All Articlesအခြားရောဂါများအထွေထွေရောဂါများ

ကိုယ်၀န်ဆောင်မိခင် ခေါင်းကိုက်လျှင်

1 Mins read

ကိုယ်ဝန်ဆောင်မိခင် ခေါင်းကိုက်လျှင်

လူတိုင်းခေါင်းကိုက်တတ်ပါတယ်။ သူ့အလိုလို ပြန်ပျောက်တတ်သလို မပျောက်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်လူတစ်ယောက် ခေါင်းကိုက်တာသိပ်အကြောင်းမဟုတ်ပေမဲ့ ဗိုက်ထဲမှာ အသက်သေးသေးလေးတစ်ခုကို ထိန်းသိမ်းပေးထားရတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက် ခေါင်းကိုက်ရင်တော့ ပြဿနာရှိပါပြီ။ ခေါင်းကိုက်စေမဲ့ အကြောင်းတွေ သိပ်များပေမဲ့ သက်သာပျောက်ကင်းစေမဲ့ ဆေးကတော့ ရှားပါတယ်။ ကလေးနဲ့ မတည့်တဲ့ဆေးတွေ များနေလို့ပါ။

?ကိုယ်ဝန်ဆောင်ချိန်ဘာလို့ ခေါင်းကိုက်လဲ ??

အဖြစ်များတဲ့ ခေါင်းကိုက်စေတဲ့ အကြောင်းတွေကတော့

– ဟော်မုန်းအပြောင်းအလဲများ ဖြစ်ခြင်း

– သွေးထုထည်ပမာဏ ပိုများလာခြင်း

– စိတ်ဖိစီးမှု ၊ ပင်ပန်းနွမ်းနယ်မှု၊ မျက်လုံးပြဿနာ

– နှာစေးလွယ်..နှာပိတ်လွယ်..ထိပ်ကပ်နာဖြစ်လွယ်ခြင်းနဲ့ ပိုဆိုးစေခြင်းတို့ကြောင့် ခေါင်းနှင့်မျက်ရိုးကိုက်ခြင်း

– သွေးတွင်း သကြားဓာတ်ကျဆင်းခြင်း

– ဗိုက်ဆာလွယ်ခြင်း

– အမြဲသောက်နေကျ ကော်ဖီ၊ လက်ဖက်ရည် မသောက်ရသည့်အတွက် ကဖင်းပြတ်တောက်မှုကြောင့် ခေါင်းကိုက်ခြင်း

– ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဖြစ်တတ်တဲ့ မူးခြင်း အန်ခြင်းကြောင့် ရေဓာတ်နည်းလာခြင်း

ဒါတွေကြောင့် ခေါင်းကိုက်တတ်သလို ကိုယ်ဝန်ဆိပ်တက်လို့ သွေးတိုးတဲ့အခါမျိုးမှာလည်း ခေါင်းကိုက်နိုင်တာ သတိထားဖို့ လိုပါတယ်။

Migraine ဆိုတဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပိုထကြွလာတတ်ပါတယ်။

?ခေါင်းကိုက်ရင် ဘာလုပ်မလဲ ခေါင်းမကိုက်အောင်ဘယ်လိုနေမလဲ ??

– အရေးအကြီးဆုံးအချက်က ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ဖို့ပါ။

ကလေးကို မထိခိုက်စေဖို့ သတိပြုပါ။

– တော်ရုံ ကိုက်ခဲတာဆိုရင်တော့ အစားမျှတအောင် စားပြီး အိပ်လိုက်ပါ။

– မနေနိုင်လောက်အောင် အရမ်းကိုက်နေရင်တော့ ဆရာဝန်ပြပါ။

– အချိန်မှန်အိပ် အချိန်မှန်စားပါ။

– ပင်ပန်းတဲ့ အလုပ်နဲ့ လှုပ်ရှားမှုတွေရှောင်ပါ။

– ရာသီဥတုကြောင့်လည်း ခေါင်းကိုက်တတ်လို့ နေပူမမိစေဖို့ အအေးမမိစေဖို့ မိုးရေမစိုစေဖို့ သတိပြုပါ။

– စိတ်ဖိစီးမှုလျှော့ချပါ။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(6.8.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…