တစ်နှစ်အောက်မှာ တိုက်ကျွေးနိုင်ရာ ဆေးအစာ
သတ္တုဓာတ်၊ သက်စောင့်ဓာတ် တွေပါတဲ့ အားဆေးတွေဟာ ကလေးတိုင်းကို တိုက်ကျွေးစရာမလိုပါဘူး။ အထူးသဖြင့် မွေးပြီး တစ်နှစ်အတွင်း ကလေးတစ်ယောက်အတွက်တော့
-အမေကလည်း အာဟာရပြည့်ပြည့်ဝဝစားသုံးမယ်၊
-ကလေးကလည်း နို့ကောင်းကောင်းစို့နိုင်တယ်၊
-မွေးရာပါ ရောဂါ၊ ကူးစက်ရောဂါမရှိဘဲ ကျန်းမာတဲ့ ကလေးဖြစ်တယ် ဆိုရင်ပေါ့။ အဲဒီအရွယ်လေးတွေက အသက် ၆လအထိဟာ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပြီး ကျန် ၆လက ဖြည့်စွက်စကျွေးတဲ့အရွယ်တွေ ဆိုတော့ အစားအသောက်တွေက သူ့အတွက် သိပ်မလိုအပ်တဲ့အပြင် အချို့အစာတွေက ဘေးတောင်ဖြစ်တတ်တယ်လေ။
သို့ပေမယ့် ဆေးရုံမှာမွေးတဲ့ မွေးကင်းစကလေးတွေကို မွေးကင်းစ သွေးထွက်တဲ့ရောဂါ ကာကွယ်ဖို့ ဗီတာမင် ကေ ကိုတော့ ထိုးပေးနေကြပါပြီ။ ဒါ့အပြင် ဗီတာမင် ဒီကိုပါ အချို့နိုင်ငံကြီးတွေမှာ တိုက်ကျွေးနေသည်ကို တွေ့ရပါပြီ။ အချို့ လမစေ့၊ ပေါင်မပြည့် ကလေးတွေ နဲ့ အချို့ ပြဿနာရှိတဲ့ကလေးတွေမှာ လိုအပ်သလို တိုက်ကျွေးရတာမျိုးလဲ ရှိပါတယ်။
🙂 ကဲ ဒါဆို ကလေးတစ်ယောက် ဘာလို သတ္တုဓာတ်တွေ သက်စောင့်ဓာတ်( ဗီတာမင်)တွေ လိုလဲ ကြည့်ကြရအောင်။
–ကလေးတစ်ယောက်က ဗီတာမင် အေ၊ ဘီ ဝမ်း၊ ဘီ တူး၊ ဘီ စစ်၊ ဘီ တွဲ၊ ဗီတာမင် စီ၊ ဒီ နှင့် ကယ်လ်ဆီယမ်၊ ဗီတာမင် အီး၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ကေ၊ ဖလိုရွိုက်၊ သံဓာတ်၊ နိုင်ရာဆင်(niacin)၊ ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ် စတဲ့ အားဖြည့်ဓာတ်တွေ ကြီးထွားဖွင့်ဖြိုးမှုအတွက် လိုအပ်နေပါတယ်။
:-)အဲဒီဓာတ်တွေ ဘယ်ကရနေသလဲ။
**အာဟာရဓာတ်တော်တော်များများဟာ အမေနို့ဆီမှာ အပြည့်အဝပါပြီးဖြစ်တဲ့အတွက် အဓိက အမေကိုသာ ဆိုင်ရာအာဟာရဓာတ်တွေများများ စားစေသင့်ပါတယ်။ ဗီတာမင် ဘီတွေ၊ အေ၊ စီတွေ ပါတဲ့အစားအစာ၊ အားဆေးတွေကို အမေကို အားဖြည့်စားစေတာက ပိုကောင်းပါတယ်။ ကယ်ဆီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်တွေဟာ အသက် ၆လအထိ အတွက်တော့ မိခင်နို့နဲ့ လုံလောက်ပေမယ့် ၆လနောက်ပိုင်းမှာတော့ ဖြည့်စွက်စာကနေပါရမှ လုံလောက်တော့တာမို့ ကလေး အသက် ၆လပြည့်တာနဲ့ ဖြည့်စွက်စာကျွေးနိုင်အောင်ကြိုးစားပါ။
**ကလေးတွေမှာ နေရောင်ထိတွေ့လေ့မရှိတာကြောင့် ဗီတာမင် ဒီ ချို့တဲ့တာတွေဖြစ်တတ်လို့ ဗီတာမင် ဒီ အားဆေးတိုက်ကျွေးသင့်တယ်လို့ ဖော်ပြထားတာရှိပါတယ်။ တစ်နေ့ကို ဗီတာမင် ဒီ ၄၀၀ IU တိုက်ကျွေးရတတ်ပါတယ်။ သို့သော် မိမိသဘောဖြင့် မတိုက်ဘဲ ဆရာဝန်နှင့် ဆွေးနွေးတိုက်ကျွေးတာ ပိုသင့်လျော်ပါတယ်။
**နောက်တစ်ခုကတော့ ဗီတာမင် ကေပါ။ သူကတော့ သွေးခဲစေတတ်အင်အားကောင်းစေပြီး မွေးကင်းစကလေး သွေးထွက်တတ်တဲ့ရောဂါကို ကာကွယ်စေပါတယ်။ ကလေးဟာ မွေးစအချိန်မှာ ကိုယ်တွင်း ဗီတာမင် ကေ နည်းနေတတ်ပါတယ်။ ဒါကြောင့် မွေးမွေးပြီးချင်းမှ ၆နာရီအတွင်း ဝ.၅-၁မီလီဂရမ် ထိုးပေးရပါမယ်။ သောက်ဆေးကိုတော့ ပေးလေ့မရှိပါဘူး။ ကလေးတစ်ဦးစီရဲ့ စုပ်ယူမှုအား မတူတာကြောင့် လိုအပ်သလောက် မရမှာစိုးတဲ့အတွက် အသားထိုးဆေးသာ သုံးကြပါတယ်။
**ဒါအပြင် အမေက သတ်သတ်လွတ်သာ စားသူဖြစ်မယ်ဆိုရင် ဗီတာမင် ဘီတွဲ၊ သံဓာတ်၊ ကယ်ဆီယမ်၊ ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေ ချို့တဲ့နေနိုင်လို့ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြီး အမေရောကလေးပါ အားဆေးတိုက်ကျွေးသင့်ပါတယ်။
🙂 :-)မည်သို့ပင်ဖြစ်စေ ကလေးကို ဗီတာမင် ဒီအားဆေးမှလွဲလို့ အခြားအားဆေးတိုက်ကျွေးခြင်းထက် နို့တိုက်နေတဲ့အမေကို အာဟာရဖြစ်နေအောင် ကျွေးမွေးတိုက်ကျွေးသည်က ကလေးအတွက် အကောင်းဆုံးအားဆေးဖြစ်ကြောင်း ပြောပြပါရစေနော်။
ဒေါက်တာချို(ဆေး ၁)
တစ္ႏွစ္ေအာက္မွာ တိုက္ေကြၽးနိုင္ရာ ေဆးအစာ
သတၱဳဓာတ္၊ သက္ေစာင့္ဓာတ္ ေတြပါတဲ့ အားေဆးေတြဟာ ကေလးတိုင္းကို တိုက္ေကၽြးစရာမလိုပါဘူး။ အထူးသျဖင့္ ေမြးျပီး တစ္နွစ္အတြင္း ကေလးတစ္ေယာက္အတြက္ေတာ့
-အေမကလည္း အာဟာရျပည့္ျပည့္ဝဝစားသံုးမယ္၊
-ကေလးကလည္း နို႔ေကာင္းေကာင္းစို႔နိုင္တယ္၊
-ေမြးရာပါ ေရာဂါ၊ ကူးစက္ေရာဂါမရွိဘဲ က်န္းမာတဲ့ ကေလးျဖစ္တယ္ ဆိုရင္ေပါ့။ အဲဒီအရြယ္ေလးေတြက အသက္ ၆လအထိဟာ မိခင္နုိ႔တစ္မ်ိဳးတည္းနဲ႔လံုေလာက္ျပီး က်န္ ၆လက ျဖည့္စြက္စေကၽြးတဲ့အရြယ္ေတြ ဆိုေတာ့ အစားအေသာက္ေတြက သူ႔အတြက္ သိပ္မလိုအပ္တဲ့အျပင္ အခ်ိဳ႕အစာေတြက ေဘးေတာင္ျဖစ္တတ္တယ္ေလ။
သို႔ေပမယ့္ ေဆးရံုမွာေမြးတဲ့ ေမြးကင္းစကေလးေတြကို ေမြးကင္းစ ေသြးထြက္တဲ့ေရာဂါ ကာကြယ္ဖို႔ ဗီတာမင္ ေက ကိုေတာ့ ထိုးေပးေနၾကပါျပီ။ ဒါ့အျပင္ ဗီတာမင္ ဒီကိုပါ အခ်ိဳ႕နိုင္ငံၾကီးေတြမွာ တိုက္ေကၽြးေနသည္ကို ေတြ႔ရပါျပီ။ အခ်ိဳ႕ လမေစ့၊ ေပါင္မျပည့္ ကေလးေတြ နဲ႔ အခ်ိဳ႕ ျပႆနာရွိတဲ့ကေလးေတြမွာ လိုအပ္သလို တိုက္ေကၽြးရတာမ်ိဳးလဲ ရွိပါတယ္။
🙂 ကဲ ဒါဆို ကေလးတစ္ေယာက္ ဘာလို သတၱဳဓာတ္ေတြ သက္ေစာင့္ဓာတ္( ဗီတာမင္)ေတြ လိုလဲ ၾကည့္ၾကရေအာင္။
–ကေလးတစ္ေယာက္က ဗီတာမင္ ေအ၊ ဘီ ဝမ္း၊ ဘီ တူး၊ ဘီ စစ္၊ ဘီ တြဲ၊ ဗီတာမင္ စီ၊ ဒီ ႏွင့္ ကယ္လ္ဆီယမ္၊ ဗီတာမင္ အီး၊ ေဖာလစ္အက္ဆစ္၊ ဗီတာမင္ ေက၊ ဖလိုရိြဳက္၊ သံဓာတ္၊ နိုင္ရာဆင္(niacin)၊ ဇင့္၊ အိုမီဂါ ၃ ဖက္တီးအက္ဆစ္ စတဲ့ အားျဖည့္ဓာတ္ေတြ ၾကီးထြားဖြင့္ျဖိဳးမႈအတြက္ လိုအပ္ေနပါတယ္။
:-)အဲဒီဓာတ္ေတြ ဘယ္ကရေနသလဲ။
**အာဟာရဓာတ္ေတာ္ေတာ္မ်ားမ်ားဟာ အေမနို႔ဆီမွာ အျပည့္အဝပါျပီးျဖစ္တဲ့အတြက္ အဓိက အေမကိုသာ ဆိုင္ရာအာဟာရဓာတ္ေတြမ်ားမ်ား စားေစသင့္ပါတယ္။ ဗီတာမင္ ဘီေတြ၊ ေအ၊ စီေတြ ပါတဲ့အစားအစာ၊ အားေဆးေတြကို အေမကို အားျဖည့္စားေစတာက ပိုေကာင္းပါတယ္။ ကယ္ဆီယမ္၊ သံဓာတ္၊ ဇင့္ဓာတ္ေတြဟာ အသက္ ၆လအထိ အတြက္ေတာ့ မိခင္နို႔နဲ႔ လံုေလာက္ေပမယ့္ ၆လေနာက္ပိုင္းမွာေတာ့ ျဖည့္စြက္စာကေနပါရမွ လံုေလာက္ေတာ့တာမို႔ ကေလး အသက္ ၆လျပည့္တာနဲ႔ ျဖည့္စြက္စာေကၽြးနိုင္ေအာင္ၾကိဳးစားပါ။
**ကေလးေတြမွာ ေနေရာင္ထိေတြ႔ေလ့မရွိတာေၾကာင့္ ဗီတာမင္ ဒီ ခ်ိဳ႕တဲ့တာေတြျဖစ္တတ္လို႔ ဗီတာမင္ ဒီ အားေဆးတိုက္ေကၽြးသင့္တယ္လို႔ ေဖာ္ျပထားတာရွိပါတယ္။ တစ္ေန႔ကို ဗီတာမင္ ဒီ ၄၀၀ IU တိုက္ေကၽြးရတတ္ပါတယ္။ သို႔ေသာ္ မိမိသေဘာျဖင့္ မတိုက္ဘဲ ဆရာဝန္နွင့္ ေဆြးေႏြးတိုက္ေကၽြးတာ ပိုသင့္ေလ်ာ္ပါတယ္။
**ေနာက္တစ္ခုကေတာ့ ဗီတာမင္ ေကပါ။ သူကေတာ့ ေသြးခဲေစတတ္အင္အားေကာင္းေစျပီး ေမြးကင္းစကေလး ေသြးထြက္တတ္တဲ့ေရာဂါကို ကာကြယ္ေစပါတယ္။ ကေလးဟာ ေမြးစအခ်ိန္မွာ ကိုယ္တြင္း ဗီတာမင္ ေက နည္းေနတတ္ပါတယ္။ ဒါေၾကာင့္ ေမြးေမြးျပီးခ်င္းမွ ၆နာရီအတြင္း ၀.၅-၁မီလီဂရမ္ ထိုးေပးရပါမယ္။ ေသာက္ေဆးကိုေတာ့ ေပးေလ့မရွိပါဘူး။ ကေလးတစ္ဦးစီရဲ့ စုပ္ယူမႈအား မတူတာေၾကာင့္ လိုအပ္သေလာက္ မရမွာစိုးတဲ့အတြက္ အသားထိုးေဆးသာ သံုးၾကပါတယ္။
**ဒါအျပင္ အေမက သတ္သတ္လြတ္သာ စားသူျဖစ္မယ္ဆုိရင္ ဗီတာမင္ ဘီတြဲ၊ သံဓာတ္၊ ကယ္ဆီယမ္၊ ဇင့္၊ အိုမီဂါ ၃ ဖက္တီးအက္ဆစ္ေတြ ခ်ိဳ႕တဲ့ေနနိုင္လို႔ သက္ဆိုင္ရာဆရာဝန္နွင့္ တိုင္ပင္ျပီး အေမေရာကေလးပါ အားေဆးတုိက္ေကၽြးသင့္ပါတယ္။
🙂 :-)မည္သို႔ပင္ျဖစ္ေစ ကေလးကို ဗီတာမင္ ဒီအားေဆးမွလြဲလို႔ အျခားအားေဆးတိုက္ေကၽြးျခင္းထက္ နို႔တိုက္ေနတဲ့အေမကို အာဟာရျဖစ္ေနေအာင္ ေကၽြးေမြးတိုက္ေကၽြးသည္က ကေလးအတြက္ အေကာင္းဆံုးအားေဆးျဖစ္ေၾကာင္း ေျပာျပပါရေစေနာ္။
ေဒါက္တာခ်ိဳ(ေဆး ၁)