All Articlesအခြားရောဂါများအထွေထွေရောဂါများ

?ခေါင်းကိုက်ခြင်းဟာ အခြားရောဂါတွေရဲ့ လက္ခဏာ တစ်ခုလား ?

1 Mins read

?ခေါင်းကိုက်ခြင်းဟာ အခြားရောဂါတွေရဲ့ လက္ခဏာ တစ်ခုလား ?

ခေါင်းကိုက်ပုံကိုက်နည်းပေါင်း ၂၀၀ကျော်မက ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ အန္တရာယ်မရှိလှပဲ စိတ်ဒုက္ခပေးရုံလောက် နေရခက်ရုံလောက်ဖြစ်ပေမဲ့ တချို့ ကတော့ တကယ့်ကို သေလောက်အောင် ကိုက်တယ်လို့ ဆိုရမလို အသက်ထွက်မတတ် ကိုက်တာတွေလည်း ရှိပါတယ်။

? ခေါင်းဘာကြောင့်ကိုက်တာလဲ ??

– အိပ်ရေးပျက်ရင်

– မောပန်းနွမ်းနယ်ရင်

– ရေဓာတ်နည်းရင်

– စိတ်ဖိစီးရင်

– ဆေးတွေကြောင့်

– မူးယစ်ဆေးတွေသုံးရင်

– တုပ်ကွေးဖြစ်ရင်

– ဆူညံသံတွေကြောင့်

– အအေးမိရင်

– ခေါင်းကိုခိုက်မိရင်

– အရမ်းအေးတာတစ်ခုခုကို အမြန်စားသောက်မိရင်

– သွားပြဿနာကြောင့်

– ထိပ်ခပ်နာကြောင့်

စတာတွေကြောင့် ကိုက်တတ်ပါတယ်။

? ရိုးရိုးကိုက်တာလား ရောဂါတစ်ခုခုကြောင့်ကိုက်နေတာလား ??

ဒီလို ရောဂါတစ်ခုခုကြောင့် ခေါင်းကိုက်နေတာကို secondary headache လို့ခေါ်ပါတယ်။ ဘာကြောင့်ကိုက်မှန်းမသိ ကိုက်နေရင်တော့ Primary headache စာရင်းထဲ ဝင်ပါမယ်။

? အန္တရာယ်ရှိတဲ့ secondary headache တွေက ဘာတွေလဲ ??

– ဦးနှောက်အမြှေးရောင်ရင်

– ဦးနှောက်အတွင်းသွေးယိုရင်

– ဦးနှောက်အမြှေးပါးအောက် သွေးယိုရင်

– ဦးနှောက်အတွင်းက ဖောင်းနေတဲ့ သွေးကြောတွေ အလိုအလျောက် ပေါက်ကုန်ရင်

– ဦးနှောက်အကြိတ်ဖြစ်ရင်

– မျက်လုံးအတွင်း ရေတိမ်ကြောင့် ဖိအားမြင့်လာရင်

– အစာအိမ်ရောဂါဖြစ်ရင်

– အတက်ရောဂါ

စတဲ့ ရောဂါတွေက အသက်အန္တရာယ်အထိ ရှိနိုင်လို့ သတိကြီးကြီးထားရပါမယ်။

? ဘယ်လိုခေါင်းကိုက်ရင် သတိထားရမလဲ ??

– ကိုက်နေကျပမာဏထက် သိသိသာသာ ဆိုးဆိုးဝါးဝါး ပိုကိုက်ရင်

– ကိုက်တဲ့ ပုံစံပြောင်းသွားရင်

– လည်ပင်းတောင့်တင်း နာကျင်နေရင်

– အဖျားတက်လာရင်

– လှုပ်လေ ကိုက်လေ အနေအထားပြောင်းလေ ပိုကိုက်လေ ဖြစ်လာရင်

– ပျို့အန်လျှင်..ခေါင်းမကိုက်ခင် ရက်ရှည်လများ ကြိုပြီး ပျို့အန်နေရင်

– နားထင်ဘေး သွေးကြောတွေပါနာနေရင်

– မေးရိုးတွေ တောင့်တင်းလာရင်

– မျက်လုံးအတွင်းက နာလာရင်

– တက်ပြီးမှ ခေါင်းကိုက်ကျန်နေခဲ့ရင်

ဒီလိုဆိုရင်တော့ ဆရာဝန်မြန်မြန်ပြဖို့ လိုပါလိမ့်မယ်။

အားလုံးရောဂါကင်းကြပါစေ..

Dr ဖြိုးဝေလင်း
(7.6.19)

?ေခါင္းကိုက္ျခင္းဟာ အျခားေရာဂါေတြရဲ႕ လကၡဏာ တစ္ခုလား ?

ေခါင္းကိုက္ပံုကိုက္နည္းေပါင္း ၂၀၀ေက်ာ္မက ႐ွိတယ္လို႔ ဆိုၾကပါတယ္။ တခ်ိဳ႕ကေတာ့ အႏၲရာယ္မ႐ွိလွပဲ စိတ္ဒုကၡေပးရံုေလာက္ ေနရခက္ရံုေလာက္ျဖစ္ေပမဲ့ တခ်ိဳ႕ ကေတာ့ တကယ့္ကို ေသေလာက္ေအာင္ ကိုက္တယ္လို႔ ဆိုရမလို အသက္ထြက္မတတ္ ကိုက္တာေတြလည္း ႐ွိပါတယ္။

? ေခါင္းဘာေၾကာင့္ကိုက္တာလဲ ??

– အိပ္ေရးပ်က္ရင္

– ေမာပန္းႏြမ္းနယ္ရင္

– ေရဓာတ္နည္းရင္

– စိတ္ဖိစီးရင္

– ေဆးေတြေၾကာင့္

– မူးယစ္ေဆးေတြသံုးရင္

– တုပ္ေကြးျဖစ္ရင္

– ဆူညံသံေတြေၾကာင့္

– အေအးမိရင္

– ေခါင္းကိုခိုက္မိရင္

– အရမ္းေအးတာတစ္ခုခုကို အျမန္စားေသာက္မိရင္

– သြားျပႆနာေၾကာင့္

– ထိပ္ခပ္နာေၾကာင့္

စတာေတြေၾကာင့္ ကိုက္တတ္ပါတယ္။

? ႐ိုး႐ိုးကိုက္တာလား ေရာဂါတစ္ခုခုေၾကာင့္ကိုက္ေနတာလား ??

ဒီလို ေရာဂါတစ္ခုခုေၾကာင့္ ေခါင္းကိုက္ေနတာကို secondary headache လို႔ေခၚပါတယ္။ ဘာေၾကာင့္ကိုက္မွန္းမသိ ကိုက္ေနရင္ေတာ့ Primary headache စာရင္းထဲ ဝင္ပါမယ္။

? အႏၲရာယ္႐ွိတဲ့ secondary headache ေတြက ဘာေတြလဲ ??

– ဦးေႏွာက္အေျမႇးေရာင္ရင္

– ဦးေႏွာက္အတြင္းေသြးယိုရင္

– ဦးေႏွာက္အေျမႇးပါးေအာက္ ေသြးယိုရင္

– ဦးေႏွာက္အတြင္းက ေဖာင္းေနတဲ့ ေသြးေၾကာေတြ အလိုအေလ်ာက္ ေပါက္ကုန္ရင္

– ဦးေႏွာက္အႀကိတ္ျဖစ္ရင္

– မ်က္လံုးအတြင္း ေရတိမ္ေၾကာင့္ ဖိအားျမင့္လာရင္

– အစာအိမ္ေရာဂါျဖစ္ရင္

– အတက္ေရာဂါ

စတဲ့ ေရာဂါေတြက အသက္အႏၲရာယ္အထိ ႐ွိႏိုင္လို႔ သတိႀကီးႀကီးထားရပါမယ္။

? ဘယ္လိုေခါင္းကိုက္ရင္ သတိထားရမလဲ ??

– ကိုက္ေနက်ပမာဏထက္ သိသိသာသာ ဆိုးဆိုးဝါးဝါး ပိုကိုက္ရင္

– ကိုက္တဲ့ ပံုစံေျပာင္းသြားရင္

– လည္ပင္းေတာင့္တင္း နာက်င္ေနရင္

– အဖ်ားတက္လာရင္

– လႈပ္ေလ ကိုက္ေလ အေနအထားေျပာင္းေလ ပိုကိုက္ေလ ျဖစ္လာရင္

– ပ်ိဳ႕အန္လွ်င္..ေခါင္းမကိုက္ခင္ ရက္႐ွည္လမ်ား ႀကိဳၿပီး ပ်ိဳ႕အန္ေနရင္

– နားထင္ေဘး ေသြးေၾကာေတြပါနာေနရင္

– ေမး႐ိုးေတြ ေတာင့္တင္းလာရင္

– မ်က္လံုးအတြင္းက နာလာရင္

– တက္ၿပီးမွ ေခါင္းကိုက္က်န္ေနခဲ့ရင္

ဒီလိုဆိုရင္ေတာ့ ဆရာဝန္ျမန္ျမန္ျပဖို႔ လိုပါလိမ့္မယ္။

အားလံုးေရာဂါကင္းၾကပါေစ..

Dr ၿဖိဳးေဝလင္း
(7.6.19)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…