Health concerns in transgender
ပုန်းလိင်တို့ရဲ့ဂရုပြုဖွယ်ကျန်းမာရေး
Transgender (ပုန်းလိင်) ဆိုတာ အလွယ်ပြောရရင် အမျိုးသားက အမျိုးသမီးစိတ် (or) အမျိုးသမီးက အမျိုးသားစိတ်ပေါက်နေတာမျိူးပါ ။စိတ်နေစိတ်ထားသာမက နေထိုင်တာ၊ ပြောဆိုဆက်ဆံတာကအစ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်၊၊ အရင်ကတော့ ပုန်းလိင်တွေကိုဂရုမပြုမိပေမယ့် နောက်ပိုင်းမှာတော့ လူတွေအလေးထားလာကြပါတယ်၊၊ ထိုနည်းတူပုန်းလိင်တို့ရဲ့ ကျန်းမာရေးဟာလည်းအရေးပါလာပါတယ်၊၊
အရင်ဆုံး ပုန်းလိင်အချို့က နေမကောင်းဖြစ်ရင် ဆေးရုံဆေးခန်းသွားဖို့ တွန့်ဆုတ်နိုင်ပါတယ်။ ခွဲခြားခံရ၊ အနှိမ်ခံရမှာစိုးရိမ်လို့ ရှောင်ရှားတာလည်းဖြစ်တတ်ပါတယ်။ အဲလိုနဲ့ ထိရောက်တဲ့ကုသမှုမရတတ်ကြပါဘူး။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ စိတ်ဓာတ်ကျတာတွေပါ ပူးတွဲပြီးဖြစ်လာနိင်ပါတယ်။ သုတေသီ တွေရဲ့အဆိုအရ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေက ပုန်းလိင်တွေမှာပိုပြီးကြုံတွေ့လေ့ရှိတာ်လို့ ဆိုထားပါသေးတယ်။
စိတ်ဖိစီးလာတာနဲ့ ပတ်ဝန်းကျင်ကိုရှောင်တာ၊ တစ်ယောက်တည်းနေတာတွေများပြီး နောက်ဆုံး အထီးကျန်ကာ အဆုံးစီရင်တာတွေပါ ဖြစ်တတ်တာကြောင့် ပတ်ဝန်းကျင်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုတွေပေးဖို့လိုပါတယ်။အဲဒီလိုအားပေးမှုတွေမရှိရင် စိတ်ထွက်ပေါက်ရှာပြီး ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးတို့ရဲ့ သားကောင်ဖြစ်သွားတတ်ပါသေးတယ်။ အဲလိုမျိူးဖြစ်သွားရင် ကယာကံရှင်ကော မိသားစုပါနစ်နာတတ်ကြရပါတယ်။
ဒါ့အပြင် မိမိရဲ့ပုံပန်းကို လှပအောင် ဟော်မုန်းဆေးတွေထိုးတာ သောက်တာ၊ သုံးတာတွေကြောင့် မလိုလားအပ်တာတွေ၊ ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး bodyမှာ လိုအပ်တဲ့ဟော်မုန်းပမာဏထက် များလာရင်ဆိုးကျိုးတွေရှိလာမှာပါ။ ဥပမာ ကြွက်သားတက်အောင်အမျိုးသားဟော်မမခွဲစိတ်ရသေးပဲုန်း(androgen,testosterone) တွေ အရမ်းများသွားရင် အသည်းထိခိုက်နိုင်သလို၊ ရင်သားလှအောင် oestrogen တွေ အများကြီးသုံးမိရင် သွေးတိုးတာတွေ၊ ရင်သားကင်ဆာတွေဖြစ်နိုင်ပါသေးတယ်။ လိင်ပြောင်းခွဲစိတ်မှုခံယူထားရင်လဲ ကျန်တဲ့အစိတ်အပိုင်း (သားအိမ်၊ ဆီးကြိတ် စသည်) တို့ကနေလည်း ရောဂါရတတ်ပါသေးတယ်။
နောက်ပိုင်းမှာ ရှေ့တန်းရောက်လာတာကတော့ လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေ (sexually transmitted diseases) တွေဖြစ်ပါတယ်။ ဒါကတော့ ပုန်းလိင်သာမက အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်နိုင်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံတဲ့အဖော်တစ်ဦးထက်ပိုတာ အစရှိတာတွေကြောင့် ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ခုခံအားကျရောဂါ တွေလို ရောဂါတွေပါရတတ်ပါတယ်။
အရေးကြီးတာကတော့ ပုန်းလိင်တွေဟာလည်းလူသားတွေဆိုတာကို လက်ခံပြီးခွဲခြားဆက်ဆံတာမျိုးမလုပ်ဖို့လိုပါတယ်။ အဲဒီလိုဆက်ဆံမိပြီဆိုရင် ပတ်ဝန်းကျင်ကနေ ပစ်ပယ်ထားသလို ခံစားရနိုင်ပြီး နစ်နာမှုတွေ ဖြစ်လာမှာပါ။ ဒါ့ကြောင့် ခွဲခြားဆက်ဆံမှုကို ရှောင်ရှားပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖေးမမှု၊ အားပေးမှု၊ လုံခြုံမှုတွေနဲ့ ကျန်းမာပျော်ရွှင်တဲ့ လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။
Dr ZZ
Dr ZZ
Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Fertilization (သန္ဓေအောင်ခြင်း)
1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
Leave a Reply
Your email address will not be published. Required fields are marked *