံုးပါ။ လက္ဖက္ရည္ဆိုရင္လည္း ႏို႔ဆီေတြ သၾကားေတြ အမ်ားႀကီးပါတဲ့ ခ်ိဳအီေနတာမ်ိဳးကို မေသာက္ဘဲ ခပ္ဖန္ဖန္၊ ခပ္စိမ့္စိမ့္ ေသာက္ပါ။ ျဖစ္ႏိုင္ရင္ေတာ့ အိမ္မွာပဲ ႏြားႏို႔စစ္စစ္ေလးနဲ႔ သၾကားေလးနဲ႔ ကိုယ္တိုင္ ေဖ်ာ္ေသာက္တာ အေကာင္းဆံုးေပါ့ရွင္။
နံနက္ခင္း စားစရာေတြ အမ်ားႀကီးကို ေရးရရင္ စာက အေတာ္ရွည္မွာမို႔လို႔ ဒီေလာက္နဲ႔ပဲ ရပ္ပါရေစ။ ကိုယ္စားတတ္တဲ့ မနက္စာေလးေတြကို
ဘယ္လို ပိုေကာင္းေအာင္ ျပဳျပင္ၿပီး စားသင့္တယ္ဆိုတာ သိခ်င္ရင္ comment ကေန ေမးလို႔ရပါတယ္။
က်န္းမာေသာ၊ အာဟာရျဖစ္ေသာ၊ ေပ်ာ္ရႊင္ေသာ နံနက္စာစားခ်ိန္မ်ားကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။
Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetic (UK)