မွေးကင်းစရင်သွေးငယ် မိခင်နို့ရယ်ငတ်တဲ့အခါ…
ကလေးလေးတစ်ယောက်မွေးဖွားလာတဲ့အခါ မွေးစကနေ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် မိခင်နို့မစို့ရတဲ့ ကလေးငယ်တွေအများအပြားရှိပါတယ်။ ဒီအခါမှာ သူတို့လေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် မိခင်နို့အစားထိုး ဖြည့်စွက်နို့၊ နို့မှုန့်များကိုတိုက်ကြရပါတယ်။ အစားထိုးပစ္စည်းဆိုတဲ့အတိုင်း မိခင်နို့ရည်ရဲ့ တန်ဖိုးနဲ့အရည်အသွေးကိုတော့ ဘယ်လိုမှမမီပါဘူး။ ဒါကြောင့် မိခင်နို့ရည်နဲ့ ဝေးရတဲ့ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ချို့တဲ့မှုနဲ့ရောဂါတွေနဲ့ နို့မတိုက်တဲ့မိခင်ကိုယ်တိုင်အပေါ်သက်ရောက်တဲ့ဆိုးကျိုးတွေအကြောင်းတင်ပြလိုက်ရပါတယ်။
မိခင်နို့ငတ်တဲ့ကလေးငယ် ဘာရောဂါရယ်အဖြစ်များ
(၁) ရောဂါပိုးဝင်လွယ်ခြင်း
မိခင်နို့ဟာ IgA လို့ခေါ်တဲ့ ကိုယ်ခံအားဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ရောဂါပိုးဝင်ရောက်မှုကိုကာကွယ်ပေးပါတယ်။ မိခင်နို့ရည်မစို့ရတဲ့ကလေးငယ်တွေဟာ ဒီဓာတ်ချို့တဲ့တတ်တာကြောင့် ဝမ်းရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများနဲ့ နားနှာခေါင်းဆိုင်ရာရောဂါများ ပိုဖြစ်နိုင်ပါတယ်။
(၂) တစ်နှစ်အောက်ကလေးသေဆုံးမှုနှုန်း
တစ်နှစ်အောက်ကလေးသေဆုံးမှုရဲ့ ရာခိုင်နှုန်းအများစုဟာ မိခင်နို့မရရှိတဲ့ကလေးငယ်တွေဖြစ်တယ်လို့စစ်တမ်းအရသိရှိရပါတယ်။
(၃) ကိုယ်အလေးချိန်မမျှတခြင်း
အစားထိုးနို့နဲ့နို့မှုန့်သာသောက်သုံးရတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲရောဂါများ ပိုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လူကြီးဖြစ်လာတဲ့အခါမှာလည်း ဆီးချိုရောဂါ
(၄) ဓာတ်မတည့်ခြင်းနှင့် အရေပြားရောဂါများ
မိခင်နို့ရည်မှာပါဝင်တဲ့ဓာတ်တွေဟာ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ အရေပြားရောဂါများ (Atopic dermatitis) ဖြစ်ပွားနိုင်ခြေကို ၄၂% ထိလျှော့ချပေးနိုင်ပြီး ကလေးငယ်ရဲ့ အရေပြားမှတဆင့်ဝင်နိုင်သောရောဂါပိုးများကိုတားဆီးပေးပါတယ်။
(၅) ဉာဏ်ရည်ဖွံ့ဖြိုးမှု
မိခင်နို့သောက်သုံးရတဲ့ကလေးငယ်တွေဟာ အစားထိုးနို့မှုန့်သောက်သုံးတဲ့ကလေးငယ်တွေထက်ဉာဏ်ရည်ဖွံ့ဖြိုးမှု ပိုမိုအားကောင်းပြီး ဦးနှောက်ကြီးထွားမှုပိုရှိတဲ့အတွက် ဉာဏ်ရည်စစ်တမ်း (IQ Score)ပိုသာတာကိုတွေ့ရပါတယ်။
နို့မတိုက်တဲ့မေမေရေ ဘာတွေကြုံလာနိုင်သလဲ?
နို့မတိုက်တဲ့မိခင်တွေဟာ နို့ချိုတိုက်ပေးတဲ့မိခင်တွေထက် သွေးတိုး၊နှလုံးနဲ့ ဆီးချိုရောဂါတွေပိုဖြစ်လာနိုင်သလို အစားအသောက်သာမဆင်ခြင်ခဲ့ရင် အဝလွန်လာနိုင်တဲ့အတွက် နှလုံးအဆီဖုံးခြင်း စတဲ့ရောဂါတွေကိုကြုံတွေ့လာနိုင်ပါတယ်။ မိခင်နို့တိုက်ခြင်းဟာ မိခင်အတွက် ရင်သားကင်ဆာနဲ့သားဥအိမ်ကင်ဆာကိုလည်း တစ်စိတ်တစ်ပိုင်းကာကွယ်တယ်လို့ဆိုကြပါတယ်။ ဒါ့အပြင် မိခင်နို့မတိုက်တဲ့အခါ ကိုယ်ဝန်ကြောင့်ထိန်သွားတဲ့ ဓမ္မတာရာသီလာခြင်းဟာ မြန်မြန်ဆန်ဆန်ပြန်ပေါ်လာတာကြောင့် သားဆက်ခြားမှုအားနည်းသွားပြီး မကြာခင်မှာ ကလေးထပ်သွားနိုင်တဲ့အတွက် မိသားစုဝန်ပိခြင်း၊ ကိုယ်ဝန်ခဏခဏဆောင်ရတဲ့အတွက် မိခင်ကျန်းမာရေးထိခိုက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။
အဓိကကျတဲ့နောက်တစ်ချက်ကတော့ မိခင်နို့တိုက်ခြင်းဖြင့် မိခင်နဲ့ကလေးရဲ့ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကြိုးလေးဟာလည်း ပိုမိုခိုင်မာလာပြီး တွယ်တာမှုပိုရှိစေပါတယ်။
ဒါကြောင့်မို့ ကလေးနို့တိုက်လို့ ရင်သားပုံပျက်မှာကြောက်တယ်၊ မိခင်အာဟာရချို့တဲ့မယ်ဆိုတဲ့ ယုံတမ်းတွေကို မေ့ထားပြီး တတ်နိုင်သမျှ မွေးစကနေ ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြင့် ကိုယ့်ရဲ့ရင်သွေးလေးအနာဂါတ်အတွက် ပံ့ပိုးကြရအောင်လို့တိုက်တွန်းရင်း…။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေမြးကင္းစရင္ေသြးငယ္ မိခင္ႏို႔ရယ္ငတ္တဲ့အခါ…
ကေလးေလးတစ္ေယာက္ေမြးဖြားလာတဲ့အခါ ေမြးစကေန အသက္ေျခာက္လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္သင့္ပါတယ္။ ဒါေပမယ့္အေၾကာင္းေၾကာင္းေၾကာင့္ မိခင္ႏို႔မစို႔ရတဲ့ ကေလးငယ္ေတြအမ်ားအျပား႐ွိပါတယ္။ ဒီအခါမွာ သူတို႔ေလးေတြအတြက္ အသင့္ေတာ္ဆံုးျဖစ္မယ့္ မိခင္ႏို႔အစားထိုး ျဖည့္စြက္ႏို႔၊ ႏို႔မႈန္႔မ်ားကိုတိုက္ၾကရပါတယ္။ အစားထိုးပစၥည္းဆိုတဲ့အတိုင္း မိခင္ႏို႔ရည္ရဲ႕ တန္ဖိုးနဲ႔အရည္အေသြးကိုေတာ့ ဘယ္လိုမွမမီပါဘူး။ ဒါေၾကာင့္ မိခင္ႏို႔ရည္နဲ႔ ေဝးရတဲ့ကေလးေတြမွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ခ်ိဳ႕တဲ့မႈနဲ႔ေရာဂါေတြနဲ႔ ႏို႔မတိုက္တဲ့မိခင္ကိုယ္တိုင္အေပၚသက္ေရာက္တဲ့ဆိုးက်ိဳးေတြအေၾကာင္းတင္ျပလိုက္ရပါတယ္။
မိခင္ႏို႔ငတ္တဲ့ကေလးငယ္ ဘာေရာဂါရယ္အျဖစ္မ်ား
(၁) ေရာဂါပိုးဝင္လြယ္ျခင္း
မိခင္ႏို႔ဟာ IgA လို႔ေခၚတဲ့ ကိုယ္ခံအားဓာတ္တစ္မ်ိဳးပါဝင္တဲ့အတြက္ ေရာဂါပိုးဝင္ေရာက္မႈကိုကာကြယ္ေပးပါတယ္။ မိခင္ႏို႔ရည္မစို႔ရတဲ့ကေလးငယ္ေတြဟာ ဒီဓာတ္ခ်ိဳ႕တဲ့တတ္တာေၾကာင့္ ဝမ္းေရာဂါ၊ အသက္႐ွဴ လမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားနဲ႔ နားႏွွာေခါင္းဆိုင္ရာေရာဂါမ်ား ပိုျဖစ္ႏိုင္ပါတယ္။
(၂) တစ္ႏွစ္ေအာက္ကေလးေသဆံုးမႈႏႈန္း
တစ္ႏွစ္ေအာက္ကေလးေသဆံုးမႈရဲ႕ ရာခိုင္ႏႈန္းအမ်ားစုဟာ မိခင္ႏို႔မရ႐ွိတဲ့ကေလးငယ္ေတြျဖစ္တယ္လို႔စစ္တမ္းအရသိ႐ွိရပါတယ္။
(၃) ကိုယ္အေလးခ်ိန္မမ်ွတျခင္း
အစားထိုးႏို႔နဲ႔ႏို႔မႈန္႔သာေသာက္သံုးရတဲ့ ကေလးငယ္ေတြဟာ အသက္ႀကီးလာတဲ့အခါ အဝလြန္ျခင္းနဲ႔ ေနာက္ဆက္တြဲေရာဂါမ်ား ပိုျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ လူႀကီးျဖစ္လာတဲ့အခါမွာလည္း ဆီးခ်ိဳေရာဂါ
(၄) ဓာတ္မတည့္ျခင္းႏွင့္ အေရျပားေရာဂါမ်ား
မိခင္ႏို႔ရည္မွာပါဝင္တဲ့ဓာတ္ေတြဟာ ဓာတ္မတည့္ျခင္းေၾကာင့္ျဖစ္တဲ့ အေရျပားေရာဂါမ်ား (Atopic dermatitis) ျဖစ္ပြားႏိုင္ေျခကို ၄၂% ထိေလ်ွာ့ခ်ေပးႏိုင္ၿပီး ကေလးငယ္ရဲ႕ အေရျပားမွတဆင့္ဝင္ႏိုင္ေသာေရာဂါပိုးမ်ားကိုတားဆီးေပးပါတယ္။
(၅) ဥာဏ္ရည္ဖြံ႔ၿဖိဳးမႈ
မိခင္ႏို႔ေသာက္သံုးရတဲ့ကေလးငယ္ေတြဟာ အစားထိုးႏို႔မႈန္႔ေသာက္သံုးတဲ့ကေလးငယ္ေတြထက္ဥာဏ္ရည္ဖြံ႔ၿဖိဳးမႈ ပိုမိုအားေကာင္းၿပီး ဦးေႏွာက္ႀကီးထြားမႈပို႐ွိတဲ့အတြက္ ဥာဏ္ရည္စစ္တမ္း (IQ Score)ပိုသာတာကိုေတြ႔ရပါတယ္။
ႏို႔မတိုက္တဲ့ေမေမေရ ဘာေတြၾကံဳလာႏိုင္သလဲ?
ႏို႔မတိုက္တဲ့မိခင္ေတြဟာ ႏို႔ခ်ိဳတိုက္ေပးတဲ့မိခင္ေတြထက္ ေသြးတိုး၊ႏွလံုးနဲ႔ ဆီးခ်ိဳေရာဂါေတြပိုျဖစ္လာႏိုင္သလို အစားအေသာက္သာမဆင္ျခင္ခဲ့ရင္ အဝလြန္လာႏိုင္တဲ့အတြက္ ႏွလံုးအဆီဖံုးျခင္း စတဲ့ေရာဂါေတြကိုၾကံဳေတြ႕လာႏိုင္ပါတယ္။ မိခင္ႏို႔တိုက္ျခင္းဟာ မိခင္အတြက္ ရင္သားကင္ဆာနဲ႔သားဥအိမ္ကင္ဆာကိုလည္း တစ္စိတ္တစ္ပိုင္းကာကြယ္တယ္လို႔ဆိုၾကပါတယ္။ ဒါ့အျပင္ မိခင္ႏို႔မတိုက္တဲ့အခါ ကိုယ္ဝန္ေၾကာင့္ထိန္သြားတဲ့ ဓမၼတာရာသီလာျခင္းဟာ ျမန္ျမန္ဆန္ဆန္ျပန္ေပၚလာတာေၾကာင့္ သားဆက္ျခားမႈအားနည္းသြားၿပီး မၾကာခင္မွာ ကေလးထပ္သြားႏိုင္တဲ့အတြက္ မိသားစုဝန္ပိျခင္း၊ ကိုယ္ဝန္ခဏခဏေဆာင္ရတဲ့အတြက္ မိခင္က်န္းမာေရးထိခိုက္ျခင္းတို႔ကိုျဖစ္ေစႏိုင္ပါတယ္။
အဓိကက်တဲ့ေနာက္တစ္ခ်က္ကေတာ့ မိခင္ႏို႔တိုက္ျခင္းျဖင့္ မိခင္နဲ႔ကေလးရဲ႕ၾကားမွာ႐ွိတဲ့ ခ်စ္ျခင္းေမတၱာႀကိဳးေလးဟာလည္း ပိုမိုခိုင္မာလာၿပီး တြယ္တာမႈပို႐ွိေစပါတယ္။
ဒါေၾကာင့္မို႔ ကေလးႏို႔တိုက္လို႔ ရင္သားပံုပ်က္မွာေၾကာက္တယ္၊ မိခင္အာဟာရခ်ိဳ႕တဲ့မယ္ဆိုတဲ့ ယံုတမ္းေတြကို ေမ့ထားၿပီး တတ္ႏိုင္သမ်ွ ေမြးစကေန ကေလးအသက္ေျခာက္လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္ေကြၽးျခင္းျဖင့္ ကိုယ့္ရဲ႕ရင္ေသြးေလးအနာဂါတ္အတြက္ ပံ့ပိုးၾကရေအာင္လို႔တိုက္တြန္းရင္း…။
ေမတၱာျဖင့္
စိုင္းျမတ္သူ