အလုပ်နဲ့ ကျန်းမာရေး မညီမျှမှု
ယခုခေတ် တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူအများစု အလုပ်ချိန်တွေများကာ အလုပ်ရဲ့ ဖိစီးမှုဒဏ်တွေ ခံကြရပါတယ်။ အလုပ်ကို ဦးစားပေးလုပ်လာကြတဲ့အခါ အရေးကြီးတဲ့ မိသားစုဘဝ၊ အနားယူအပန်းဖြေအချိန်တွေ၊ လူမှုရေးစတဲ့ အရာတွေမှာလည်း ချို့ယွင်းလာပြီး အိပ်ချိန်လည်းလျော့နည်းလာပါတယ်။ ဒီလိုမျိုး အလုပ်နဲ့ လူနေမှုဘဝမျှတမှုမရှိတဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။
အလုပ်ချိန်များပြီး လူနေမှုဘဝမှုတမှုမရှိတဲ့သူတွေမှာ နှလုံးရောဂါ၊ လေဖြတ်ရောဂါ နဲ့ စိတ်ကျန်းမာရေးချို့တဲ့ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်ပတ်မှာ ၅၅နာရီထက် အလုပ်ချိန်ရှိတဲ့သူတွေမှာ သာမန်လူတွေထက် လေဖြတ်ရောဂါ ဖြစ်နိုင်ချေ ၁.၃ဆ ပိုပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရနိုင်ချေ ၁.၆၆ ဆ ပိုပါတယ်။
အိပ်ရေးပျက်များခြင်းကလည်း နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုဝေဒနာ စတဲ့ ရောဂါတွေ ဖြစ်နှုန်းမြင့်တက်စေနိုင်ပါတယ်။
ဒါ့အပြင် အလုပ်ဒဏ်ပိနေသူတွေမှာ မောပန်းလွယ်ခြင်း၊ အာရုံစူးစိုက်မှုအား မကောင်းခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ ကိုက်ခဲညောင်းညာခြင်း၊ မူးဝေခြင်း စတဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အလုပ်ပင်ပန်းမှုများကြောင့် ဆေးလိပ်နဲ့ အရက်ကို ပိုမှီဝဲဖြစ်လာတာကြောင့်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။
လူမှုရေးဆိုးကျိုးများအနေဖြင့် အိမ်ထောင်ရေးမသာယာခြင်း၊ မိသားစုတာဝန်များလစ်ဟင်းခြင်း၊ မိတ်ဆွေအပေါင်းအသင်းများ လျော့နည်းလာခြင်း၊ မိမိကိုယ်ပိုင် အပန်းဖြေအချိန်များ လျော့နည်းလာခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် အလုပ်နဲ့ လူနေမှုဘဝ မျှတစွာ နေထိုင်ဖို့ အကြံပေးလိုက်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
အလုပ္နဲ႔ က်န္းမာေရး မညီမွ်မႈ
ယခုေခတ္ တိုးတက္ေျပာင္းလဲလာတာနဲ႔အမ်ွ လူအမ်ားစု အလုပ္ခ်ိန္ေတြမ်ားကာ အလုပ္ရဲ႕ ဖိစီးမႈဒဏ္ေတြ ခံၾကရပါတယ္။ အလုပ္ကို ဦးစားေပးလုပ္လာၾကတဲ့အခါ အေရးႀကီးတဲ့ မိသားစုဘဝ၊ အနားယူအပန္းေျဖအခ်ိန္ေတြ၊ လူမႈေရးစတဲ့ အရာေတြမွာလည္း ခ်ိဳ႕ယြင္းလာၿပီး အိပ္ခ်ိန္လည္းေလ်ာ့နည္းလာပါတယ္။ ဒီလိုမ်ိဳး အလုပ္နဲ႔ လူေနမႈဘဝမ်ွတမႈမရိွတဲ့အခါ က်န္းမာေရးဆိုးက်ိဳးေတြလည္း ခံစားရႏိုင္ပါတယ္။
အလုပ္ခ်ိန္မ်ားၿပီး လူေနမႈဘဝမႈတမႈမရိွတဲ့သူေတြမွာ ႏွလံုးေရာဂါ၊ ေလျဖတ္ေရာဂါ နဲ႔ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ျခင္း စတဲ့ ဆိုးက်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ေလ့လာေတြ႔ရိွခ်က္ေတြအရ တစ္ပတ္မွာ ၅၅နာရီထက္ အလုပ္ခ်ိန္ရိွတဲ့သူေတြမွာ သာမန္လူေတြထက္ ေလျဖတ္ေရာဂါ ျဖစ္ႏိုင္ေခ် ၁.၃ဆ ပိုၿပီး စိတ္ဓာတ္က်ေဝဒနာ ခံစားရႏိုင္ေခ် ၁.၆၆ ဆ ပိုပါတယ္။
အိပ္ေရးပ်က္မ်ားျခင္းကလည္း ႏွလံုးေသြးေၾကာက်ဥ္းျခင္း၊ ႏွလံုးႂကြက္သားပုပ္ျခင္း၊ ေလျဖတ္ျခင္း၊ ဆီးခ်ိဳေဝဒနာ စတဲ့ ေရာဂါေတြ ျဖစ္ႏႈန္းျမင့္တက္ေစႏိုင္ပါတယ္။
ဒါ့အျပင္ အလုပ္ဒဏ္ပိေနသူေတြမွာ ေမာပန္းလြယ္ျခင္း၊ အာရံုစူးစိုက္မႈအား မေကာင္းျခင္း၊ ေလးလံထိုင္းမိႈင္းျခင္း၊ ကိုက္ခဲေညာင္းညာျခင္း၊ မူးေဝျခင္း စတဲ့ လကၡဏာေတြလည္း ျဖစ္ေပၚႏိုင္ပါတယ္။ အလုပ္ပင္ပန္းမႈမ်ားေၾကာင့္ ေဆးလိပ္နဲ႔ အရက္ကို ပိုမီွဝဲျဖစ္လာတာေၾကာင့္လည္း ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ခံစားရႏိုင္ပါေသးတယ္။
လူမႈေရးဆိုးက်ိဳးမ်ားအေနျဖင့္ အိမ္ေထာင္ေရးမသာယာျခင္း၊ မိသားစုတာဝန္မ်ားလစ္ဟင္းျခင္း၊ မိတ္ေဆြအေပါင္းအသင္းမ်ား ေလ်ာ့နည္းလာျခင္း၊ မိမိကိုယ္ပိုင္ အပန္းေျဖအခ်ိန္မ်ား ေလ်ာ့နည္းလာျခင္း စတဲ့ဆိုးက်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ အလုပ္နဲ႔ လူေနမႈဘဝ မ်ွတစြာ ေနထိုင္ဖို႔ အၾကံေပးလိုက္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)