အား
ခေါင်း ကိုက်ကိုက်နေတာ ကြာပြီ
Psycho တောင် ဖောက်လာပြီ
ငါ brain ကင်ဆာ များလား???
တစ်ချိန်လုံးကို ကိုက်နေတာပါပဲလား
အကိုက်အခဲ ပျောက်ဆေးတွေလည်း သောက်လိုက်ရတာ သောက်သောက်လဲ
ကြာရင် အစာအိမ်ပါ ထိတော့မယ်
ဆရာဝန် သွားပြဦးမှပါပဲ

ဆရာ…

သြော်
လာ၊ ထိုင်လေ
ဘာဖြစ်လို့လဲ

ဆရာရယ်
ကျွန်တော် ခေါင်းတွေ ကိုက်နေတာ
တူတွေနဲ့ ထုနေကြသလိုပဲ
အရမ်း ကိုက်တယ်

ကိုက်တာလား၊ အုံတာလား

ကိုက်လည်းကိုက်တယ်၊ အုံလည်း အုံတယ် ဆရာ

ဘယ်နားက ကိုက်လဲ
တစ်ခေါင်းလုံးပါပဲ ဆရာရယ်

ဘယ်လောက်ကြာပြီလဲ
တစ်ပတ်လောက် ရှိပြီဆရာ

သြော်
ဘာတွေ ထပ်ဖြစ်သေးလဲ၊ ခေါင်းကိုက်ရင်

အန်ချင်လာတယ်၊ မျက်လုံးတွေ ဝါးလာတယ်
ဆရာရယ် လုပ်ပါဦး
ကျွန်တော် ကင်ဆာဖြစ်နေတာလားဟင်

ဟာဗျာ
ခင်ဗျား ခြေတွေလက်တွေ လေးသေးလား

မလေးဘူးဆရာ

ဝက်ခြံတွေ ပေါက်နေပါ့လား
ဝက်ခြံ ပျောက်ဆေးတွေရော သုံးသေးလား

ဟာ ဆရာ
ဒါအများကြီး သက်သာသွားတာ
သူငယ်ချင်း ပေးတဲ့ဆေးတွေ လိမ်းနေသောက်နေတာ ၂ပတ်ရှိနေပြီ
ကျွန်တော် ပျောက်ချင်လွန်းလို့ တစ်ဖုံတောင် ပိုသောက်လိုက်တယ်

ဟာ
ပြပါဦး
ဆေးပါလာလား

ဒီမှာပါ ဆရာ

သြော်
ဒါကြောင့် ခင်ဗျား ခေါင်းကိုက်နေတာ ဖြစ်နိုင်တယ်
ဝက်ခြံပျောက်ဆေးတွေကို ဆရာဝန်နဲ့ မတိုင်ပင်ပဲ လျှောက်မသောက်ရဘူး
ဦးနှောက်တွင်း Pressure တက်ပြီး ခေါင်းကိုက်နိုင်တယ်
ခင်ဗျား ဆေးဖြတ်ကြည့်လိုက်ပါ
နောက် ၃ရက်ကျ ပြန်လာပြပေါ့
လောလောဆယ် ခေါင်းကိုက်ပျောက်ဆေးလေးနဲ့ အာရုံကြောအားဆေးလေးပဲ သောက်
၃ရက်မှ မသက်သာရင် လိုအပ်တဲ့ ဆေးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေ လုပ်မယ်
ဟုတ်ပြီနော်

ဟုတ် ဆရာ

စိတ်ထဲမှာတော့ သိပ်မကျေနပ်လှပေမယမ့ ဝက်ခြံပျောက်ဆေးတော့ ဖြတ်လိုက်ပါတယ်။ ၃ရက်မှ မသက်သာရင် ဒီဆရာကို သွားမပြတော့ဘူး

၃ရက်ကြာပြိးနောက်…

ဟာ….
ဆရာရယ်
ကျွန်တော် ခေါင်းကိုက်တာ သက်သာသွားပြီ
အဆင်ပြေတယ် ဆရာ
ဝက်ခြံပျောက်ဆေးက မသောက်ရတော့ဘူးလားဟင်

ခုကတော့ ခင်ဗျား ခေါင်းကိုက်တာအတွက် အရင် စဉ်းစားပါ
ဝက်ခြံပျောက်ဆေးထဲက ခုလို မဖြစ်တာလေးတွေ ရှိပါတယ်
လိမ်းဆေးလေး အရင်လိမ်းပေါ့
နောက် အရှင်းပျောက်ရင် အရေပြားဆရာဝန်နဲ့ သွားပြနော်

ဟုတ်ကဲ့ ဆရာ

အောင်မလေးဗျာ
နောက်ဆို ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်ရဲတော့ပါဘူး
ဒေါက်တာယမင်း(ဆေး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *